ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

News Image

ပူတင်အနေဖြင့် ဂျာမနီအဓိပတိ Olaf Scholz နှင့် ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် လက်ရှိအချိန်တွင် ဂျာမနီအဓိပတိ Olaf Scholz နှင့်လည်းကောင်း၊ အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်နှင့် လည်းကောင်း တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။ 

“လောလောဆယ်မှာ ရုရှားခေါင်းဆောင်အနေဖြင့် သူတို့နဲ့တွေ့ဆုံဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု Peskov က သတင်းစာရှင်းလင်းပွဲမှာ ထိုကိစ္စနှင့်ပတ်သက်သည့် မေးမြန်းလာမှုအပေါ် ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်ပါသည်။ 

မြောက်ကိုရီးယား၏ ယခုနှစ် ပထမဆုံး တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ ပစ်လွှတ်

News Image

မြောက်ကိုရီးယား၏ ယခုနှစ် ပထမဆုံး တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ ပစ်လွှတ်

မြောက်ကိုရီးယားသည် ၅-၁-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ တာလတ်ပစ် ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားထားပါသည်။ 

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်မှာ နေ့လယ် ၁၂၁၁ အချိန်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုံးယမ်းရှိ တစ်နေရာမှ ပစ်လွှတ်လိုက်သည်ဟု ယူဆရပြီးဒုံးကျည်ပျံသန်းမှုအကွာအဝေးနှင့်အမြင့်ပေ အသေးစိတ်အချက်အလက်များကို မကြာခင် ထုတ်ပြန်သွားမည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ 

ဂရင်းလန်းက ဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန် လုပ်ဆောင်နေ

News Image

ဂရင်းလန်းက ဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန် လုပ်ဆောင်နေ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်စက်ဝိုင်းအနီးမှ တစ်နှစ်ပတ်လုံး ရေခဲနေသော ဂရင်းလန်းကျွန်းကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝယ်ယူမည်ဟု ဆိုနေသည့်အတွက် ကျွန်းအုပ်ချုပ်ရေးအဖွဲ့များက စိုးရိမ်တကြီးဖြစ်ကာ မိခင်နိုင်ငံဒိန်းမတ်ထံမှ လွတ်လပ်ရေး တောင်းဆိုရန်အတွက် စီစဉ်နေကြပါသည်။ 

သံတမန်ရေးရာနည်းလမ်းအရ ညှိနှိုင်းမရလျှင် စစ်အတွက် ပြင်ဆင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

သံတမန်ရေးရာနည်းလမ်းအရ ညှိနှိုင်းမရလျှင် စစ်အတွက် ပြင်ဆင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာစ်အာရာဂ်ချီက အစ္စရေးအနေဖြင့် အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ၎င်းအနေဖြင့် သံတမန်နည်းလမ်းဖြင့်ဆက်သွယ်ရန် ကြိုးစားခြင်းကို ရပ်ပြီး စစ်ပွဲကြီးများအတွက် ပြင်ဆင်ထားရန် CCTV နှင့်အင်တာဗျူးတွင် ပြောကြားသွား ပါသည်။