အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အလုပ်သမားများ၏ အချိန်ပိုလုပ်ကိုင်ခွင့်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဆောင်ရွက်ပေးမှုအခြေအနေကို သိရှိလိုပါတယ်။

အလုပ်သမားများ ရက်သတ္တပတ်၊ အများပြည်သူ အလုပ်ပိတ်ရက်နှင့် အပတ်စဉ်အချိန်ပို နာရီများတွင် အချိန်ပိုလုပ်ကိုင်မှုနှင့်စပ်လျဉ်း၍ –
(က)    ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၇၃(၁)တွင် အလုပ်သမား တဦးတယောက်သည် အလုပ်ရုံတွင် ပုဒ်မ ၅၉နှင့် ၆၂ တွင် သတ်မှတ် ထားသည့် အချိန်ထက်ပို၍ လုပ်ရလျှင်ထိုသူသည် မိမိအချိန်ပို လုပ်ရသည့် နေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရစေရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားအနေဖြင့် ဆေးဖိုးပြန်လည်လျှောက်ထားရာတွင် အချိန်ကန့်သတ်ချက်ရှိပါသလား။

ရှိပါတယ်။ ယခင်ဆေးဖိုးပြန်အမ်းခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/ဆေး-၂၀၁၈) တွင် ရက်သတ္တပတ် (၁၂)ပတ်အတွင်း ပြန်လည်တင်ပြရန်ပါရှိသော်လည်း အာမခံအလုပ်သမား အကျိုးငှာ အဆိုပါ  ညွှန်ကြားချက်အား ရက်သတ္တ(၅၂) ပတ်အထိ ဖြေလျော့ထားသဖြင့် ရက်သတ္တ (၅၂) ပတ် အတွင်းဝယ်ယူထားသော ဆေးမှတ်တမ်းနှင့်ကိုက်ညီသည့် ဆေးဖိုး ကုန်ကျစရိတ်များကို ပြန်လည်တောင်းခံနိုင်ပါသည်။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/

 

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် ပုဂ္ဂလိကဆေးရုံသို့ သွားရောက်ပြသပါက ဆေးဖိုးပြန်လျှောက်လို့ ရပါသလား။

ရောဂါအခြေအနေမှာ အရေးပေါ်အခြေအနေဖြစ်ပါက ပြန်အမ်းပေးနိုင်ပါသည်။ သို့သော် ဆရာဝန်စမ်းသပ်ခ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးရုံအခန်းခများ၊ အာဟာရ ဖြည့်စွက်စာများ၊ ခွဲစိတ်ခန်းခများ၊ ဝန်ဆောင်ခများအား ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။

Source: https://www.mol.gov.mm

အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.mol.gov.mm/faq/