အိန္ဒိယနိုင်ငံတောင်ပိုင်း ကူးစက်မြန် ဗိုင်းရပ်စ် HMPV ဖြစ်ပွားသူ နှစ်ဦးတွေ့ရှိ
News Image

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ဗိုင်းရပ်စ် Human Metapneumovirus (HMPV) ဖြစ်ပွားသူ နှစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ရောဂါဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦးမှာ သုံးလအရွယ်အမျိုးသမီးကလေးငယ်ဖြစ်ပြီး တစ်ဦးမှာ ရှစ်လအရွယ် အမျိုးသားကလေးငယ်ဖြစ်ကြောင်း၊ ကူးစက်မြန်ရောဂါဖြစ်ပွားသူနှစ်ဦးစလုံးကို ပြည်နယ်၏ မြို့တော်ဘန်ဂါလူရူမြို့ရှိ ဘတ်တစ်ဆေးရုံ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။