ဥရောပ၏ အဓိကခြိမ်းခြောက်မှုမှာ ဥရောပအတွင်းမှသာ ဖြစ်ကြောင်း အမေရိကန်-ဒုသမ္မတ သတိပေး

News Image

  • ဥရောပ၏ အဓိကခြိမ်းခြောက်မှုမှာ ဥရောပအတွင်းမှသာ ဖြစ်ကြောင်း အမေရိကန်-ဒုသမ္မတ သတိပေး

ဥရောပနိုင်ငံများ၏ အဓိကခြိမ်းခြောက်မှုမှာ တရုတ်နှင့် ရုရှားတို့ မဟုတ်ဘဲ ဥရောပနိုင်ငံများထဲမှသာ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြောင်း ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မြူးနစ်လုံခြုံရေး ညီလာခံတက်ရောက်နေသူ အမေရိကန်ဒုတိယသမ္မတ JD Vance က ဖေဖော်ဝါရီ ၁၄ ရက်တွင် သတိပေးပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ဥရောပလုံခြုံရေးအတွက် အလေးအနက်ထားပြီး ရုရှား-ယူကရိန်း စစ်ပွဲအတွက် သဘောတူညီချက် တစ်ခုရရှိအောင် လုပ်ဆောင်နိုင်မည်ကို ယုံကြည်နေကြောင်း၊ ဥရောပအနေဖြင့်လည်း မကြာမီတွင် မိမိလုံခြုံရေးအတွက် ကိုယ်တိုင် အားစိုက်သင့်ရန် အရေးကြီးကြောင်း Vance က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- Financial Times