
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
(က)ကနဦးမှတ်ပုံတင်မည့်မော်တော်ဆိုင်ကယ်ပါရှိရမည်။
(ခ)ဆိုင်ကယ်ပိုင်ရှင်၏မှတ်ပုံတင်မူရင်း၊မိတ္တူ (၁) စောင်ပါရှိရမည်။
(ဂ)အမည်ပေါက်ဆောင်ရွက်မည့်ဆိုင်ကယ်ပိုင်ရှင်သည်အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ)အမည်ပေါက်ဆောင်ရွက်မည့်ဆိုင်ကယ်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ပါကမှတ်ပုံတင်မူရင်းဖြင့်စိစစ်၍ဦးစားပေးဆောင်ရွက်ပေးပါမည်။
ဝန်ဆောင်ခ
မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဒေသအမှတ်ဖြင့် မှတ်ပုံတင်ပေးရာတွင် နိုင်ငံအလိုက် ကောက်ခံမည့်ဒဏ်ကြေးနှုန်းထား
(ထိုင်း)
ဌာန | ၂၀၁၂ခုနှစ်ပုံစံအောက် | ၂၀၁၃-၂၀၁၄ပုံစံ | ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ | |||
(၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | |
သတ်မှတ် ဒဏ်ငွေ | ၅၇၆၀၀ | ၆၇၂၀၀ | ၁၅၃၆၀၀ | ၁၇၉၂၀၀ | ၂၀၀၀၀၀ | ၃၀၀၀၀၀ |
ကညန | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ |
အာမခံ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ |
ဘဏ် | ၅၀၀ | ၅၀၀ ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ |
အခွန်စုစု ပေါင်း | ၉၃၂၅၀ | ၁၀၂၈၅၀ | ၁၈၉၂၅၀ | ၂၁၄၈၅၀ | ၂၃၅၆၅၀ | ၃၃၅၆၅၀ |
(အိန္ဒိယ)
ဌာန | ၂၀၁၂ခုနှစ်ပုံစံအောက် | ၂၀၁၃-၂၀၁၄ပုံစံ | ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ | |||
(၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | |
သတ်မှတ် ဒဏ်ငွေ | ၃၉၆၀၀ | ၅၄၀၀၀ | ၁၀၅၆၀၀ | ၁၄၄၀၀၀ | ၁၅၀၀၀၀ | ၂၂၅၀၀၀ |
ကညန | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ |
အာမခံ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ |
ဘဏ် | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ |
အခွန်စုစု ပေါင်း | ၇၅၂၅၀ | ၈၉၆၅၀ | ၁၄၁၂၅၀ | ၁၇၉၆၅၀ | ၁၈၅၆၅၀ | ၂၆၀၆၅၀ |
(ဗီယက်နမ်)
ဌာန | ၂၀၁၂ခုနှစ်ပုံစံအောက် | ၂၀၁၃-၂၀၁၄ပုံစံ | ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ | |||
(၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | |
သတ်မှတ် ဒဏ်ငွေ | ၃၇၂၀၀ | ၆၀၇၅၀ | ၉၉၂၀၀ | ၁၆၁၉၂၀ | ၁၇၃၆၀၀ | ၂၅၀၀၀၀ |
ကညန | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ |
အာမခံ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ |
ဘဏ် | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ |
အခွန်စုစု ပေါင်း | ၇၂၈၅၀ | ၉၆၄၀၀ | ၁၃၄၈၅၀ | ၁၉၇၅၇၀ | ၂၀၉၂၅၀ | ၂၈၅၆၅၀ |
(အိန္ဒိယ)
ဌာန | ၂၀၁၂ခုနှစ်ပုံစံအောက် | ၂၀၁၃-၂၀၁၄ပုံစံ | ၂၀၁၅-၂၀၁၆ခုနှစ်ပုံစံ | |||
(၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | (၁၁၀)စီစီနှင့်အောက်အုပ်စု | (၁၁၀)စီစီအထက်အုပ်စု | |
သတ်မှတ် ဒဏ်ငွေ | ၂၄၆၀၀ | ၂၇၀၀၀ | ၆၅၆၀၀ | ၂၇၀၀၀ | ၉၅၀၀၀ | ၁၂၅၀၀၀ |
ကညန | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ | ၃၁၀၀၀ |
အာမခံ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ | ၄၁၅၀ |
ဘဏ် | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ | ၅၀၀ |
အခွန်စုစု ပေါင်း | ၆၀၂၅၀ | ၆၂၆၅၀ | ၁၀၁၂၅၀ | ၁၀၇၆၅၀ | ၁၃၀၆၅၀ | ၁၆၀၆၅၀ |
လျှောက်ထားရန်အဆင့်များ
အဆင့် ၁
လုပ်ငန်းဆောင်ရွက်မည့်(၈:၃၀)နာရီတွင် ကနဦးမှတ်ပုံတင် ဆောင်ရွက်မည့် ပိုင်ရှင်/လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်မှတ်ပုံတင်မူရင်း+မိတ္တူ (၁) စောင်နှင့်တကွ ဆိုင်ကယ် နှင့်အတူစနစ်တကျ တန်းစီထားရပါမည်။
အဆင့် ၂
ထိုသို့တန်းစီစောင့်ဆိုင်းနေသော ပိုင်ရှင်/လုပ်ငန်းဆောင်ရွက် သူများထံတွင် တာဝန်ရှိဝန်ထမ်းမှ အတန်းလိုက်ဆိုင်ကယ် (၁)စီးခြင်း မှတ်ပုံတင်မိတ္တူ(၁)စောင်စီ လိုက်လံသိမ်းဆည်း ၍ပုံစံဖြည့်စွက်ပြီး ဆိုင်ကယ်နံပါတ်သတ်မှတ်ပါမည်။
အဆင့် ၃
ဆိုင်ကယ်နံပါတ်သတ်မှတ်ပြီးသော ဆိုင်ကယ်များအား စတင်၍ယာဉ်စစ်ဆေးပြီး၊ ဓါတ်ပုံမှတ်တမ်းရယူပါမည်။
အဆင့် ၄
ပြီးလျှင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံအင်ဂျင်နီယာမှ အတည်ပြုလက်မှတ်ရေးထိုး၍ အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ကျဝန်ထမ်းများမှ ဆိုင်ကယ်အမျိုးအစား၊ ခုနှစ်အလိုက်ပေးသွင်းရမည့် ဒဏ်ကြေးငွေသတ်မှတ်ပါမည်။
အဆင့် ၅
အကောက်ခွန်ဦးစီးဌာနမှ ပေးသွင်းရမည့်ဒဏ်ကြေးငွေသတ် မှတ်ပြီးပါကက.ည.နနှင့် အာမခံဌာနတို့တွင် ကျသင့်အခွန် အခငွေများအတွက် ငွေရပြေစာဖြတ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပြီးမှ ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့် ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်(အဝိုင်း)အား သတ်မှတ်ရက်ချိန်းအတိုင်း က.ည.န ရုံးတွင်ပြန်လည်ထုတ်ယူရပါမည်။
ဆက်သွယ်ရမည့်လိပ်စာ
ထားဝယ်
တိုင်းဒေသကြီးရုံး(ထားဝယ်)
လိပ်စာ လေသာလမ်း၊ ဝဲကျွန်းရပ်၊ ထားဝယ်မြို့။
ဖုန်း -၀၅၉၂၂၄၆၃
မြိတ်
ခရိုင်ရုံး (မြိတ်)
လိပ်စာ ဦးမြတ်လေးပန်းခြံလမ်း၊ ခရုတောရပ်၊ မြိတ်မြို့။
ဖုန်း -၀၅၉၄၁၆၅၆
ကော့သောင်း
ခရိုင်ရုံး (ကော့သောင်း)
လိပ်စာ ရွှေမင်းဝံကွက်သစ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်းမြို့။
ဖုန်း -၀၅၉၅၁၅၇၃
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
- (ထားဝယ်)က.ည.န
- (မြိတ်) က.ည.န
- (ကော့သောင်း)က.ည.န။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.motc.gov.mm/my/all-services

