ရန်ကုန်တွင်နာရီပိုင်းသာခြား၍ ကားတိုက်မှု(၂)ကြိမ်ဖြစ် (၁၇)ဦးဒဏ်ရာရခဲ့
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ဗိုလ်တထောင်မြို့ နယ်တို့တွင် ဇူလိုင် ၁၆ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ ကားတိုက်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမပေါ်တွင် ည ၈ နာရီ ၁၀ မိနစ်ခန့်က ခရီးသည်တင် YBS ကားနှင့် Bongo ကားတို့တိုက်မိခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၁၆)ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။
ထို့ပြင် ည ၉ နာရီခွဲကျော်ခန့်ကလည်း ဗိုလ်တစ်ထောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ကမ်းနားလမ်းတွင်ကားတိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးညပ်နေသဖြင့် တာမွေမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များကကူညီကယ်ထုတ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ ဘိုကလေးလူမှုကူညီရေအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Popular Myanmar