လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ ကျန်ရစ်သူအကျိုးခံစားခွင့်ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများ နှင့် လိုအပ်သည့် အထောက်အထား များကိုသိရှိလိုပါသည်။

အာမခံအလုပ်သမားသည်   လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးကြောင်းကို  ရုံးခွဲတာဝန်ခံ၊ စစ်ဆေးရေးမှူး၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူနှင့်လိုအပ်လျှင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့၏ အတည်ပြုချက်ရရှိပြီးပါက  ကျန်ရစ်သူမိသားစုသည်  အကျိုးခံစားခွင့်ရရှိနိုင်ရေးအတွက်  နည်း ၁၉၈ နှင့်အညီ  အောက်ပါအထောက်အထားများနှင့်တကွ တင်ပြရပါမည်-
(က)     အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစား ခွင့်တောင်းဆိုလွှာ၊
(ခ)     အလုပ်ရှင်၏ ထောက်ခံစာ၊
(ဂ)    သေဆုံးသူက မိမိ အား အမည်စာရင်း တင်သွင်းထားကြောင်း ဝန်ခံချက် (သို့မဟုတ်) မိမိသည် အဆိုပါ အကျိုးခံစားခွင့်ကို ရထိုက်သူဖြစ်ကြောင်း         အထောက်အထား ၊
(ဃ)    သေဆုံးသူ၏ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား ၊
(င)    လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးမိတ္တူ ၊
(စ)     လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ထုတ်ပေးထားသော အိမ်ထောင်စု စာရင်းမိတ္တူ။ 

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

Question

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ ကျန်ရစ်သူအကျိုးခံစားခွင့်ရရှိရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများ နှင့် လိုအပ်သည့် အထောက်အထား များကိုသိရှိလိုပါသည်။