သိကောင်းစရာများ

“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
“င” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)     အသက် (၂၃)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂)       ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့)ဧည့်နိုင်ငံသား(သို့) နိုင်ငံသားပြုခွင့် ရသူများဖြစ်ရမည်။

(၃)       ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ”ယာဉ်မောင်း လိုင်စင် (၅)နှစ် (သို့မဟုတ်)“ဃ”ယာဉ်မောင်း လိုင်စင်      (၂)နှစ်(သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်း နှင့်“ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း စုစုပေါင်းတစ်       ဆက်တည်း(၅)နှစ်ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်များ ဖြစ်ရမည်။

(၄)       အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏“ခ”ယာဉ် မောင်းလိုင်စင်(သို့မဟုတ်) “ဃ” ယာဉ်မောင်းလိုင်စင်           ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင် ပြောင်းလဲရရှိပြီးမှ ရယူ           ရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ -  ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “ခ” (သို့) “ဃ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား          (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှ အများဆုံး (၃၀) ရက်အထိကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတစ်ဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန်၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

  • Online Appointment Application Form ပေါ်လာမည်။

အဆင့်(၂)

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့် လိုင်စင်အမျိုးအစား တစ်ခုကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန် တွင် လာ ရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခု ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိယာဉ် မောင်းလိုင်စင်အမှတ်ကို ရိုက်ထည့်ရန်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိ ယာဉ်မောင်းလိုင်စင် နောက်ဘက်တွင်ရှိသည့် ကတ်အမှတ်   ၏ ရှေ့ရှိ ရုံးသင်္ကတအလိုက် ရုံးအမည်ကို ရွေးချယ်ရန်။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့် (၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း         ပေါ်လာပါမည် ။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ ပြန်လည်ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။          OK ကို Click နှိပ်ပါ။

အဆင့် (၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ် ၊   အဖအမည်၊မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်းအမည် စာရင်း ရွေးချယ်        ရမည်။
  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျှင်ဖြည့်စွက်ရမည်။
  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • I’m not a Robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။ Verify လုပ်ပါ။
  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။ Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဆက်သွယ်ရမည့် လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(မြင်သာ၊ကညန)၊ သံသုမာလမ်း၊မြင်သာ၊ သင်္ဃန်းကျွန်းမြို့နယ်။ဖုန်း၊ ၀၁-၅၇၀၉၆၇

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

 

 

 

“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်း ရယူဆောင်ရွက်ခြင်း
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်း ရယူ ဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)  အသက် (၂၁)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။

(၃)  ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ခ” ယာဉ်မောင်း လိုင်စင် (၃) နှစ်ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။

(၄)   အခြား တိုင်းဒေသကြီး/   ပြည်နယ်/   ခရိုင်ရုံးများ၏    “ခ”ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိပြီးမှ ရယူရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “ခ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ၊

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ၊

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံ ရရှိသည့် mail အထောက် အထား         (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှ အများဆုံး (၃၀) ရက်အထိကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန်၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

အဆင့်(၂)

  • Online Appointment Application Form ပေါ်လာမည်။

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့် လိုင်စင်အမျိုးအစား တစ်ခုကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန် တွင် လာ ရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခု ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်* နေရာတွင် မိမိယာဉ် မောင်းလိုင်စင်အမှတ်ကို ရိုက်ထည့်ရန်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး နေရာတွင် မိမိ ယာဉ်မောင်းလိုင်စင် နောက်ဘက်တွင်ရှိသည့် ကတ်အမှတ်   ၏ ရှေ့ရှိ ရုံးသင်္ကတအလိုက် ရုံးအမည်ကို ရွေးချယ်ရန်။

အဆင့် (၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှု အောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း         ပေါ်လာပါမည် ။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ ပြန်လည်ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။          OK ကို Click နှိပ်ပါ။

