ဇလွန်မြို့နယ်တွင် ဒေသထွက် ပဲတီစီမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

ဇလွန်မြို့နယ်တွင် ဒေသထွက် ပဲတီစီမ်းများ အရောင်းအဝယ်ကောင်းမွန်နေ

ဇလွန်   ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ပဲတီစိမ်းများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဇလွန်မြို့နယ်မှ ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဇလွန်မြို့နယ်တွင် ဖေဖော်ဝါရီလဒုတိယပတ်မှစတင်ပြီး ယနေ့ထိ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းပြီး၊ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ပဲတီစိမ်းများ ဝယ်ယူမှုကောင်းလာခြင်းသည် ဒေသထွက် ပဲတီစိမ်းများကို ရန်ကုန်ဈေးကွက်ဘက်က ဝယ်ယူမှုကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန်က မကြာမီ ဖြေလျှော့ပေးဖွယ်ရှိ

News Image

ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန်က မကြာမီ ဖြေလျှော့ပေးဖွယ်ရှိ

အမေရိကန်အစိုးရသည်  ရုရှားနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို  မကြာမီ အနာဂတ်ကာလတွင် ဖြေလျှော့ပေးဖွယ်ရှိသည်ဟု  Financial Times သတင်းစာက ဖေဖော်ဝါရီလ ၂၅ရက် တွင် ဖော်ပြသည်။

လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက အပြီးသတ် တိုက်ဖျက်မည်

News Image

လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံက အပြီးသတ် တိုက်ဖျက်မည်

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကို ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ဖျက်နိုင်ရန် တရုတ်နိုင်ငံက စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံသည်  ဆိုးရွားသည့် လေထုညစ်ညမ်းခြင်းကို အဆုံးသတ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို အပြီးသတ်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယင်းသို့ကြိုးပမ်းရာတွင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး၊  ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ လေထု၏ အရည်အသွေးကို တိုးမြှင့်နိုင်ရေးနှင့်   ကြိုတင်သတိပေးစနစ်များ အသုံးပြုနိုင်ရေးတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။

AI နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသော ဒရုန်းတားဆီးရေးစနစ်ကို ရုရှားထုတ်လုပ်

News Image

AI နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသော ဒရုန်းတားဆီးရေးစနစ်ကို ရုရှားထုတ်လုပ်

ရုရှားနိုင်ငံသည်  ဉာဏ်ရည်တု (AI) နည်းပညာအပေါ် အခြေခံထားသည့်  ပထမဆုံးသောဒရုန်း တားဆီးရေးစနစ်ကို ထုတ်လုပ်လျက်ရှိပြီး ၎င်းစနစ်အား  ယခုဖေဖော်ဝါရီလ အကုန်ပိုင်းတွင်  စမ်းသပ်မည်ဖြစ်သည်။