အကျဉ်းထောင်များ လူကျပ်မှုပြဿနာကိုဖြေရှင်းရန် အကျဉ်းသား ၁၀၀၀၀ ကျော် အီတလီပြန်လွှတ်ပေးနိုင်

News Image

  • အကျဉ်းထောင်များ လူကျပ်မှုပြဿနာကိုဖြေရှင်းရန် အကျဉ်းသား ၁၀၀၀၀ ကျော် အီတလီပြန်လွှတ်ပေးနိုင်

ရောမ ဇူလိုင် ၁၆ 
အကျဉ်းထောင်များ၌ အကျဉ်းသားဦးရေ လွန်ကဲပြည့်ကျပ်မှု ပြဿနာကို ဖြေရှင်းရေးအတွက် လူပေါင်း ၁၀၀၀၀ကျော်ကို အကျဉ်း ထောင်များမှ ပြန်လွှတ်ပေးရန် အီတလီအစိုးရက စဉ်းစားနေကြောင်း ယနေ့သတင်းများတွင် ရေးသားဖော်ပြထားသည်။

အကျဉ်းထောင်များ၌ ထောင်သားများပြည့်ကျပ်မှုပြဿနာကို ဖြေရှင်းရေးအတွက် အကျဉ်းသား ၁ဝ၁ဝ၅ ဦးတို့ကို အကျဉ်းထောင်၌ ဆက်ထားမည့်အစား နေအိမ် အကျယ်ချုပ်ဖြင့် လည်းကောင်း၊ ခံဝန်ဖြင့်လည်းကောင်း ထောင်မှ လွှတ်ပေးရနိုင်ကြောင်း အီတလီ တရားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ အကျဉ်းသားများ ပြန်လွှတ်ပေးရေး အစီအစဉ်တွင် လက်ကျန်ပြစ်ဒဏ်ကာလ နှစ်နှစ် သောက်သာရှိတော့သူများ အကျဉ်း ထောင်အတွင်း စည်းကမ်းချိုးဖောက်မှုမရှိခဲ့သူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အကြမ်းဖက်ဝါဒ ပြစ်မှုကျူးလွန်သူများ၊ အဓမ္မ ပြုကျင့်မှုကျူးလွန်သူများ၊ လူကုန် ကူးမှုကျူးလွန်သူများနှင့် ပြန်ပေးဆွဲမှုကျူးလွန်သူများ ပါဝင်ခြင်းမရှိကြောင်း အီတလီတရားရေးရာ ပန်ကြီးဌာနသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
အီတလီနိုင်ငံတွင်းရှိ အကျဉ်းထောင်များသည် ဥရောပ၌ အကျဥ်းသားအရေအတွက်နှင့် ပေးနိုင်သည့်နေရာအမျိုးအစား အနည်းပါးဆုံး အကျဉ်းထောင်များထဲတွင် ပါဝင်သည်။

သို့ရာတွင်အကျဉ်းသားများကို လွတ်ရက်မစေ့မီပြန်လွှတ်ပေးရေး မှာ နိုင်ငံရေးအရ အကဲဆတ်သည် ဖြစ်ရာ နေ့ချင်းညချင်းဖြစ်လာနိုင်ခြေမရှိကြောင်းအီတလီတရားရေး ဝန်ကြီးဌာန တာဝန်ရှိသူများကပြော ကြားထားသည်။ 

Ref: Xinhua
Trs: KKO

YDNB Newspaper 

Photo- Politico.al