အဆင့် (၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊နိုင်ငံသား စိစစ်ရေးကတ်အမှတ် ၊   အဖအမည်၊မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန် နေရာတွင် မိမိ တက်ရောက်ခဲ့သည့် သင်တန်းကျောင်းအမည် စာရင်း ရွေးချယ်        ရမည်။
  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက်ရမည်။
  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • I’m not a Robot ကို Click နှိပ်ပါ။ စေခိုင်း သည့်အတိုင်းလုပ်ဆောင်ပါ။ Verify လုပ်ပါ။
  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။
  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကိုClick နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။ Downlod ရရှိသည့် .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ် ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင် လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  .pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

 

“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
“ခ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ယာဉ်မောင်းလိုင်စင်လျှောက်ထားသူသည် -

(၁)     အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။

(၂)      ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။

(၃)      ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “သ” ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က” ယာဉ်မောင်း လိုင်စင်    သက်တမ်း (၃) လ ပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။

(၄)      အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ “သ”   ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က”ယာဉ်မောင်း  လိုင်စင်ရရှိထားသူဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင် ပြောင်းလဲ  ရရှိပြီးမှ ရယူရမည်။

(၅)       ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်   ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

(၆)       အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်း သင်တန်းကျောင်းများမှ သင်တန်းဆင်း လက်မှတ်        ရရှိထားသူဖြစ်လျှင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Bookingဌာနတွင် ရုံးချိန်အတွင်း         လူကိုယ်တိုင်လာရောက် ရက်ချိန်းရယူရမည်။

ဝန်ဆောင်ခ

ရေးဖြေတစ်ကြိမ်စစ်ဆေးခ - ၅၀၀ ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

  • “သ” ယာဉ်မောင်းလိုင်စင် မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့်မိတ္တူ

  • ယာဉ်မောင်းသင်တန်းကျောင်းတက်ရောက်ပြီးသည့် သင်တန်း ဆင်းလက်မှတ် မူရင်းနှင့်မိတ္တူ

  • QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား          (Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။

လျှောက်ထားရန် အဆင့်များ

အနည်းဆုံး (၃) ရက်မှအများဆုံး (၃၀) ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။

အဆင့်(၁)

  • Google Chrome Browser မှတစ်ဆင့်  https://www.rtad.gov.mm/ website ကိုဝင်ပါ။

  • ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုရက်ချိန်း ရယူရန် ၏ လျှောက်ထားသူရန် နေရာကို Click နှိပ်ပါ။

အဆင့် (၂)

  • Online Appointment Application Form ပေါ်လာမည်။

  • လာရောက်ဖြေဆိုမည့်ရုံး နေရာတွင် တိုင်းဒေသကြီးရုံး(ရန်ကုန်)မြင်သာ ကို ရွေးချယ်ပါ။

  • လိုင်စင်အမျိုးအစားရွေးချယ်ရန် နေရာတွင် ဖြေဆိုရယူလိုသည့်လိုင်စင်အမျိုးအစားတစ်ခု ကိုရွေးချယ်ပါ။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၃)

  • မိမိရေးဖြေ ဖြေဆိုမည့်နေ့ရက်၊ လ ကို ရွေး ချယ်ပါ။

  • လာရောက်မည့်အချိန်ရွေးချယ်ရန်တွင် လာရောက်ဖြေဆိုနိုင်မည့် အချိန်တစ်ခုခုကို ရွေးချယ်ပါ။

အဆင့်(၄)

  • လက်ရှိလိုင်စင်အမှတ်နေရာတွင် မိမိ သင်မောင်းလိုင်စင်အမှတ်ကို အင်္ဂလိပ်လို ဖြည့်စွက်ရန်။

  • ဥပမာ- “သ/၁၂၃/၁၇” လိုင်စင်အမှတ်ဆိုလျှင်“T/00123/17” ဟုဖြည့်စွက်ရမည်။

  • လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံးနေရာတွင် မိမိသင်မောင်းလိုင်စင်တွင်ရှိသည့် ရုံးအမည်ကို ရွေးချယ်ရန်။

