ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်ဖွင့်ထားကြသည့် ကိုယ်ပိုင်ဆိုင်ဖွင့်ထားသူများ၊ ကိုယ်ပိုင် Taxi မောင်းသည့် ယာဉ်ပိုင်ရှင်တွေက လူမှုဖူလုံရေးကြေးသွင်းချင်ပါက သွင်းလို့ရပါသလား။ ရမယ်ဆိုပါ က ဘယ်လို ပေးသွင်းရမလဲ သိချင်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးကို ဘယ်လို ထည့်ဝင်ရမလဲသိချင်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူ မည်သူမဆို လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာကြောင်း ထောက်ခံစာနှင့်အတူ ဆန္ဒအလျောက်မှတ်ပုံတင်လို့ရပါတယ်။ မှတ်ပုံတင်ပြီဆိုပါက မိမိ၏ အဆိုပြုလစာအရ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်မှာ အလုပ်ရှင် ထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းနှင့် အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်း၊ စုစုပေါင်း ၄ ရာခိုင် နှုန်းကိုပေးသွင်းပြီး ဆေးကုသမှုခံယူခွင့်အပါအဝင် အဆိုပါအာမခံစနစ်မှ ကျန်အကျိုးခံစား ခွင့် (၁၂) မျိုးကို ခံစားခွင့်ရမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question