ဗလာဒီမာပူတင် နှစ်ချုပ်သတင်းစာရှင်းလင်းပွဲ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပမည်
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ တစ်နှစ်တာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲနှင့် အမေးအဖြေကဏ္ဍကို လာမည့် ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရသူ Dmitry Peskov က ပြောကြားလိုက်သည်။
ယခုပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲနှင့် အမေးအဖြေ ကဏ္ဍသည် တတိယအကြိမ်မြောက် ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ကိုဗစ်ကူးစက် ရောဂါကြောင့် နောက်နှစ်များတွင် ပြုလုပ်နိုင်ခြင်းမရှိဘဲ ၂၀၂၃ ခုနှစ်တွင်မှသာ စုပေါင်း၍ ဒုတိယအကြိမ် အဖြစ် ပြုလုပ်ခဲ့ပါသည်။
ယခုသတင်းစာရှင်းလင်းပွဲတွင် နယ်ပယ်ကဏ္ဍစုံမှ ရလဒ်များကို အကျဉ်းချုပ် ပြောကြားမည်ဖြစ်ပြီး "ဗလာဒီမာပူတင်နှင့် နှစ်ကုန်ပြန်လည်စုစည်းမှု" ဟု အမည်ပေးထားပါသည်။ ဗလာဒီမာပူတင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၈ ခုနှစ်မေလမှ ၂၀၁၂ ခုနှစ် မေလအတွင်းတွင် အမေးအဖြေကဏ္ဍအဖြစ် ရုရှားနိုင်ငံ သားများနှင့် တိုက်ရိုက်ဖုန်းပြောဆိုမှု လေးကြိမ်တိုင်တိုင် ပြုလုပ်ထုတ်လွှင့်ဖူးပါသည်။
ကိုးကား - TASS