  • စစ်ဆေးရန် နေရာကို Click နှိပ်ပါ။

အဆင့်(၅)

  • စစ်ဆေးမှုမှန်ကန်လျှင် စစ်ဆေးမှုအောင်မြင်ပါသည်။ အချက်အလက်များစိစစ်၍ လျှောက်ထားပါ စာတမ်း ပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။

  • စစ်ဆေးမှုမမှန်ကန်လျှင် မှားယွင်းနေပါသည်။ သေချာစိစစ်၍ပြန်လည် ရွေးချယ်ပါ စာတမ်းပေါ်လာပါမည်။ OK ကို Click နှိပ်ပါ။

အဆင့်(၆)

  • လျှောက်ထားသူအချက်အလက်များ Box ပေါ်တွင် လျှောက်ထားသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဖအမည်၊မွေးသက္ကရာဇ် နှင့် နေရပ်လိပ်စာများပေါ်လာမည်။

အဆင့်(၇)

  • သင်တန်းကျောင်းရွေးချယ်ရန်နေရာတွင် မိမိတက်ရောက်ခဲ့သည့် သင်တန်းကျောင်း အမည်စာရင်းရွေးချယ် ရမည်။

  • အီးမေးလ်လိပ်စာ နေရာတွင် ရှိလျင်ဖြည့်စွက်ရမည်။

  • ဆက်သွယ်ရန်ဖုန်းနံပါတ် နေရာတွင် မိမိ ဖုန်းနံပါတ် ဖြည့်စွက်ပြီး လျှောက်ထားရန် နေရာကို Click နှိပ်ပါ။

  • I’m not a robot ကို Click နှိပ်ပါ။ စေခိုင်းသည့်အတိုင်းလုပ်ဆောင်ပါ။ Verifyလုပ်ပါ။

  • လျှောက်ထားရန် နေရာကို Click နှိပ်ပါ။

  • ရက်ချိန်းရယူမှုအောင်မြင်ပါသည် Box ပေါ် လာပါမည်။

Downlod Appointment Letter Here နေရာကို Click နှိပ်၍ Appointment Letter, Application Form Instruction ကို Downlod ဆွဲယူရမည်။

Downlod ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ်ယူ၍ လိုင်စင် ဖြေဆိုမည့်ရက်တွင် ယူဆောင်လာပါရန် (သို့မဟုတ်) Downlod ရရှိသည့်  pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Hand Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။

ဖြည့်စွက်ချက်

Online Booking အပြင်တိုင်းဒေသကြီးရုံး (ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်းရုံးချိန်အတွင်းရက်ချိန်း လာရောက် ရယူနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

 

ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

"ခ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-

  • အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်     သက်တမ်း (၃)လ ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  •  ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်)  ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်းသင်တန်းကျောင်းမှ တက်ရောက်ပြီးသည့် သင်တန်းဆင်း    လက်မှတ် ပါရှိရမည်။

 "ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး          သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင်           နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။

 "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။

  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ” ယာဉ်မောင်းလိုင်စင်သက်တမ်း (၂) နှစ် ပြည့်ပြီးသူ(သို့မဟုတ်)  တစ်ဆက်တည်း “ခ” ယာဉ်မောင်းလိုင်စင် (၅) နှစ် ပြည့်ပြီးသူ (သို့မဟုတ်) “ခ” ယာဉ်မောင်းလိုင်စင်    သက်တမ်းနှင့် “ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊           သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။

  • အခြားတိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်း     လိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ        ပြီးဖြစ်ရမည်။ 

ဝန်ဆောင်ခ

ယာဉ်မောင်းစစ်ဆေးခ

လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-

ယာဉ်ငှားရမ်းခ

  • "ခ"၊ "ဃ" တစ်ကြိမ်အတွက်      ၅၀၀ဝိ/-

  • "င" တစ်ကြိမ်အတွက်             ၁၀၀၀ဝိ/-    

  • Simulator တစ်ကြိမ်အတွက်    ၅၀၀ဝိ/-

Online Booking ရယူရန်အတွက် ဝန်ဆောင်ခမှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

