နေတိုးအဖွဲ့ဝင် မဖြစ်က စစ်တပ်အင်အား ၁.၅ သန်းထိ တိုးချဲ့မည်ဟု ဇီလန်စကီး ပြောကြား
ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်မလာပါက ယူကရိန်းစစ်တပ်ကို ၁.၅ သန်းအထိ တိုးချဲ့ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် တွင် မြူးနစ်မြို့၌ ယူကရိန်းသမ္မတဇီလန်စကီးက သတင်းထောက်များ နှင့်တွေ့ဆုံချိန် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
လက်ရှိယူကရိန်းစစ်တပ်အင်အားမှာ ၎င်း၏ တစ်ဝက်ခန့်သာရှိကြောင်း ၊ ထိုသို့အင်အားတိုးချဲ့မည်ဆိုပါက ကုန်ကျစရိတ် ဒေါ်လာ ၆၀ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားထားပါသည်။
ယူကရိန်းအနေဖြင့် လက်ရှိအချိန်တွင် နေတိုးအဖွဲ့ဝင် ဖြစ်လာနိုင်စရာအကြောင်းမရှိကြောင်း၊ အဖွဲ့ဝင်ဖြစ်လာရန် နောက်ထပ် ၂၅ နှစ် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က အစောပိုင်းတွင် ပြောကြားထားပါသည်။
ကိုးကား- TASS
Photo: Apa.az
MM-News-Category