ယူကရိန်းသမ္မတ ဇယ်လင်စကီး က ရုရှားနှင့် "တရားမျှတသော ငြိမ်းချမ်းရေး" ဟု ခေါ်သည့် တစ်ခုတည်းသော အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ်အကြောင်း ပြောကြား

News Image

  • ယူကရိန်းသမ္မတ ဇယ်လင်စကီး က ရုရှားနှင့် "တရား မျှတသော ငြိမ်းချမ်းရေး" ဟု ခေါ်သည့် တစ်ခုတည်းသော အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ်အကြောင်း ပြောကြား

ကရိန်းသမ္မတ ဇယ်လင်စကီး က ရုရှားနှင့် "တရား မျှတသော ငြိမ်းချမ်းရေး" ဟု ခေါ်သည့် တစ်ခုတည်းသော အလားအလာရှိသော ငြိမ်းချမ်းရေးသဘောတူစာချုပ် လမ်းကြောင်းသည် ယခင်ယူကရိန်းနယ်မြေများမှ ရုရှား တပ်ဖွဲ့များကို "လုံးဝဆုတ်ခွာခြင်း" နှင့် နိုင်ငံ၏ ၁၉၉၁ ခုနှစ် နယ်နိမိတ်မျဉ်း ပြန်လည်ထူထောင်ရေးတို့ ပါဝင် သည့် ၎င်း၏ အချက် ၁၀ ချက်ပါဝင်သော “ငြိမ်းချမ်းရေး ဖော်မြူလာ” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာပါက ရုရှား ထိန်းချုပ်ထားသော ယူကရိန်း နယ်မြေများကို ခေတ္တ ပြန်လည်ရယူခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေးကို သဘောတူနိုင်မည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ယူကရိန်းသမ္မတ ဇယ်လင်စကီး က ပြောကြားခဲ့ပါသည်။

ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းမှုများ စတင်ရန်အတွက်  ရုရှားနိုင်ငံ၏ တောင်းဆိုချက်များတွင် DPR၊ LPR၊ Kherson နှင့် Zaporozhye ဒေသများမှ ယူကရိန်း တပ်များဆုတ်ခွာရေး၊ ယူကရိန်း အာဏာပိုင်များသည် ယင်းဒေသများနှင့် ခရိုင်းမီးယားဒေသကို တောင်းဆိုမှုများ စွန့်လွှတ်ကာ ရုရှားဘာသာစကားပြောဆိုသည့်သူများ၏ အခွင့်အရေးကို အာမခံရေး၊ နေတိုးမဟာမိတ် အဖွဲ့ဝင် နိုင်ငံမပြုလုပ်ဘဲ ယူကရိန်း၏ ဘက်မလိုက်သော ကြားနေနိုင်ငံဖြစ်လာစေရေးတို့ ပါဝင်ကြောင်း သိရှိရ ပါသည်။

ကိုးကား - ဒေသတွင်းမီဒီယာ

Photo- themoscowtimes