တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးကိုဖြုတ်ချရန် စွပ်စွဲပြစ်တင်ခြင်းအတွက် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ လုံလောက်သည့် မဲအရေအတွက်မရဘဲ အရေးနိမ့်သွားခြင်းကြောင့် ပထမအကြိမ်ကြိုးစားမှုသည် မအောင်မြင်
တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးကိုဖြုတ်ချရန် စွပ်စွဲပြစ်တင်ခြင်းအတွက် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ လုံလောက်သည့် မဲအရေအတွက်မရဘဲ အရေးနိမ့်သွားခြင်းကြောင့် ပထမအကြိမ်ကြိုးစားမှုသည် အောင်မြင်မှုမရှိ ဖြစ်သွားခဲ့ကြောင်း သိရှိရပါသည်။
သမ္မတ ယွန်ဆပ်ယိုးကိုဖြုတ်ချရန် အတိုက်အခံအမတ် ၁၉၂ ဦးနှင့် ယွန်ဆပ်ယိုး၏ အာဏာရ ပြည်သူ့အာဏာပါတီက အမတ်(၃)ဦးတို့က ထောက်ခံမဲပေးခဲ့ကြသဖြင့် စုစုပေါင်း ၁၉၅ မဲရရှိခဲ့သော်လည်း အဆိုပါ အရေအတွက်သည် စုစုပေါင်း အမတ်ဦးရေ၏ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ကြောင်း၊ ထို့အတွက် ယင်းကိစ္စအပေါ် မဲပေးဆုံးဖြတ်မှု အထမမြောက်ကြောင်း ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ကြေညာခဲ့ခြင်းဖြစ်ပြီး အတိုက်အခံပါတီ ခေါင်းဆောင်ကတော့ ယင်းကိစ္စကို လက်လျှော့ဦးမည်မဟုတ်ဘဲ မည်သည့်နည်းနှင့်မဆို သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှုအထမြောက်စေရန် လုပ်ဆောင်သွားမည်ဟု ပြောဆိုကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရှိရသည်။
ကိုးကား - ဒေသတွင်းမီဒီယာ
Photo- Britannica