ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခို
ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။
လူသားအားလုံးအတွက် အဝတ်အထည်သည် အရေးကြီးသည်။ သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ် အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။ မြန်မာတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။
ထို့နောက် သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။
မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင် တွင်ကျယ်ခဲ့သည်။
ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။
ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည် စာမတတ်လျှင် အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင် ပေါ်ထွန်းခဲ့သည်။ ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။
“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်
“ ရွှေချည်ငွေချည် တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ
လက်ခတ်ကယ် ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေး” ဟူ၍
ဆရာဦးသော်ဇင်စီစဉ်ပြုစုသော ကျေးလက်တောရွာတေးကဗျာ စာအုပ်တွင် လေ့လာဖတ်ရှုရသည်။
အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်
“ဘုရားငုတ်တိုရောင်တော်လွှတ်မှ
ပုံတော်စင်ဝတ် ကြပါစို့ မောင်ကြီးရေတော့
အောက်ပြည်ဆို လှေတော်ထိုး
ပိုးမှာလိုက်တယ် လေလေ့
အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ်
အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ
လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”
ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ လူထုကြားတွင် တွင်ကျယ်စေခဲ့သည်။
မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။
ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို မျိုးဆက်သစ်များ လေ့လာကာ ဝံသာနုစိတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင် တာဝန်ရှိသည်။
ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
Source-www.moi.gov.mm

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပထဝီအနေအထား ယဉ်ကျေးမှုကြီး မားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း ယနေ့အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှု တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့မြန်မာ့ ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း မတူညီသောအရာများ ပေါင်းစပ်မှု၊ သီအိုရီ အရ ဘာသာရပ်များကို ပေါင်းစပ်လေ့လာရာမှ ပိုမိုကျယ်ဝန်းသော စွမ်းရည်များ ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာ ရပ်များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူး ဝိသေသများရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလို ပေါင်းစပ်လိုက်သောအခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည်များပေါ်လာသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွယ်ပေါင်းစပ်လေ့လာနိုင်သလို သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ်လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော ဘာသာရပ် ဖြစ်ပေါ်လာပြီး ရူပဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Nuclear chemistry ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။
ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်) လူမျိုးတစ်မျိူး၏ Socioeconomy (လူမှုစီးပွားဘဝ) ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ်လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာကျမှုကို သိရှိရန် သမိုင်းနှင့်ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေးရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကိုလည်း လိုအပ်ပါက ယှဉ်တွဲလေ့လာသင့်ပေသည်။ ဥပမာအားဖြင့် - ဒသမတန်းတွင် သင်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် "ဆောင်းရတုပွဲ" ကဗျာကို လေ့လာလျှင် မြန်မာစာ အရေးအသားရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာပေါ်ထွန်းလာသော ခေတ်အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ်သူအတွက် ပိုမိုပြည့်စုံသော ခံစားချက်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသောအရာများကို ပေါင်းစပ်ရာမှ စွမ်းအင်များ ပေါ်ထွက်လာကာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုဒီဂရီကောလိပ်များ တက်ရောက်ရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များအား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက် ရှိပါသည်။
ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့သင်ကြားပေးပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု့စွမ်းအား ဘာသာရပ်များသင်ကြားရပြီး ကျောင်းသားအားလုံး အနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသားများသည် သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံသဘောတရား များကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သကဲ့သို့ လက်တွေ့ဘာသာရပ်များ ဆောင်ရွက်ရာတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမှီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာရရှိပြီးသော သူများတွင်လည်း ထူးချွန်ထက်မြက်သော သူများကို ဆက်လက်ပညာဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့(B.E) မဟာအင်ဂျင်နီယာဘွဲ့(M.E) များရရှိရန် ဆက်လက်ကြိုးစားခွင့်ရှိပါသည်။
