ယူကရိန်းပဋိပက္ခကို အနိုင်ယူနိုင်ရန်အတွက် ရုရှားက နီးစပ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) အကြီးအကဲ ဆာဂေး နာရီရှကင်က ပြောကြား
ယူကရိန်းပဋိပက္ခကို အနိုင်ယူနိုင်ရန်အတွက် ရုရှားက နီးစပ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ထောက်လှမ်းရေးဌာန (SVR) အကြီးအကဲ ဆာဂေးနာရီရှကင်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းက ပြိုလဲလုနီးနီး ဖြစ်နေချိန်တွင် ၎င်း၏ ဗျူဟာမြောက် ပဏာမခြေလှမ်းကို ဆုပ်ကိုင် ထားပြီးဖြစ်ကြောင်း၊ လက်ရှိယူကရိန်းအစိုးရသည် ၎င်း၏ တရားဝင်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားပြီး ၎င်းတို့ နှင့်ဆွေးနွေးရန် မသင့်လျော်ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ရုရှားမဂ္ဂဇင်း Razvedchik (“Spy”) နှင့်အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေး ထောက်လှမ်းရေးဌာန (SVR) အကြီးအကဲ ဆာဂေးနာရီရှကင်က ယူကရိန်းပဋိပက္ခသည် အဓိကအားဖြင့် ယူကရိန်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ အနောက်အုပ်စု ကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်ပြီး ရုရှား၏ လွတ်လပ်မှုနှင့်အချုပ်အခြာအာဏာသည် အရေးကြီးကြောင်း၊ ရုရှားနိုင်ငံခြားရေး ထောက်လှမ်းရေးဌာန (SVR) အကြီးအကဲက စစ်မြေပြင်တွင် ရုရှား၏တိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း ဖော်ပြခဲ့ပါသည်။ “ရှေ့တန်း စစ်မျက်နှာတွင် အခြေအနေက ယူကရိန်းအတွက် မျက်နှာသာရမည်မဟုတ်ကြောင်း၊ နယ်ပယ်အားလုံးတွင်ရှိသည့်ဗျူဟာမြောက် လက်ဦးမှုများကို ရုရှားက ပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့၏ ပန်းတိုင်ကိုရောက်ရန် နီးစပ်နေပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်သည် ပြိုလဲလုနီးနီး ဖြစ်နေပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေး ဌာန(SVR)အကြီးအကဲ ဆာဂေးနာရီရှကင် က ပြောကြားခဲ့သည်။
ထောက်လှမ်းရေးဌာန (SVR) အကြီးအကဲ ဆာဂေး နာရီရှကင်၏အဆိုအရ ဗလာဒီမာဇယ်လန်စကီး၏ အစိုးရသည် ၎င်း၏တရားဝင်မှုကိုလုံးဝဆုံးရှုံးခဲ့ပြီး ရလဒ်အနေဖြင့် ၎င်း၏ညှိနှိုင်းနိုင်စွမ်းကို ပြောကြားခဲ့ပါသည်။ လက်ရှိစစ်အုပ်ချုပ်ရေးကိုကိုးကား၍ ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆိုခဲ့ပြီးနောက် ယူကရိန်းခေါင်းဆောင်၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့် မေလတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တည်ငြိမ်သောတိုးတက်မှုကို လုပ်ဆောင်လျက်ရှိကြောင်းဖော်ပြထားပါသည်။
ရုရှားက ယူကရိန်းပဋိပက္ခတွင် ၎င်း၏အဓိက ရည်မှန်းချက်များသည် ယူကရိန်း၏ ကြားနေရေး၊ စစ်မဲ့ရေး နှင့်ဖြိုခွင်းရေးတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Donetsk၊ Lugansk၊ Kherson နှင့် Zaporozhye ဒေသများ အပါအဝင် ရုရှားနယ်မြေအားလုံးမှ ယူကရိန်းထွက်ခွာပြီးသည်နှင့် ချက်ချင်းပင် အပစ်အခတ်ရပ်စဲကြောင်းကြေညာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန် အသင့်ရှိကြောင်းလည်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) အကြီးအကဲက အချက်ပြခဲ့ကြောင်းဖော်ပြထားသည်။
ကိုးကား - Reuters