သင်ကြားရေးဝန်ထမ်းများသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ရာထူး တိုး/ပြောင်း လျှောက်ထားခွင့် ရရှိကြပြီး စာရေးဝန်ထမ်း/စီမံဝန်ထမ်းများ တစ်နှစ်လျှင် တစ်ကြိမ် ရာထူး တိုး/ပြောင်း လျှောက်ထားခွင့် မရရှိသည်မှာ အဘယ်ကြောင့် ဖြစ်ရသည်ကို သိရှိလိုပါသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲရေးဝန်ထမ်းများ၏ ရာထူးတိုး/ပြောင်းရွှေ့ကိစ္စရပ်များ အောက်ဖော်ပြပါ အတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်-

(က)    အဆင့်မြင့်ပညာဦးစီးဌာနတွင် စီမံခန့်ခွဲရေးဝန်ထမ်းများအတွက် ရာထူးတိုး/ ပြောင်းရွှေ့ ကိစ္စရပ်များအား     ဝန်ထမ်းလိုအပ်ချက်နှင့် လစ်လပ်ရာထူးနေရာ အပေါ် မူတည်၍ ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍     နှစ်စဉ် ပူးတွဲ ဖော်ပြပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

(ခ)    ဆရာအတတ်ပညာဦးစီးဌာနတွင် စီမံခန့်ခွဲရေးဝန်ထမ်းများအတွက် ရာထူး တိုး/ပြောင်းရွှေ့ကိစ္စရပ်များအား           တစ်နှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွက် ၆-၂-၂၀၂၅ ရက်နေ့တွင်  ရာထူးတိုး/ ပြောင်းရွှေ့လျှောက်လွှာခေါ်ယူထားပါကြောင်း၊

(ဂ)    အခြေခံပညာဦးစီးဌာနတွင် စာရေးဝန်ထမ်း/ စီမံဝန်ထမ်းများအား လက်ရှိရာထူးဖြင့် လက်ရှိကျောင်း/ရုံးတွင် တာဝန်ထမ်းဆောင်သည့် လုပ်သက် (၂) နှစ်၊ ဒေသစရိတ်ခံစားခွင့်ရှိသည့် (ဝေးလံခက်ခဲဒေသ)ဖြစ်ပါက လက်ရှိရာထူးဖြင့် လက်ရှိကျောင်း/ရုံးတွင် တာဝန်ထမ်းဆောင်သည့်လုပ်သက် (၁) နှစ် ပြည့်ပါက သင်ကြားရေး ဝန်ထမ်းများကဲ့သို့ ပညာသင်နှစ်အလိုက် ရာထူးတိုး/ပြောင်းရွှေ့ လျှောက်ထားခွင့်ရှိပါကြောင်း။

 

အဆင့်မြင့်ပညာဦးစီးဌာန

စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးများ အတိုး/ အပြောင်းနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ

စဉ်

ဆောင်ရွက်ခဲ့သည့်ခုနှစ်

လစာနှုန်း

ရာထူးတိုးမြှင့်ခဲ့သည့်

ဦးရေ

ပြောင်းရွှေ့

ခန့်ထားခဲ့သည့်

ဦးရေ

မှတ်ချက်

၂၀၂၁ ခုနှစ်၊ ဧပြီလ

၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀

၁၃

 

 

၂၀၂၁ ခုနှစ်၊ မေလ

၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀

၁၈၄

၂၈

 

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

 

၄၁

 

၂၀၂၁ ခုနှစ်၊ ဇွန်လ

၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀

၆၁၄

 

 

၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀

၅၆

 

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ

၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀

၁၆

 

 

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

 

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

၂၄

 

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ

၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀

၁၆

၁၉

 

၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဒီဇင်ဘာလ

၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀

၃၅

 

 

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ

၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀

၁၈

 

 

၂၀၂၂ ခုနှစ်၊ မတ်လ

၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀

၁၀

 

 

၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀

၁၀၉

၁၄

 

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

 

၁၄

 

၁၀

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ

၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀

၁၁

 

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

 

၂၀

 

၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀

၅၇

၁၁

 

၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀

၂၀

 

 

၁၁

၂၀၂၄ ခုနှစ်၊ ဧပြီလ

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

၂၀

 

 

၁၂

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ

၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀

၁၄

၁၂

 

၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀

၁၈

 

 

၃၀၈၀၀၀-၄၀၀၀-၃၂၈၀၀၀

၆၃

၃၄

 

၂၇၅၀၀၀-၄၀၀၀-၂၉၅၀၀၀

 

၁၄

 

၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀

၃၆

၁၀

 

၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀

၁၆

 

 

 

စုစုပေါင်း

၁၃၄၇

၂၃၅

 

မှတ်ချက်။           ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ လစာနှုန်းနှင့်အောက် ရာထူးများ၏ ရာထူးတိုးမြှင့်ခြင်းကိစ္စများကို နှစ်စဉ် ဇန်နဝါရီလတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ဌာနများအလိုက် ဆောင်ရွက်ပေးလျက် ရှိပါသည်။


ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားပေးထားခြင်း ဖြစ်ပါသည်။

Question

သင်ကြားရေးဝန်ထမ်းများသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ရာထူး တိုး/ပြောင်း လျှောက်ထားခွင့် ရရှိကြပြီး စာရေးဝန်ထမ်း/စီမံဝန်ထမ်းများ တစ်နှစ်လျှင် တစ်ကြိမ် ရာထူး တိုး/ပြောင်း လျှောက်ထားခွင့် မရရှိသည်မှာ အဘယ်ကြောင့် ဖြစ်ရသည်ကို သိရှိလိုပါသည်။