သိကောင်းစရာများ

နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့် အချက်များ
နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့် အချက်များ
  • မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် တရားမ၀င် ပြင်ခြင်း ၊ ဖျက်ခြင်း ၊ ရေးသွင်းခြင်း မပြုလုပ်ရ။

  • မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ဓါတ်ပုံ ပျက်စီး/မထင်မရှားဖြစ်ပါက မိမိသဘောဖြင့် ဓါတ်ပုံ လဲလှယ်ခြင်း ၊ ကပ်ခြင်း မပြုလုပ်ရ။

  • မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား အခြားသူတစ်ဦးထံသို့ လွှဲပြောင်းကိုင်ဆောင်ခြင်း မပြု လုပ်ရ။

  • အခြားသူတစ်ဦးတစ်ယောက်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအား ကောက်ရ/တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ် လူ၀င်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ သွားရောက်အပ်နှံရမည်။

  • မိမိနေအိမ်မှ မြို့နယ်ကျော်ခရီးသွားလျှင် မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားအား တစ်ပါတည်း ယူဆောင်သွား ရမည်။

  • မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးလျှင် နီးစပ်ရာ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားပြီး မြို့နယ် လူ၀င်မူကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင် လျှောက်ထား ရမည်။

  • လူတစ်ဦးတစ်ယောက်တည်း နံပါတ်တစ်ခုထက်ပို၍ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားကိုင်ဆောင်ထားကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်။

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
http://www.mip.gov.mm/


 

မြေရှားသတ္တုသိုက်အများဆုံးပိုင်ဆိုင်သည့်နိုင်ငံများ
မြေရှားသတ္တုသိုက်အများဆုံးပိုင်ဆိုင်သည့်နိုင်ငံများ

ယနေ့ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် နည်းပညာဆိုင်ရာ တိုးတက်လာမှုကို အခြေခံသည့် စီးပွားရေးခေတ်သစ်တစ်ခုသို့   ဦးတည်လျက်ရှိရာ မြေရှားသတ္တုများ (rare earth) မှာ စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးတို့တွင် အဓိကထောက်ပံ့မှုနှင့် အခြေခံလိုအပ်ချက်များ၏ ပင်မ အထောက်အကူတစ်ခုဖြစ်လာပါသည်။ 

မြေရှားသတ္တုပိုင်ဆိုင်သည့်နိုင်ငံများကို ကြည့်ပါက အချို့နိုင်ငံများမှာ သတ္တုသိုက်ကြီးများ ပိုင်ဆိုင်ပြီး မြောက်မြားစွာ ထွက်ရှိသလို အချို့နိုင်ငံများမှာ ကြီးမားသော သတ္တုသိုက်များကို ပိုင်ဆိုင်ထားသော်လည်း ထုတ်လုပ်မှုမှာ နည်းပါးနေသည်ကို တွေ့ရပါသည်။ 

ဥပမာ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုသိုက် ဒုတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သော်လည်း ၂၀၂၄ ခုနှစ်က မက်ထရစ်တန် ၂၀ သာ ထွက်ရှိခဲ့သည်။ 

လက်ရှိကမ္ဘာပေါ်တွင် မြေရှားသတ္တုသိုက် အများဆုံးပိုင်ဆိုင်သည့် နိုင်ငံ (၈)နိုင်ငံကို ဖော်ပြပါသည်။ 

ပထမ-တရုတ်(မက်ထရစ်တန် ၄၄ သန်း)၊ 

ဒုတိယ-ဘရာဇီး (မက်ထရစ်တန် ၂၁ သန်း)၊ 

တတိယ-အိန္ဒိယ(မက်ထရစ်တန်  ၆.၉ သန်း)၊ 

စတုတ္တ-ဩစတြေးလျ (မက်ထရစ်တန် ၅.၇ သန်း)၊ 

ပဥ္စမ- ရုရှား (မက်ထရစ်တန် ၃.၈ သန်း)၊ 

ဆဋ္ဌမ- ဗီယက်နမ် (မက်ထရစ်တန် ၃.၅ သန်း)၊

 သတ္တမ- အမေရိကန် (မက်ထရစ်တန် ၁.၉ သန်း)၊ 

 အဋ္ဌမ - ဂရင်းလန်း (မက်ထရစ်တန် ၁.၅ သန်း) တို့ဖြစ်ပါသည်။

ကိုးကား - Investing New Network (INN)

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ရရှိရန် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါသည်။
လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ရရှိရန် ဆောင်ရွက်ရမည့်အချက်

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ရရှိနိုင်ရေးအတွက် အလုပ်သမားတစ်ဦးသည် အာမခံအလုပ်သမားမှတ်ပုံတင် ပုံစံ (၂)ပါ အချက်အလက် (၁၈)ချက်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး အချက်အလက်များ မှန်ကန်ကြောင်းကို အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လက်မှတ်ရေးထိုး၍ ဓါတ်ပုံ(၁)ပုံနှင့် သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ပေးအပ်ရပါမည်။ လူမှုဖူလုံရေးရုံးမှ အာမခံအလုပ်သမားမှတ်ပုံတင်ပုံစံပါ အချက်အလက်များအားစိစစ်၍ မှန်ကန်မှု ရှိလျှင် လူမှုဖူလုံရေးအာမခံနံပါတ်ပါဝင်သော လူမှုဖူလုံရေး အာမခံစိစစ်ရေးကတ်ပြားကို ထုတ်ပေးမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.mol.gov.mm/my/

အလုပ်အကိုင်ရှာဖွေရေး
အလုပ်အကိုင်ရှာဖွေသူများအနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ မည်သို့ဆောင်ရွက်ပေးပါသလဲ။

အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်ကတ်ပြား လာရောက်ပြုလုပ် ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အလုပ်အကိုင်ရှာဖွေသူများ အနေဖြင့် အလုပ်လိုအပ်သည့်အခါ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လူကိုယ်တိုင်လာရောက်၍ အလုပ်သမားမှတ်ပုံတင်ရမည်။ ဤကဲ့သို့ လူကိုယ်တိုင် လာရောက်မှတ်ပုံတင်ခြင်းဖြင့် မှတ်ပုံတင်သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအခြေ အနေကိုပြည့်စုံစွာရရှိနိုင်ပြီး၊ လျှောက်ထားရာရုံးတွင် ၎င်း၏  အရည်အချင်းနှင့် အ လုပ်အကိုင်ပေါ်ပေါက်လျက်ရှိပါက ချက်ချင်းပင်ဆက်သွယ်ပေးနိုင်ရန်ဖြစ်သည်။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးသို့ အလုပ်သမားမှတ်ပုံ     တင်ကတ်ပြား လာရောက်လျှောက်ထားပါက ကိုယ်ရေးအချက်အလက်အား စနစ်တကျမှတ်တမ်း တင်နိုင်ရန်အတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား(မူရင်း)၊ ပညာအရည်အချင်း အောင်လက်မှတ်(မူရင်း)နှင့် ကျွမ်းကျင်မှုလက်မှတ်(မူရင်း) အထောက်အထားများ ပြည့်စုံစွာတင်ပြပြီး အလုပ်သမားမှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)ကို ထုတ်ယူရမည်ဖြစ်ပါသည်။

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။

https://www.mol.gov.mm/my/