လျှော့ပေါ့ခွင့်
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန် ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင် ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏တစ်ဝက်အထိလျှော့ပေါ့ပေးနိုင်သည်။
(ခ) လျှောက်ထားသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂ဝ ထက် မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏သုံးပုံတစ်ပုံအထိလျှော့ပေါ့ပေးနိုင်သည်။
(ဂ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း များရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။

ရွှေ့ဆိုင်းခွင့်
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ၊ ၁၅(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သောပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့်တာဝန်မှ ယာယီ ရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့်ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေး ဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
(ခ) နိုင်ငံ့ဝန်ထမ်းများ။
(ဂ) ပညာသင်ကြားနေသူများ။
(ဃ) အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကိုပြုစုလုပ်ကျွေးနေသူများ။
(င) မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကုသမှုခံယူနေသူများ။
(စ) ထောင်ဒဏ်ကျခံနေသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ
(က) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသား ဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။
(ခ) ဆင့်ခေါ်ရေးအမိန့်စာလက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရ သေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ပယောဂ တစ်ခုခုကြောင့် ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူ ဖြစ်ခြင်း။
(ဂ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ ဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း။
(င) ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှယာယီရွှေ့ဆိုင်းပေးရန်မဖြစ်မနေလိုအပ်နေသူဖြစ်ခြင်း။

