တာတက်ပွဲ
တာတက်ပွဲ
တောင်ရိုး တိုင်းရင်းသားတွေရဲ့ ဒီပွဲတော်ကို အခုလိုကာလ တန်ခူး၊ ကဆုန်လများအတွင်း တောင်ရိုး တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ မြို့နယ် အလိုက် ရွာအလိုက်တွေမှာ ကျင်းပလေ့ရှိ ကြပါတယ်။ တစ်ခါတလေ တစ်နေ့တည်းမှာ သုံးလေးပွဲကျင်းပတာလည်းရှိတတ်ကြပါတယ်။ တာတက်ပွဲတွေကိုအလှည့်ကျ ကျင်းပမယ့်ရက်အလိုက် ရွာတွေမှာ စုပေါင်း ကျင်းပကြတယ်။ သင်္ကြန်အတက် နေ့အပြီး နောက်ရက်ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့ ကစပြီး ကဆုန်လကွယ်နေ့အထိတိုင်အောင် အလှည့်ကျကျင်းပလေ့ရှိပါတယ်။ ရှမ်းပြည်နယ်အတွင်း ကလော၊ အောင်ပန်း၊ ပင်းတယနဲ့ ပင်လောင်းမြို့နယ်တွေမှာ တောင်ရိုးတိုင်းရင်းသား တွေ အများဆုံးတွေ့ရှိရပြီး လူဦးရေ ငါးသိန်းကျော်ရှိတာမို့ တစ်ရွာပြီးတစ်ရွာ ပွဲတွေပြုလုပ်နေကြတာ ပျော်တပြုံးပြုံးနဲ့ မမောနိုင် မပန်းနိုင်အောင်ပါပဲ။
တာတက်ပွဲဆိုတာ ဓနု၊ တောင်ရိုး၊ ပအိုဝ်းလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ တာတက် ပွဲကိုတချို့ဒေသတွေမှာပွဲဝင်တယ်လို့လည်းခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပွဲဝင်ခံရတဲ့ ရွာကိုတခြားရွာမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူကြီး၊ လူငယ်မကျန်လာရောက်ကြပါတယ်။ လာတဲ့အခါရွာဘုန်းတော်ကြီးကျောင်းအတွက် လှူဖွယ်ပစ္စည်းတွေအစုံအလင်နဲ့ တပျော်တပါးလာရောက်ကြတာပါ။ အဲဒီထဲမှာ ဘုန်းတော်ကြီးကျောင်းအတွက် ရိုးရာမပျက်ဆွမ်းတော်အုပ်ပါသလို ကျေးရွာအလိုက် ကိုယ့်အစုအဖွဲ့နဲ့ကိုယ် အိုးစည်ဗုံမောင်းတွေ ကို တီးခတ်ဖျော်ဖြေရင်း တာဝင်ကြတယ်လို့ သိရပါတယ်။
တစ်နှစ်တာကာလပတ်လုံး လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်ကြတာမို့ အခုလိုပွဲတော်ကာလဟာ ဆွေမျိုးပေါင်းစုံ နဲ့ပြန်လည်တွေ့ဆုံကြရတဲ့ကာလလည်းဖြစ်ပါတယ်။တာတက်ပွဲကိုအကြောင်းပြုပြီး ဒီပွဲတော်ကာလမှာ တောင်ရိုး တိုင်းရင်းသားမောင်မယ်တို့ဟာ လူပျို အပျိုရှာကြတဲ့ ဓလေ့ရိုးရာလည်း ရှိကြပါတယ်။
တာတက်ပွဲ
ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲဝင်အဆင့်များ
ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲဝင်အဆင့်များ
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ်ပထမအကြိမ်ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် တစ်ဆင့်တည်း ကိုသာ ယှဉ်ပြိုင်ခဲ့၍ ဒုတိယအကြိမ်ပြိုင်ပွဲမှ စတုတ္ထအကြိမ်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ ၁၂ နှစ်အထက်၊ အခြေခံပညာ ၁၂ အောက်အဆင့်ဟူ၍ ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါသည်။ ပဉ္စမအကြိမ်ပြိုင်ပွဲမှ ၁၃ ကြိမ်မြောက်ပြိုင်ပွဲအထိ ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ(အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ်အတွင်း)အဆင့်သတ်မှတ်ခဲ့၍ ၂၀၁၆ ခုနှစ်၊ ၁၄ ကြိမ်မြောက် ပြိုင်ပွဲမှ ၂၂ ကြိမ်မြောက် ပြိုင်ပွဲအထိ ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ(အသက်၁၅နှစ်ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်၊ အခြေခံပညာ (အသက် ၅ နှစ်ပြည့်မှ ၁၀ နှစ် အတွင်း)အဆင့်များသတ်မှတ် ယှဉ်ပြိုင်ခဲ့ပါသည်။
