အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

News Image

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

DeepSeek မိတ်ဆက်မှုအပေါ် အမေရိကန်မည်သို့ သဘောထားသလဲ?

News Image

DeepSeek မိတ်ဆက်မှုအပေါ် အမေရိကန်မည်သို့ သဘောထားသလဲ?

တရုတ်နိုင်ငံထုတ် AI chatbot (DeepSeek) လူသုံးများလာမှုကြောင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်အတွင်းရေးမှူး Karoline က ကြေညာပြောကြားခဲ့ပါသည်။ 

လုံခြုံရေးနှင့်ကျင့်ဝတ်ကို ထိန်းသိမ်းကာကွယ်နိုင်သည့်အနေဖြင့် အမေရိကန်ရေတပ်က အဖွဲ့ဝင်များအား DeepSeek သုံးစွဲခြင်းမပြုရန် တားမြစ်ပြီးနောက် ယခု ကဲ့သို့ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

News Image

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက် သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

News Image

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေပညာရှိအဖြစ်ထင်ရှားသော စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) သည် ဇန်နဝါရီ ၂၈ ရက် သန်းခေါင် ၁၂ နာရီခွဲအချိန်တွင် ရုတ်တရက် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း မိသားစုဝင်များက ထုတ်ပြန်လိုက်ပါသည်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၏ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာစာပေနှင့်ပတ်သက်၍ စာအုပ်၊ ဆောင်းပါး ပေါင်းများစွာကိုရေးသားခဲ့သူဖြစ်ပါသည်။ ဆရာကြီး၏ စကားပြေ သဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်သည် ထင်ရှားသော စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရသည့် စာအုပ်အဖြစ် ထင်ရှားပါသည်။