"ခ"လိုင်စင်ဖြေဆိုသူများ

  • သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက် အထား      (phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"ဃ"လိုင်စင်ဖြေဆိုသူများ

  • "ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail           အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"င "လိုင်စင်ဖြေဆိုသူများ

  • "ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိသည့် mail           အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

လျှောက်ထားရန်အဆင့်များ

            အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -

          (က)   လာရောက်ဖြေဆိုမည့်ရုံးအမည်၊

          (ခ)     ရယူလိုသည့်လိုင်စင်အမျိုးအစား၊

          (ဂ)     လာရောက်ဖြေဆိုမည့်နေ့၊

          (ဃ)    လာရောက်ဖြေဆိုမည့်အချိန်၊

          (င)     လက်ရှိလိုင်စင်အမှတ်၊

          (စ)     လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

Online Booking ရယူရန်အတွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။         

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက

ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

https://www.rtad.gov.mm/

ဖြည့်စွက်ချက်

  • ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေဖြင့် အချိန်ကြာမြင့်စွာ      စောင့်ဆိုင်းရခြင်း၊

  • အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်းသွားစေရန်အတွက်  လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကို ပြောင်းလဲ ကျင့်သုံးခြင်း  ဖြစ်ပါသည်။

အောက်ဖော်ပြပါ link များတွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 

https://www.motc.gov.mm/my/all-services

https://www.rtad.gov.mm/

 

 

purchasing air ticket
လေယာဉ်လက်မှတ်ဝယ်ယူခြင်း

မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လက်မှတ်ဝယ်ယူသည့် နိုင်ငံသားများနှင့် ဧည့်သည်များ အဆင်ပြေစေရန်အတွက် လေယာဉ်လက်မှတ်များကို မိမိတို့ Website မှ MPU, Visa, Master စသည်ဖြင့် နိုင်ငံတကာတွင် အသုံးပြုနိုင်သော ကတ်အမျိုးမျိုးဖြင့် ဝယ်ယူနိုင်ရန် စီမံဆောင်ရွက်ထားပါသည်။ ထို့ပြင် လေယာဉ်အသစ်များဖြင့် လည်း ပြည်တွင်း ၂၈ မြို့နှင့် ပြည်ပ ၄ မြို့သို့ ပြေးဆွဲနေပြီး လမ်းကြောင်းအသစ်များကိုလည်း ထပ်မံတိုးချဲ့ပြေးဆွဲရန် ရှိပါသည်။

အကယ်၍ Website တွင် ဝယ်မည်ဆိုပါက ဝယ်မယ့်သူ၏ ဖုန်းနံပါတ်၊ အီးမေး နှင့် နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်နံပါတ်တို့ လိုအပ်ပါသည်။

လက်မှတ်ဝယ်ယူပုံ

၁. ပထမဦးဆုံးအနေဖြင့် Browser မှနေ၍  www.flymna.com သို့ ဝင်ရောက်ပြီး ထွက်ခွာမည့်မြို့နှင့်အချိန်၊ ဆိုက်ရောက်မည့်မြို့နှင့်အချိန်တို့ကို ရွေးချယ်ရန်လိုအပ်ပါသည်။

၂.  နောက်တစ်ဆင့်တွင် မိမိကြိုက်နှစ်သက်အဆင်ပြေရာ Class ကိုရွေးချယ်နိုင်ပါသည်။

၃. စုစုပေါင်းကုန်ကျစရိတ်ကို ဖော်ပြထားပြီး မြန်မာအမျိုးသားလေကြောင်း၏ Terms and Conditions များကို  သဘောတူပါက နောက်တစ်ဆင့်သို့ သွားနိုင်ပါသည်။

