ကမ္ဘာမြေကြီး၏ ထုထက် ၆ ဆ ပိုမိုကြီးမားသည့် HD 20794 d ဂြိုဟ်တွင် ရေတည်ရှိနိုင်ဟု သိပ္ပံပညာရှင်များပြောကြား
News Image

စကြဝဠာအပြင်ဘက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုဟ်တစ်လုံး၌ သက်ရှိများ နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်သည့် ရေတည်ရှိနိုင်သည့် အလားအလာရှိကြောင်း နိုင်ငံတကာ သုတေသီများက အတည်ပြုပြောကြားသည်။
အဆိုပါဂြိုဟ်ကို HD 20794 d ဟုအမည်ပေးထားပြီး ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ မိုက်ကယ်ကရစ်တီးနီးယားက ၂၀၂၂ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းဂြိုဟ်သည် ကမ္ဘာမြေကြီး၏ထုထက် ၆ဆ ပိုမိုကြီးမားလျက်ရှိသည်ဟု သိပ္ပံပညာရှင်များကပြောသည်။