ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

News Image

  • ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်

မြန်မာစာပေပညာရှိအဖြစ်ထင်ရှားသော စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) သည် ဇန်နဝါရီ ၂၈ ရက် သန်းခေါင် ၁၂ နာရီခွဲအချိန်တွင် ရုတ်တရက် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း မိသားစုဝင်များက ထုတ်ပြန်လိုက်ပါသည်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၏ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာစာပေနှင့်ပတ်သက်၍ စာအုပ်၊ ဆောင်းပါး ပေါင်းများစွာကိုရေးသားခဲ့သူဖြစ်ပါသည်။ ဆရာကြီး၏ စကားပြေ သဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်သည် ထင်ရှားသော စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရသည့် စာအုပ်အဖြစ် ထင်ရှားပါသည်။ 

၁၉၄၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ ကျုံတစ်နီးကျေးရွာမှာမွေးဖွားခဲ့ပြီးအမည်ရင်း ဦးခင်အေးဖြစ်ပါသည်။ ဆရာကြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်ပါသည်။   

ဆရာကြီးသည် အမျိုးသားစာပေဆု၊ စာပေဗိမာန် စာပေဆုများအပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူ ဘွဲ့ကိုချီးမြှင့်ခံထားရသူဖြစ်ပါသည်။ ထို့ပြင် ၂၀၁၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်လည်း ဖြစ်ပါသည်။

ကိုးကား-Facebook