၄. ခရီးသည်၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးနှင့် နိုင်ငံသားမှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်       နံပါတ်တို့ကို ဖြည့်သွင်းရန် လိုအပ်ပါသည်။

၅. Booking အဆင့်သို့ရောက်ပြီး သတ်မှတ်ထားသော ကုန်ဆုံးချိန်မတိုင်မီ လက်မှတ်ထုတ်ခြင်းဖြင့် စီးနင်းလိုက်ပါနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ

ရန်ကုန်

မြန်မာအမျိုးသားလေကြောင်းရုံးချုပ်

အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်

ဖုန်းနံပါတ် - ၀၁ ၃၇၈၆၀၃၊ ၃၇၇၈၄၀

နေပြည်တော်

ရုံးအမှတ် ၅၊ ပို့ဆောင်ရေးဝန်ကြီးဌာန

ဖုန်းနံပါတ် - ၀၆၇ ၄၁၁၄၃၃

မန္တလေး

၈၁လမ်း၊ ၂၅နှင့် ၂၆လမ်းကြား၊ အောင်မြေသာစံရပ်

ဖုန်းနံပါတ်-၀၂၃၆၂၂၁
Website လိပ်စာ

www.flymna.com

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 

https://www.motc.gov.mm/my/all-services

 

motc
မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအားဒေသအမှတ်ဖြင့်မှတ်ပုံတင်ပေးခြင်း

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

(က)ကနဦးမှတ်ပုံတင်မည့်မော်တော်ဆိုင်ကယ်ပါရှိရမည်။
(ခ)ဆိုင်ကယ်ပိုင်ရှင်၏မှတ်ပုံတင်မူရင်း၊မိတ္တူ (၁) စောင်ပါရှိရမည်။
(ဂ)အမည်ပေါက်ဆောင်ရွက်မည့်ဆိုင်ကယ်ပိုင်ရှင်သည်အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ)အမည်ပေါက်ဆောင်ရွက်မည့်ဆိုင်ကယ်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ပါကမှတ်ပုံတင်မူရင်းဖြင့်စိစစ်၍ဦးစားပေးဆောင်ရွက်ပေးပါမည်။

ဝန်ဆောင်ခ

မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဒေသအမှတ်ဖြင့် မှတ်ပုံတင်ပေးရာတွင် နိုင်ငံအလိုက် ကောက်ခံမည့်ဒဏ်ကြေးနှုန်းထား

(ထိုင်း)

ဌာန၂၀၁၂ခုနှစ်ပုံစံအောက်၂၀၁၃-၂၀၁၄ပုံစံ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ   
(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု 
သတ်မှတ် ဒဏ်ငွေ၅၇၆၀၀၆၇၂၀၀၁၅၃၆၀၀၁၇၉၂၀၀၂၀၀၀၀၀၃၀၀၀၀၀
ကညန၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀
အာမခံ၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀
ဘဏ်၅၀၀၅၀၀
၅၀၀
၅၀၀၅၀၀၅၀၀၅၀၀
အခွန်စုစု ပေါင်း၉၃၂၅၀၁၀၂၈၅၀၁၈၉၂၅၀၂၁၄၈၅၀၂၃၅၆၅၀၃၃၅၆၅၀

(အိန္ဒိယ)

ဌာန၂၀၁၂ခုနှစ်ပုံစံအောက်၂၀၁၃-၂၀၁၄ပုံစံ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ   
(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု 
သတ်မှတ် ဒဏ်ငွေ၃၉၆၀၀၅၄၀၀၀၁၀၅၆၀၀၁၄၄၀၀၀၁၅၀၀၀၀၂၂၅၀၀၀
ကညန၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀
အာမခံ၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀
ဘဏ်၅၀၀၅၀၀၅၀၀၅၀၀၅၀၀၅၀၀
အခွန်စုစု ပေါင်း၇၅၂၅၀၈၉၆၅၀၁၄၁၂၅၀၁၇၉၆၅၀၁၈၅၆၅၀၂၆၀၆၅၀

