လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံခဲ့ရသော ပြင်သစ်အစိုးရအဖွဲ့ ဒီဇင်ဘာ ၅ ရက်တွင် သမ္မတထံ နုတ်ထွက်လွှာတင်မည်

News Image

  • လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံခဲ့   ရသော ပြင်သစ်အစိုးရအဖွဲ့ ဒီဇင်ဘာ ၅ ရက်တွင် သမ္မတထံ နုတ်ထွက်လွှာတင်မည်

ပါလီမန်၌ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ဖြုတ်ချခံရပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယားသည် ၎င်း၏ အစိုးရအဖွဲ့နုတ်ထွက်လွှာကို သမ္မတ အမ်မန်နျူရယ်မက်ခရွတ်ထံသို့ ဒီဇင်ဘာ ၅    ရက်တွင် တင်သွင်းသွားမည်ဟု ပြင်သစ်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြင်သစ်လွှတ်တော်အမတ်များသည် သုံးလမျှသာ တာဝန်ထမ်းဆောင်ရသေးသော ဝန်ကြီးချုပ် မိုက်ကယ် ဘာနီးယား၏ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဒီဇင်ဘာ ၄ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။ 

ထို့အပြင် အစိုးရအဖွဲ့ဖြုတ်ချခံခဲ့ရပြီးနောက် ပြင်သစ်၏ သဘောထားတင်းမာသော လက်ဝဲသမားများက သမ္မတ အမ်မန်နျူရယ်မက်ခရွန် နုတ်ထွက်ရန်နှင့် သမ္မတ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပပေးရန် ဒီဇင်ဘာ ၄ ရက်တွင် တိုက်တွန်းခဲ့ကြသည်။

ကိုးကား-AFP