ယှဉ်ပြိုင်ခွင့်ပြုခဲ့သည့် ဘာသာရပ်များ
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပသည့် ၁၉၉၃ ခုနှစ် ပထမအကြိမ်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၁ မျိုး၊ အကဘာသာရပ် ၁ မျိုး၊ အရေး ဘာသာရပ် (အမျိုးသား/ အမျိုးသမီး)နှင့် အတီးဘာသာရပ် ၅ မျိုးကိုသာ ယှဉ်ပြိုင်ခဲ့၍ နှစ်စဉ်ဘာသာရပ်များတိုးမြှင့်ယှဉ်ပြိုင်ခဲ့ရာ ၂၂ ကြိမ်မြောက်ပြိုင်ပွဲတွင် အဆိုဘာသာရပ် ၃ မျိုး၊ အကဘာသာရပ် ၇ မျိုး၊ အရေးဘာသာရပ် (အမျိုးသား/အမျိုးသမီး)နှင့် အတီးဘာသာရပ် ၁၃ မျိုးကို ယှဉ်ပြိုင်ခဲ့ပါသည်။
အမှတ်ပေးစနစ်
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အမှတ်ပေးစနစ်မှာ သာမန်အထက်ဟုယူဆပါက ၇ မှတ်မှ ၉ မှတ်၊ သာမန်ဟုယူဆပါက ၄ မှတ်မှ ၆ မှတ်ပေးရန် သတ်မှတ်ထားပါသည်။ ဘာသာရပ်တစ်ခုလျှင် အကဲဖြတ်ရမည့် အရည်အချင်း သတ်မှတ်ချက် ၅ ချက်စီ သတ်မှတ်၍ အရည်အချင်း သတ်မှတ်ချက်တစ်ခုလျှင် အများဆုံး ပေးမှတ် ၉ မှတ်ဖြင့် စုစုပေါင်းပေးမှတ် ၄၅ မှတ် သတ်မှတ်ပါသည်။
ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲဝင်အဆင့်များ
ဘုရားအမည်
ကျိုက်ထီးရိုးစေတီတော်
တိုင်းဒေသကြီး/ပြည်နယ်
မွန်ပြည်နယ်
Website Address
https://kyaikhteeyoepagoda.org/
တည်နေရာ
ကျိုက်ထိုမြို့အနီး၊ မွန်ပြည်နယ်
ဘုရားအမည်
ကျိုက်ထီးရိုးစေတီတော်
တိုင်းဒေသကြီး/ပြည်နယ်
မွန်ပြည်နယ်
Website Address
https://kyaikhteeyoepagoda.org/
တည်နေရာ
ကျိုက်ထိုမြို့အနီး၊ မွန်ပြည်နယ်
သမိုင်းအကြောင်းအရာ
မြတ်ဗုဒ္ဓသမိုင်းဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် ရသေ့ဦးခေါင်းနှင့်တူသော ကျောက်လုံးတော်ကြီးပေါ်တွင် စေတီတော်တည်ထားခဲ့ခြင်းဖြစ်သည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့ နယ်အတွင်းရှိ ပေါင်းလောင်းတောင်ထိပ် အမြင့်ပေ၃၆၁၅တွင် တည်ရှိပြီး၊ ကျိုက်ထိုမြို့မှ (၁၆) မိုင်အကွာတွင်တည်ရှိပါသည်။
စေတီတော်၏ ဉာဏ်တော်၂၂ပေ၅လက်မရှိပြီး၊ နှမ်းဖတ်ကျောက်အမျိုးအစား ကျောက်လုံးတော်ကြီးပေါ်တွင် တည်ရှိပါသည်။ ကျောက်လုံးတော်ကြီးနှင့် အောက်ခံကျောက်တိုင်ထိပ်တို့ ထိဆက်နေမှုသည် ၇.၆၅စတုရန်းပေသာ ရှိပါသည်။
မဟာသက္ကရာဇ်(၁၁၁)ခုနှစ်တွင် မြတ်စွာဘုရားသခင်သည် မဇ္ဇျိမဒေသ သုဝဏ္ဏဘူမိ (သထုံ) သို့ ကြွရောက်လာစဉ်ကဇွဲကပင်တောင်နေ သီဟရသေ့၊ဇင်းကျိုက်တောင်နေတိဿရသေ့တို့သည် မြတ်စွာဘုရားထံမှ ရရှိထားသည့် ဆံတော်(၂)ဆူကျစီရရှိထားသည့်အနက် သီဟရသေ့ကြီးသည် ဇွဲကပင်နှင့်ဇင်းကျိုက်တောင်တို့၌ စေတီတော်တစ်ဆူစီကို ဆံတော်တစ်ခုစီ ဌာပနာ၍ တည်ထားကိုး ကွယ်ခဲ့ကြသည်။ ကေလာသရသေ့ကြီး စုတေကွယ်လွန်ခဲ့သဖြင့် ရသေ့ကြီး၏ ဆံကျစ်အတွင်းရှိ ဆံတော်တစ်ဆူကို တိဿရသေ့ကြီးက သိမ်းဆည်း၍ ယခင်ဆံတော်(၂)ဆူနှင့်ပေါင်းလျက် ဆံတော်(၃)ဆူကို ၎င်း၏ဦးခေါင်းဆံကျစ်ကြားတွင် ထားရှိ ကိုးကွယ်ထားပါသည်။
ဘုရားအမည်
ကျိုက်ထီးရိုးစေတီတော်
တိုင်းဒေသကြီး/ပြည်နယ်
မွန်ပြည်နယ်
Website Address
https://kyaikhteeyoepagoda.org/
တည်နေရာ
ကျိုက်ထိုမြို့အနီး၊ မွန်ပြည်နယ်