(ဗီယက်နမ်)

ဌာန၂၀၁၂ခုနှစ်ပုံစံအောက်၂၀၁၃-၂၀၁၄ပုံစံ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ   
(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု 
သတ်မှတ် ဒဏ်ငွေ၃၇၂၀၀၆၀၇၅၀၉၉၂၀၀၁၆၁၉၂၀၁၇၃၆၀၀၂၅၀၀၀၀
ကညန၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀
အာမခံ၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀
ဘဏ်၅၀၀၅၀၀၅၀၀၅၀၀၅၀၀၅၀၀
အခွန်စုစု ပေါင်း၇၂၈၅၀၉၆၄၀၀၁၃၄၈၅၀၁၉၇၅၇၀၂၀၉၂၅၀၂၈၅၆၅၀

(အိန္ဒိယ)

ဌာန၂၀၁၂ခုနှစ်ပုံစံအောက်၂၀၁၃-၂၀၁၄ပုံစံ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ   
(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု(၁၁၀)စီစီနှင့်အောက်အုပ်စု(၁၁၀)စီစီအထက်အုပ်စု 
သတ်မှတ် ဒဏ်ငွေ၂၄၆၀၀၂၇၀၀၀၆၅၆၀၀၂၇၀၀၀၉၅၀၀၀၁၂၅၀၀၀
ကညန၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀၃၁၀၀၀
အာမခံ၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀၄၁၅၀
ဘဏ်၅၀၀၅၀၀၅၀၀၅၀၀၅၀၀၅၀၀
အခွန်စုစု ပေါင်း၆၀၂၅၀၆၂၆၅၀၁၀၁၂၅၀၁၀၇၆၅၀၁၃၀၆၅၀၁၆၀၆၅၀

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

လုပ်ငန်းဆောင်ရွက်မည့်(၈:၃၀)နာရီတွင် ကနဦးမှတ်ပုံတင် ဆောင်ရွက်မည့်  ပိုင်ရှင်/လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်မှတ်ပုံတင်မူရင်း+မိတ္တူ (၁) စောင်နှင့်တကွ ဆိုင်ကယ် နှင့်အတူစနစ်တကျ တန်းစီထားရပါမည်။

အဆင့် ၂

ထိုသို့တန်းစီစောင့်ဆိုင်းနေသော ပိုင်ရှင်/လုပ်ငန်းဆောင်ရွက် သူများထံတွင် တာဝန်ရှိဝန်ထမ်းမှ အတန်းလိုက်ဆိုင်ကယ် (၁)စီးခြင်း မှတ်ပုံတင်မိတ္တူ(၁)စောင်စီ လိုက်လံသိမ်းဆည်း ၍ပုံစံဖြည့်စွက်ပြီး ဆိုင်ကယ်နံပါတ်သတ်မှတ်ပါမည်။

အဆင့် ၃

ဆိုင်ကယ်နံပါတ်သတ်မှတ်ပြီးသော ဆိုင်ကယ်များအား စတင်၍ယာဉ်စစ်ဆေးပြီး၊ ဓါတ်ပုံမှတ်တမ်းရယူပါမည်။

အဆင့် ၄

ပြီးလျှင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံအင်ဂျင်နီယာမှ အတည်ပြုလက်မှတ်ရေးထိုး၍ အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ကျဝန်ထမ်းများမှ ဆိုင်ကယ်အမျိုးအစား၊ ခုနှစ်အလိုက်ပေးသွင်းရမည့် ဒဏ်ကြေးငွေသတ်မှတ်ပါမည်။

