ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်းနိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့

News Image

  • ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည်ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ တိုက်ရိုက်ပါဝင်မှုမရှိဘဲ ခေတ်မီ တာဝေးပစ်လက်နက် များကို ယူကရိန်းတွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း၊ အဆိုပါလုပ်ရပ်သည် အန္တရာယ်ရှိကြောင်း၊ ရုရှားနိုင်ငံသည် စစ်ပွဲအခြေအနေကို ပိုမိုဆိုးရွားစေလိုခြင်းမရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန်ဆက်ဆံရေးကို လိုလားပြီး၊ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ခြင်းမပြုနိုင်သည့် အကြောင်းအရင်းကို ၎င်း အနေဖြင့်မတွေ့မြင်မိကြောင်း၊ ရုရှားသည် Oreshnik ဒုံးကျည်ကို စမ်းသပ်ပြီးနောက် ၎င်း၏ အကျိုးစီးပွားကို ကာကွယ်ရန် အားလုံးကို လုပ်ဆောင်မည်ဟု အနောက် နိုင်ငံများအား ထုတ်ဖော်ပြောကြားလိုကြောင်း၊ Oreshnik ဒုံးကျည်ကို ပစ်လွှတ်ပြီးနောက် အနောက်နိုင်ငံများ အနေဖြင့် လိုအပ်သော ကောက်ချက်ချမှုများ မပြုလုပ်ပါက ရုရှားနိုင်ငံသည် အနောက်နိုင်ငံများသို့ နောက်ထပ် Oreshnik ဒုံးကျည်ပစ်လွှတ်ခြင်းဖြင့် “သတင်းစကားများ” ပေးပို့ရန် အသင့်ရှိနေကြောင်း၊ ရုရှားနိုင်ငံသည် ယူကရိန်း လူမျိုးများကို ဖျက်ဆီးရန် မရည်ရွယ်ကြောင်း၊ ၎င်းတို့သည် ရုရှားလူမျိုးများအတွက် ညီအစ်ကိုမောင်နှမများ ဖြစ်ကြ ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အဆိုပါစစ်ပွဲကို မစတင် ခဲ့ကြောင်း၊ NATO မဟာမိတ်အဖွဲ့၏ ရုရှားနိုင်ငံ နယ်နိမိတ်ကို ချဉ်းကပ်မှုသည် ပြဿနာတစ်ခုကို ဖန်တီး လာနိုင်သည်ဟု သတိပေးခဲ့ကြောင်း၊ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် စစ်ဖြစ်ရန် မစဉ်းစားထားကြောင်း၊ ပါလက်စတိုင်းနိုင်ငံတွင် ကပ်ဘေးတစ်ခုသဖွယ် ဖြစ်ပွား နေစဉ် ယူကရိန်းနိုင်ငံတွင် ကြေကွဲစရာတစ်ခု ဖြစ်ပေါ် နေကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယား နိုင်ငံရှိ ကာ့ဒ်ခွဲထွက်ရေးသမားများကို ထောက်ပံ့နေကြောင်း၊ အနောက်နိုင်ငံများသည် ရုရှားဖက်ဒရေးရှင်း၏ “အနီရောင် မျဉ်းများ”သည် ပြောင်းလဲနိုင်သည်ဟု ယုံကြည်နေခြင်းဖြင့် ကြီးလေးသောအမှားတစ်ခု ပြုလုပ်နေကြကြောင်း၊ ရုရှား ဖက်ဒရေးရှင်း၏ ရပ်တည်ချက်ဖြစ်သည့် NATO မဟာမိတ် အဖွဲ့အား ရုရှားနိုင်ငံ၏ တံခါးဝတွင်မရှိစေခြင်းသည်တရားဝင်ဖြစ်ကြောင်း၊ ယူကရိန်းနှင့်ပတ်သက်သည့်သဘောတူညီချက်တစ်ခုအတွက် အနောက်အုပ်စုများသည်မြေပြင်မှဖြစ်ရပ်မှန်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ကန့်သတ်နျူကလီးယား တိုက်ခိုက်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရေးသမား များ၏ ဆွေးနွေးမှုသည် သဘာဝဘေးအန္တရာယ်အတွက် ဖိတ်ခေါ်မှု တစ်ခုဖြစ်နိုင်ကြောင်း၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်သည် သန်မာသူဖြစ်ပြီး စကားပြောဆိုရာတွင် အလွန်ဖော်ရွေသော်လည်း ၎င်းသည် ရုရှားလိုလားသူဟု မဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- www.mid.ru