လူမှုဖူလုံရေး အာမခံထားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မီးဖွားမှုနှင့်ဆိုင်သည့်ခွင့်အား ကာလမည်မျှအထိ ခံစားခွင့်ရနိုင်ပါသနည်း။

အာမခံထားသူအမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ထားပါက မီးဖွားမှုနှင့်ဆိုင်သည့် ခွင့်အနေဖြင့် မီးမဖွားမီရက်သတ္တပတ် (၆)ပတ်နှင့်  မီးဖွားပြီးနောက် ရက်သတ္တပတ် (၈)ပတ် အထိခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားမှ ပြင်ပပုဂ္ဂလိကဆေးရုံ/ဆေးခန်းများတွင် ကုသခြင်းအတွက် လူမှုဖူလုံရေးအဖွဲ့မှ ပြန်လည်ပေးအမ်းပါသလား။

ဆရာဝန်မှသတ်မှတ်သည့် အရေးပေါ်အခြေအနေတွင်သာ ပုဂ္ဂလိကကုသမှုအတွက်  ဆေးဖိုးပြန်အမ်းခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၈) အရပြန်လည်ပေးအမ်းပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

အာမခံအလုပ်သမားမှ ဆေးဖိုးတောင်းခံရာတွင် လိုအပ်သည့်အချက်အလက် အထောက်အထားများကို ဖော်ပြပေးစေလိုပါတယ်။

ဆေးဖိုးတောင်းခံရာတွင် လိုအပ်သည့်အချက်အလက်အထောက်အထားများမှာ-   
(က)      အာမခံကဒ်ပြားမိတ္တူ
(ခ)       အလုပ်ရှင်ထောက်ခံချက်/ ကိုယ်တိုင်ရေးလျှောက်လွှာ
(ဂ)     ဆေးဝယ်ပြေစာမူရင်း
(ဃ)    ဆေးကုသမှုမှတ်တမ်းမိတ္တူ
(င)     တက်ရောက်ကုသခဲ့သည့် ပြည်သူ့ဆေးရုံမှ ဆရာဝန်၏ ထောက်ခံချက်(သို့) သက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းမှ တာဝန်ခံဆရာဝန်၏ ထောက်ခံချက်

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအဖွဲ့ Mobile Application နှင့် Website လွှင့်တင်ပေးထားတယ်လို့ သိရပါတယ်။ အဲ့တာနှင့်ပတ်သက်ပြီး ပြောပြပေးပါဦးရှင့်။

လူမှုဖူလုံရေးအဖွဲ့၏ ဝန်ဆောင်မှုလုပ်ငန်းများအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် e-Services ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် SSB Website နှင့် Mobile Application ကို လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် (SSB Information System) ကို မစတင်မီ Pilot App အဖြစ် အကောင်အထည်ဖော်ရန် ၂၀၂၀ ခုနှစ်မှစတင်၍ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာ SSB Website မှ Update သတင်းအချက်အလက်များကို https://ssb.gov.mm တွင်လည်ကောင်း၊ SSB Mobile App မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။