အဆင့် ၅

အကောက်ခွန်ဦးစီးဌာနမှ ပေးသွင်းရမည့်ဒဏ်ကြေးငွေသတ် မှတ်ပြီးပါကက.ည.နနှင့် အာမခံဌာနတို့တွင် ကျသင့်အခွန် အခငွေများအတွက် ငွေရပြေစာဖြတ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပြီးမှ ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့် ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်(အဝိုင်း)အား သတ်မှတ်ရက်ချိန်းအတိုင်း က.ည.န ရုံးတွင်ပြန်လည်ထုတ်ယူရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

ထားဝယ်

တိုင်းဒေသကြီးရုံး(ထားဝယ်)

လိပ်စာ     လေသာလမ်း၊ ဝဲကျွန်းရပ်၊ ထားဝယ်မြို့။

ဖုန်း          -၀၅၉၂၂၄၆၃

မြိတ်

ခရိုင်ရုံး     (မြိတ်)

လိပ်စာ     ဦးမြတ်လေးပန်းခြံလမ်း၊ ခရုတောရပ်၊ မြိတ်မြို့။

ဖုန်း          -၀၅၉၄၁၆၅၆

ကော့သောင်း

ခရိုင်ရုံး     (ကော့သောင်း)

လိပ်စာ     ရွှေမင်းဝံကွက်သစ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။

ဖုန်း          -၀၅၉၅၁၅၇၃

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

  • (ထားဝယ်)က.ည.န
  • (မြိတ်) က.ည.န
  •  (ကော့သောင်း)က.ည.န။

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.motc.gov.mm/my/all-services

  •  
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှလျှော့ပေါ့ခွင့်ရသူများ
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှလျှော့ပေါ့ခွင့်ရသူများ

လျှော့ပေါ့ခွင့်

 

၁။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန် ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏တစ်ဝက်အထိလျှော့ပေါ့ပေးနိုင်သည်။

(ခ)    လျှောက်ထားသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂ဝ ထက် မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏သုံးပုံတစ်ပုံအထိလျှော့ပေါ့ပေးနိုင်သည်။

(ဂ)   ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ

ရွှေ့ဆိုင်းခွင့်

၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သောပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့်တာဝန်မှ ယာယီ ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-

 

(က)    ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့်ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။

(ခ)    နိုင်ငံ့ဝန်ထမ်းများ။

(ဂ)    ပညာသင်ကြားနေသူများ။

(ဃ)    အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကိုပြုစုလုပ်ကျွေးနေသူများ။

(င)    မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကုသမှုခံယူနေသူများ။

(စ)    ထောင်ဒဏ်ကျခံနေသူများ။

 

၂။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ

 

(က) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသား ဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။

(ခ)    ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရ သေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ပယောဂ တစ်ခုခုကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူ ဖြစ်ခြင်း။

(ဂ)    ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။

(ဃ)    နိုင်ငံတော်၏လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။

(င)      ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှယာယီရွှေ့ဆိုင်းပေးရန်မဖြစ်မနေလိုအပ်နေသူဖြစ်ခြင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ

ကင်းလွတ်ခွင့်

၁။       ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရ မည်ဟု ပြဋ္ဌာန်းထားပါသည်-

(က)    သာသနာ့ဝန်ထမ်းများ။

(ခ)    အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင် သည်)။

 (ဂ)    ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။

(ဃ)    တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း               သတ်မှတ်ထားသူများ။

 (င)    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

၂။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ

(က)    ဉာဏ်အရည်အသွေးမမီခြင်းနှင့်အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန်မသင့်လျော်သူများ။

(ခ)    ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်)စိတ်ပေါ့သွပ်နေသည် ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။

(ဂ)    နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။

(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ) ။ 

မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒ အလျောက်ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။

(င)  အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။

(စ)    နိုင်ငံ့ဝန်ထမ်းတာ၀န်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်းလုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။

(ဆ)    တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ။

(ဇ)    ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ်ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။

