ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်း

News Image

  • ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကျဆင်းလာခဲ့ကြောင်း ယင်းနိုင်ငံစာရင်းအင်းဗျူရိုက နောက်ဆုံးထုတ်ပြန်သည့်  အချက်အလက်များ အရ သိရသည်။

နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည်၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၁ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ဒီဇင်ဘာလတွင်  ၁၀ ဒသမ ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာခြင်းသည် ဆောင်းသီးနှံများနှင့်အစားအသောက်မဟုတ်သည့်  ကုန်ပစ္စည်းများ၏ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အစားအသောက်မဟုတ်သည့် ကုန်ပစ္စည်းများအတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလတွင် ၉ ဒသမ ၃၉ ရာခိုင်နှုန်းရှိခဲ့ရာမှ  ဒီဇင်ဘာလတွင် ၉ ဒသမ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည်၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု အစောပိုင်းက ထုတ်ပြန်ထားသော်လည်း နောက်ပိုင်းတွင် ၆ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

Ref: OD, Xinhua

Source: Myawady Web Portal