ကင်းလွတ်ခွင့်
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရ မည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) သာသနာ့ဝန်ထမ်းများ။
(ခ) အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင် သည်)။
(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။
(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။
(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ
(က) ဉာဏ်အရည်အသွေးမမီခြင်းနှင့်အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန်မသင့်လျော်သူများ။
(ခ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်)စိတ်ပေါ့သွပ်နေသည် ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ။
(ဂ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင် (သို့မဟုတ်) အတတ်ပညာရှင်များ။
(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ) ။
မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒ အလျောက်ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။
(င) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။
(စ) နိုင်ငံ့ဝန်ထမ်းတာ၀န်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်းလုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။
(ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ။
(ဇ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ်ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။

ဥပဒေပုဒ်မ။ ၃(၁) ကြီးကြပ်ရေးဝန်က ထုတ်ပေးသည့် သို့တည်းမဟုတ် ထိုသို့ ထုတ်ပေးရန် အာဏာရအရာရှိ တစ်ဦးဦးက ထုတ်ပေးသည့် ပြည်တွင်းဝင်ရောက် နေထိုင်ခွင့် လက်မှတ်မပါဘဲနှင့် သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖြစ်စေ၊ နိုင်ငံတော်သမ္မတအစား ဖြစ်စေ၊ နည်းလမ်းတကျ ပြည်ဝင်ခွင့်ပြုထားသောခိုင်လုံသည့် နိုင်ငံကူးလက်မှတ်မပါဘဲနှင့် သော်လည်းကောင်း၊ မည်သည့် နိုင်ငံခြားသားမျှ ပြည်ထောင်စုနိုင်ငံတွင်းသို့ မဝင်စေရ။
ဥပဒေပုဒ်မ။ ၄(၂) အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် သို့တည်းမဟုတ် ဗီဇာရသူအား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များဟု မှတ်ယူရမည်။ ထိုစည်းကမ်းချက်တစ်ခုခုကို ချိုးဖောက်လျှင် ထိုလက်မှတ်ရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော်သမ္မတ က ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်။
ဥပဒေပုဒ်မ။ ၁၃(၁) ဤအက်ဥပဒေပါပြဌာန်းချက်များနှင့် ဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်ဖြစ်စေ၊ ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် လက်မှတ်၊ သို့တည်းမဟုတ် ပြည်ဝင်ဗီဇာတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့် ဖြစ်စေ၊ ဆန့်ကျင်လျက်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သူ သည်၊ သို့တည်းမဟုတ် ဝင်ရန်အားထုတ်သူသည်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ဝင်ရောက်ပြီးမှ၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆန့်ကျင်လျက် ပြည်ထောင်စုမြန်မာနိုင်ငံတွင်နေသူသည်၊ သို့တည်းမဟုတ် နေရန်အားထုတ်သူသည် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ်(၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ) စီရင်ခြင်းခံရမည်။
ဥပဒေပုဒ်မ။ ၁၃(၂) မည်သည့်သယ်ယူပို့ဆောင်သူမဆို ပြည်ထောင်စု မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသည့် တစ်ဦးတစ်ယောက်သောသူအား ထိုသို့ဝင်ရောက်ခွင့် မရ ကြောင်းသိလျက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ သွင်းဆောင် လာလျှင်ဖြစ်စေ၊ သွင်းဆောင်ရန် အားထုတ်လျှင်ဖြစ်စေ၊ ယင်းသို့ သွင်းဆောင်ခဲ့သော၊ သို့တည်းမဟုတ် သွင်းဆောင်ရန် အားထုတ်ခဲ့သော လူဦးရေအလိုက် လူတစ်ဦးအတွက် (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ်၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖစ်စေ) စီရင်ခြင်းခံရမည်။
ဥပဒေပုဒ်မ။ ၁၃(၅) မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းသို့ တရားဥပဒေနှင့် ဆန့်ကျင်၍ ဝင်ရောက်စေရန် ကူညီလျှင်ဖြစ်စေ၊ ကူညီရန်အားထုတ်လျှင်ဖြစ်စေ၊ နိုင်ငံခြားသားတစ်ဦးက ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့တည်းမဟုတ် ဤအက်ဥပဒေအရ ပြုသည့် နည်းဥပဒေတစ်ခုခုကို ဆန့်ကျင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်ကို သိလျက်နှင့် ယင်းသို့ ဆက်လက်နေထိုင်စေရန်၊ တမင် သက်သက် ကူညီလျှင်ဖြစ်စေ၊ ကူညီရန်အားထုတ်လျှင်ဖြစ်စေ၊ (အနည်းဆုံး ထောင်ဒဏ် (၆) လ မှ အများဆုံး ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ) စီရင်ခြင်း ခံရမည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.mip.gov.mm/