နိုင်ငံခြားသားများနှင့် သက်ဆိုင်သော (သို့တည်းမဟုတ်) ပြည်တွင်းတွင် နေထိုင်မည့်သူတစ်ဦး အနေဖြင်‌့ သိရှိရမည့် ဥပဒေများ (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ)
နိုင်ငံခြားသားများနှင့် သက်ဆိုင်သော (သို့တည်းမဟုတ်) ပြည်တွင်းတွင် နေထိုင်မည့်သူတစ်ဦး အနေဖြင့် သိရှိရမည့် ဥပဒေများ (၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ)

ဥပဒေပုဒ်မ။    ၃(၁)    ကြီးကြပ်ရေးဝန်က ထုတ်ပေးသည့် သို့တည်းမဟုတ် ထိုသို့ ထုတ်ပေးရန် အာဏာရအရာရှိ တစ်ဦးဦးက ထုတ်ပေးသည့် ပြည်တွင်းဝင်ရောက် နေထိုင်ခွင့် လက်မှတ်မပါဘဲနှင့်  သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖြစ်စေ၊ နိုင်ငံတော်သမ္မတအစား ဖြစ်စေ၊ နည်းလမ်းတကျ ပြည်ဝင်ခွင့်ပြုထားသောခိုင်လုံသည့် နိုင်ငံကူးလက်မှတ်မပါဘဲနှင့် သော်လည်းကောင်း၊ မည်သည့် နိုင်ငံခြားသားမျှ ပြည်ထောင်စုနိုင်ငံတွင်းသို့ မဝင်စေရ။
ဥပဒေပုဒ်မ။    ၄(၂)    အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် သို့တည်းမဟုတ် ဗီဇာရသူအား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။ ထိုစည်းကမ်းချက်တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော်သမ္မတ က ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။
ဥပဒေပုဒ်မ။    ၁၃(၁)    ဤအက်ဥပဒေပါပြဌာန်းချက်များနှင့် ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်ဖြစ်စေ၊ ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် လက်မှတ်၊ သို့တည်းမဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့် ဖြစ်စေ၊ ဆန့်ကျင်လျက်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သူ သည်၊ သို့တည်းမဟုတ် ဝင်ရန်အားထုတ်သူသည်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ဝင်ရောက်ပြီးမှ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆန့်ကျင်လျက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေသူသည်၊ သို့တည်းမဟုတ် နေရန်အားထုတ်သူသည် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ) စီရင်ခြင်းခံရမည်။
ဥပဒေပုဒ်မ။    ၁၃(၂)    မည်သည့်သယ်ယူပို့ဆောင်သူမဆို ပြည်ထောင်စု မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသည့် တစ်ဦးတစ်ယောက်သောသူအား ထိုသို့ဝင်ရောက်ခွင့် မရ ကြောင်းသိလျက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ သွင်းဆောင် လာလျှင်ဖြစ်စေ၊ သွင်းဆောင်ရန် အားထုတ်လျှင်ဖြစ်စေ၊ ယင်းသို့ သွင်းဆောင်ခဲ့သော၊ သို့တည်းမဟုတ် သွင်းဆောင်ရန် အားထုတ်ခဲ့သော လူဦးရေအလိုက် လူတစ်ဦးအတွက် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖစ်စေ) စီရင်ခြင်းခံရမည်။
ဥပဒေပုဒ်မ။    ၁၃(၅)    မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းသို့ တရားဥပဒေနှင့် ဆန့်ကျင်၍ ဝင်ရောက်စေရန် ကူညီလျှင်ဖြစ်စေ၊ ကူညီရန်အားထုတ်လျှင်ဖြစ်စေ၊ နိုင်ငံခြားသားတစ်ဦးက ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေတစ်ခုခုကို ဆန့်ကျင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်ကို သိလျက်နှင့် ယင်းသို့ ဆက်လက်နေထိုင်စေရန်၊ တမင် သက်သက် ကူညီလျှင်ဖြစ်စေ၊ ကူညီရန်အားထုတ်လျှင်ဖြစ်စေ၊ (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ) စီရင်ခြင်း ခံရမည်။

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
http://www.mip.gov.mm/