ဤဒီဂရီကောလိပ်များတွင် မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ် သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းစုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ ကျောင်းစာများသာမက တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က ကြီးမှူး ကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ စာမေးပွဲများ၊ ကျောင်းတွင်းအားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့သည်။
ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာန ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ကြားပို့ချလျှက်ရှိပါသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရသည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ လာပြီး တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိပြီး စည်းလုံးညီညွတ်မှုခိုင်မြဲစေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံထိုးဖောက် လာသော Cultural Globalization များကို ဘေးတွင်အကာ အဖြစ်သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှုရှိသော ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) ကို အနှစ်အဖြစ်ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှုအင်အားကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ခေတ်မီရင်ဘောင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် သည့် ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာမွေးမြူရန် အထူးလိုအပ် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရပေမည်။
ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ်များသည် ဒို့တာဝန် အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စုဖြိုခွဲမည့်ရန်သူများအား ဖယ်ရှားပြီး ကာကွယ်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံဆင်း ညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂါတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော တရားများပြည့်ဝသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။ ဤဒီဂရီကောလိပ်များမှသင်ကြားသော ပညာရပ်များနှင့် လေ့ကျင့်ပျိူးထောင်ပေးသော လက်တွေ့သင်ခန်းစာ များကြောင့် ကျောင်းတော်သားများသည် ဘာသာရပ်ပေါင်းစုံ၏ စုပေါင်းမှု စွမ်းအားကိုရရှိပေသည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သော ပညာရပ်အရောင်အသွေးများဖြင့် စုံလင်သောသက်တန့် ရောင်စဉ်များ လွှမ်းခြုံနေသောသူများဖြစ်ကြောင်း တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တန့်ရောင်စဉ်များသည် ဤဒီဂရီကောလိပ်များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏ နယ်နိမိတ်အဆုံးတိုင် တံတားသဖွယ် ဆက်သွယ်နိုင်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြည့်ဝသော ပညာရပ်အမြင် ကျယ်ပြန့်သော တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရကျောင်းသားလူငယ်များ အဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျားဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ရာ သက်တန့်ရောင်စဉ်များ နိုင်ငံတစ်ဝန်းထွန်းလင်းဖြာလျက် ရှိနေပေ တော့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်း ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရများက အစဉ်တစိုက် ရှေ့ရှုဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သည်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) ကျောင်းများ စသည်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးတူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုတင်ပြအပ်ပါသည်။
မြောက်ဖျားမြန်မာ
ကချင်ပြည်မှာ
မေခ မလိခပေါင်းစုံကာ
တောလည်းတောင်သာ
ဖြတ်ကျော်တော့
ဧရာဝတီဖြစ်တည်ပေါ့။
ချင်းပြည်နယ်လည်းဖြတ်သန်းလာ
ဧရာချင်းတွင်းပေါင်းစုံကာ
မေတ္တာရေတွေ တိုးကာပွား
တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။
ရှမ်းပြည်နယ်မှ
ကိုရွှေလီ ဧရာဝတီနဲ့
ပေါင်းစုံသည်
မြန်ပြည်အလှတိုးကာပွား
တစ်အူတုံဆင်းညီအစ်ကိုများ။
ရခိုင်ဒေသ ကစ္စပနဒီ
စီးဆင်းလာသည့် မြန်ရွှေပြည် ၊
ညီပုကလေးစစ်တောင်းလည်း
အားဖြည့်ကာပင် စီးဆင်းမြဲ။
ရွှေသံလွင်လည်း မနေသာ
ကရင်၊ ကယား ၊ မွန် မကျန် သယ်ဆောင်လာ
မြန်ပြည်အင်အားတိုးကာပွား
အေးအတူ ပူအမျှ ညီအစ်ကိုများ။
ဤသို့သာပင်
မြန်ပြည်တခွင်
မြစ်နဒီတို့ အလှဆင်
ကချင်လည်းချစ် ချင်းလည်းချစ်
ရခိုင် မွန် ကယား ရှမ်းပါချစ်
တိုင်းရင်းသားတို့ မေတ္တာဝေ
တောင်တန်းမြေပြန့် မခွဲခြားပေ
ပေါင်းစုံလာလို့ ချစ်ကြည်မဆုံး
မြန်ပြည်သားတို့ တစ်ပြုံးပြုံး
သွေးစည်းကြမည် တစ်သက်လုံး။ ။
Source- Myawady Webportal