မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထား သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေး ဦးတည်ချက် တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ
မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထား သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေး ဦးတည်ချက် တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်သည်။ ကိုယ်ကာယဖွံ့ဖြိုးရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေးနှင့် ဗဟုသုတပြည့်စုံရေး၊ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးဆိုင်ရာအသိအမြင်များ ကျယ်ပြန့်ရေးတို့ကို လူငယ်ဘဝတွင် ပြည့်စုံအောင် လေ့ကျင့် ဖြည့်ဆည်းပေးနိုင်သည်နှင့်အမျှ အနာဂတ်ကာလတွင် နိုင်ငံက အားကိုးအားထားပြုရမည့် စွမ်းအားစု များကို ရရှိနိုင်မည်ဖြစ်သည်။
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက်လည်း ပညာတတ်များစွာ လိုအပ်လျက်ရှိရာ ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက အမြဲမပြတ် တိုက်တွန်းအားပေးလျက်ရှိသည်။ နိုင်ငံအတွက် လိုအပ်သော တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ် များရရှိရန် ပညာရေးနှင့်ကျန်းမာရေးနယ်ပယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် လိုအပ်သကဲ့သို့ လူငယ်ထုအတွင်း ဗလငါးတန်ဖွံ့ဖြိုးရေးကိုလည်း ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ပြုလုပ်သွားရမည် လည်းဖြစ်သည်။ မြန်မာနိုင်ငံ၏လူဦးရေတွင် လူငယ်ဦးရေအချိုးအစားက မြင့်မားနေခြင်းကြောင့် ‘‘လူဦးရေဆုလာဘ်’’ ရရှိသည်ဟုဆိုရာတွင် အဆိုပါလူငယ်များအား နိုင်ငံအကျိုးပြုသည့် စွမ်းအားစု များဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ရန် လိုအပ်သလို နိုင်ငံတည်ဆောက်ရေးတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန်လည်း လိုအပ်သည်။ အဆိုပါလူဦးရေဆုလာဘ်ကို နှစ်ပေါင်းနှစ်ဆယ်အတွင်း အကျိုးရှိရှိ သုံးစွဲနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ ပညာတတ် ရုံမျှမက ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တမြင့်မားသော၊ ပေါင်းသင်းဆက်ဆံမှု ကျယ်ပြန့်သော၊ စီးပွားရေး ကျွမ်းကျင်သော လူငယ်များဖြစ်လာအောင် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ကြရပါမည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထား သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူသော လူမှုရေး ဦးတည်ချက် တစ်ရပ်လည်း ပါဝင်သည်။ နိုင်ငံတော်၏ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ
ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ချို့မှာ ၎င်းတို့၏ နေထိုင်မှုပုံစံ၊ ခေတ်ကာလနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းရာဇဝင်တို့အပေါ်မှီတည်၍ ဖြစ်ပေါ်လာသည်ဟုလေ့လာမှတ်သားရပြီး လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရိတ်သိမ်းထွက်ရှိလာသော ဆန်စပါးနှင့် ဥယာဉ်ခြံထွက် သီးနှံများကို ဦးဦးဖျားဖျားစားသုံးခြင်းမပြုမီ (သို့မဟုတ်) စားသုံးပြီးသည့်အခါ အသစ်ကိုအဟောင်းပြု၍ ကောက်သစ်စားပွဲ (မတူညီသည့်ဒေသအပေါ်မူတည်၍ )စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။ ကရင်အမျိုးသားများနေထိုင်ရာ နေရာဒေသတိုင်းတွင် စပါးလိပ်ပြာခေါ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိမ်ထောင
ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ချို့မှာ ၎င်းတို့၏ နေထိုင်မှုပုံစံ၊ ခေတ်ကာလနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းရာဇဝင်တို့အပေါ်မှီတည်၍ ဖြစ်ပေါ်လာသည်ဟုလေ့လာမှတ်သားရပြီး လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရိတ်သိမ်းထွက်ရှိလာသော ဆန်စပါးနှင့် ဥယာဉ်ခြံထွက် သီးနှံများကို ဦးဦးဖျားဖျားစားသုံးခြင်းမပြုမီ (သို့မဟုတ်) စားသုံးပြီးသည့်အခါ အသစ်ကိုအဟောင်းပြု၍ ကောက်သစ်စားပွဲ (မတူညီသည့်ဒေသအပေါ်မူတည်၍ )စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။ ကရင်အမျိုးသားများနေထိုင်ရာ နေရာဒေသတိုင်းတွင် စပါးလိပ်ပြာခေါ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိမ်ထောင်စု တစ်စုချင်းသော်လည်ကောင်း၊ မိသားစုဆွေမျိုးများစုပေါင်း၍သော်လည်ကောင်း၊ အစုအဖွဲ့အလိုက်သော်လည်ကောင်း ကျင်းပသည့်ဓလေ့ရှိသော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ ကြာအင်းပေါ်တော်မူတွင် သံလွင်မြစ်နှင့်ဒုံသမိမြစ်ကြားရှိ ကျေးရွာများစုပေါင်း၍ တစ်မူထူးစွာ စုပေါင်းကျင်းပလေ့ရှိပြီး သံလွင်အရှေ့ခြမ်းရှိ ကျေးရွာများနှင့် ဒုံသမိမြစ် အနောက်ဘက် သထုံမြို့နယ်ရှိကျေးရွာများမှလည်း အတူတကွလာရောက်စုရုံး၍ စပါးဂဋ္ဌုန် တောင်(ခေါ်)ဖူးဟွဲစပါးလှန်းတောင်တွင် စုပေါင်း၍ စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။
ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ချို့မှာ ၎င်းတို့၏ နေထိုင်မှုပုံစံ၊ ခေတ်ကာလနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်သမိုင်းကြောင်းရာဇဝင်တို့အပေါ်မှီတည်၍ ဖြစ်ပေါ်လာသည်ဟုလေ့လာမှတ်သားရပြီး လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြသော ကရင်တိုင်းရင်းသားလူမျိုးများသည် စိုက်ပျိုးရိတ်သိမ်းထွက်ရှိလာသော ဆန်စပါးနှင့် ဥယာဉ်ခြံထွက် သီးနှံများကို ဦးဦးဖျားဖျားစားသုံးခြင်းမပြုမီ (သို့မဟုတ်) စားသုံးပြီးသည့်အခါ အသစ်ကိုအဟောင်းပြု၍ ကောက်သစ်စားပွဲ (မတူညီသည့်ဒေသအပေါ်မူတည်၍ )စပါးလိပ်ပြာခေါ်ပွဲကို ကျင်းပလေ့ရှိကြသည်။ ကရင်အမျိုးသားများနေထိုင်ရာ နေရာဒေသတိုင်းတွင် စပါးလိပ်ပြာခေါ်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး အိမ်ထောင
မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ရောဂါများသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပါသည်။

(၃၂) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစား သမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/ နည်းပြ ၁၀၄ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသမြောက်မြားစွာရှိသည့်အနက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်နိုင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းခဲ့ရာမှ အောက်ပါ ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည် -

(က) ပျူမြို့ဟောင်း ၃ မြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) ။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ ကာတာနိုင်ငံ ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး { 38th Session of the World Heritage Committee(Doha 2014) } ၌ ပျူမြို့ဟောင်း (၃) မြို့အား ကမ္ဘာ့အမွေအနှစ်ကော်မတီက ၂၀၁၄ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် (38 COM 8B.28) ဖြင့် အတည်ပြု သတ်မှတ်ပေးခဲ့ပါသည်။
(ခ) ပုဂံဒေသ။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပသော (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေး၏ ဆုံးဖြတ်ချက် (43 COM 8B. 20) ဖြင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အတည်ပြုပေးခဲ့ပါသည်။
ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပြုစာတွဲ (အပြည့်အစုံ) အား ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ တင်ပြထားခဲ့ပါသည်။
ထို့အတူ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခံရမှုများမှ အောက်ပါ အတိုင်းဖြစ်ပါသည် -
(က) ကုသိုလ်တော်ကျောက်စာ ။ ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ရှိသော ကုသိုလ်တော် ကျောက်စာများအား ၂၀၁၃ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ပြုလုပ်သော (၁၁) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ခ) မြစေတီကျောက်စာ ။ ကျန်စစ်သားမင်းလက်ထက် အေဒီ ၁၁၁၃ ခုနှစ်တွင် ပျူ၊ မွန်၊ မြန်မာ၊ ပါဠိဘာသာစကား (၄) မျိုး၊ အက္ခရာ (၂) မျိုးဖြင့် ရေးထိုးခဲ့သော မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) အား ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ပြုလုပ်သော (၁၂) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ဂ) အလောင်းမင်းတရားကြီး သဝဏ်လွှာ။ အလောင်းမင်းတရားကြီးက အေဒီ ၁၇၅၆ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဗြိတိန် ဘုရင်ဂျော့-၂ (George II ) ထံသို့ ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်အတွက် ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးထိုး၍ ဆင်စွယ်ကြုတ်အတွင်း ထည့်သွင်းပေးပို့ခဲ့သည့် စာကြောင်းရေ (၁၀) ကြောင်းပါ သဝဏ်လွှာကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့၌ ပြုလုပ်သော (၁၂) ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
(ဃ) ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာ ။ ဘာသာ(၃)မျိုးဖြင့် ရေးထိုးထားသော ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် အစည်းအဝေးမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
အာရှ-ပစိဖိတ်ဒေသတွင်း မှတ်တမ်းအမွေအနှစ်အဖြစ် အာနန္ဒစန္ဒြကျောက်စာအား ၂၀၁၈ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ၊ ဂွမ်ဂျူးမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေး၌ သတ်မှတ်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ် နေရာဒေသမြောက်မြားစွာရှိသည့်အနက် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်နိုင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းခဲ့ရာမှ အောက်ပါ ဒေသများသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါသည် -
မြန်မာနိုင်ငံတွင် ပြောင်းလဲသင်ကြားပေးလျက်ရှိသည့် KG+12 ပညာရေးစနစ်သစ်သည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော IGCSE “A” Level နှင့် ကိုက်ညီမှုရှိပါသည်။