အိမ်ထောင်စုအလိုက် ပြောင်း၀င်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ အိမ်ထောင်ဦးစီးကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စု၀င်များထဲမှ အသက် (၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
- ၀င်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
- ပြောင်း၀င်မည့် အိမ်ခန်း(သို့မဟုတ်)အိမ်အား ပိုင်ဆိုင်သည့်အထောက်အထား မူရင်း/မိတ္တူ ပါရှိရမည်။
- ပိုင်ဆိုင်သည့် အထောက်အထားမပြနိုင်ပါက လိပ်စာပါနေရာတွင် မည့်သည့်အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုအလိုက် ပြောင်းထွက်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီး သူ တစ်ဦး အား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- ပြောင်းထွက်မည့်သူများ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း/ မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုလူဦးရေ တိုးခြင်း
- ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- ကာယကံရှင်၏ လျှောက်လွှာပါရှိရမည်။နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
- လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်စုလူဦးရေ လျော့ခြင်း
- ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီး သည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ပါရှိရမည်။
မွေးဖွားသူ အမည်စာရင်းတိုးခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
- မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူပါရှိရမည်။
- မိဘနှစ်ပါး ၊ အိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက လူဦးရေတိုးမည့်မိဘ၏ အိမ်ထောင်စုလူဦးရေးစာရင်း အိမ်လက်ခံမူရင်း ၊ မိတ္တူနှင့် လူဦးရေစာရင်းတိုးရန် မလိုသည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။မွေးဖွားကြောင်း ပုံစံ-၁(က) (သို့မဟုတ်)မွေးစာရင်းလက်မှတ် မူရင်းနှင့် မိတ္တူပါရှိရမည်။
သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း
- အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- သေဆုံးကြောင်း ပုံစံထွေ-၁(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း ၊ မိတ္တူပါရှိရမည်။
- တိုင်ကြားသူနှင့် သေဆုံးသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း/မိတ္တူ ပါရှိရမည်။
- သေဆုံးသူသည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
သီးခြားအိမ်ထောင်စု ခွဲထွက်ခြင်း
- ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များ ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
- ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
- ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
- အိုးခွဲ ၊ အခန်းခွဲ ၊ ခေါင်ခွဲ ၊ စီးပွားခွဲ စသည့် ခွဲ (၄)ခွဲနှင့် ညီညွတ်ရမည်။
- အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
- လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.mip.gov.mm/

- ကာယကံရှင်၏ ၀န်ခံချက်နှင့် ကိုယ်တိုင် လာရောက်လျှောက်ထားရမည်။
- ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
- ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ်ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် ပါရှိသော ) ပုံစံထွေ-၄ ပါရှိရမည်။
- လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်စီ ပါရှိရမည်။
- မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်း/မိတ္တူ ပါရှိရမည်။
- ပျက်စီးပါက ပျက်စီးသည့် ကတ်ပြားမူရင်းနံပါတ် ပါရှိရမည်။
- (၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.mip.gov.mm/

- ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
- အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ(၁)စောင်ပါရှိရမည်။
- ကာယကံရှင် ယခင်ကိုင်ဆောင်ခဲ့သော အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းပါရှိရမည်။
- မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်း/မိတ္တူ ပါရှိရမည်။
- ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
- (၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.mip.gov.mm/

- အသက်(၁၀)နှစ်ပြည့် လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့်အတူ မိဘ(သို့မဟုတ်)အုပ်ထိန်းသူမှ လာရောက်ရမည်။
- အသက်(၁၈)နှစ် လျှောက်ထားခြင်းဖြစ် ပါကကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
- လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်ပါရှိရမည်။
- ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
- အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်းနှင့် မိတ္တူပါရှိ ရမည်။
- မိဘ(၂)ပါးကိုင်ဆောင်ထားသော အထောက်အထားလက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိ ရမည်။
- ကာယကံရှင်၏ သွေးစစ်လက်မှတ်မူရင်း ပါရှိရမည်။
- ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
http://www.mip.gov.mm/