လာအိုအိမ်ကွင်း အဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်ဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သု၀ဏ္ဏဘောလုံးကွင်း အတွင်းပြောင်းရွှေ့ယှဥ်ပြိုင်မည်

News Image

  • လာအိုအိမ်ကွင်း အဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်ဖြင့် ယှဉ်ပြိုင်မည့်ပွဲစဉ်ကို သု၀ဏ္ဏဘောလုံးကွင်း အတွင်းပြောင်းရွှေ့ယှဥ်ပြိုင်မည်

AFC Challenge League Play-Off ပွဲစဉ်အဖြစ် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် လာအိုကလပ် Ezra FC သည် အိမ်ကွင်းအဆင်မပြေမှုကြောင့် ရန်ကုန်ယူနိုက်တက်နှင့် ပွဲစဥ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း AFC သတင်းရင်းမြစ်များထံက ကနဦးသိရသည်။

အလားတူ လာအိုကလပ် Ezra FC သည် ရှမ်းယူနိုက်တက်အသင်းဖြင့် ကစားရမည့် Shopee Cup Play-Off အိမ်ကွင်းပွဲစဥ်ကိုလည်း ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၊ ချွန်ဘူရီကလပ်ပိုင်ကွင်းအား ပြောင်းရွှေ့ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်နှင့် Ezra FC တို့၏ AFC Challenge League Play- Off ပွဲစဉ်အား လာမည့်ဩဂုတ်လ ၁၂ရက်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ တစ်ကျော့စနစ်ဖြင့် ကစားရမည်ဖြစ်ကာ အနိုင်ရသည့်အသင်းမှာ အုပ်စုအဆင့်ကို တက်ရောက်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar