ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

News Image

  • ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန်ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ်ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

ကိုးကား- Popular Myanmar