ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသောမြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကိုရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန်အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လတ် ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကိ
ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ ရေခန်းခြောက်ချိန်ဖြစ်သည်။ သို့ရာတွင် မုတ်သုံမိုးတစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သဖြင့် မိုးရေစွတ်စိုသောမြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကိုရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။ ကဆုန်လတွင် နေအပူရှိန်အပြင်းထန်ဆုံး အချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လတ် ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါ တရားထက်သန်စွာဖြင့် ရေစင်သွန်းလောင်းလေ့ ရှိကြသည်။ ထို့အပြင် ကုဆုန်လပြည့်နေ့ကို ကဆုန် ညောင်ရေသွန်းပွဲတော်အခါသမယနေ့ ဟုလည်း ခေါ်လေ့ရှိကြသည်။
ကဆုန်လသည် မြန်မာတစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ဝိသာခါနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ ရေးသားလာခြင်းဖြစ်သည်။ ကု၊ က၏ အနက်အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏အနက်အဓိပ္ပာယ်သည် သွန်းလောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ကဆုန်လကို ရေသွန်းလောင်းလ၊ ရေလောင်းလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
“ကဆုန်နယုန်ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ကဆုန်လ၏ အပူချိန်သည် လွန်စွာပင်ပူပြင်းလှပါသည်။ မေလအတွင်း တချို့သောဒေသများ၌ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိပင် ရှိနေပြီဖြစ်သည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင် သောက်သုံးရေရှားပါးသော်လည်းအလှူဒါနရက်ရောကြသည့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ် ရေလောင်းလှူကြပါသည်။ ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သော အလေ့အထတစ်ခုပင် ဖြစ်သည်။
မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းလှသည့်နွေရာသီတွင် ဒီပင်္ကရာဘုရားရှင်ထံ ဗျာဒိတ်တော်ခံယူပြီးနောက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်ဖြည့်ကျင့်ခဲ့ရသည်။ ထိုကာလများတွင် မြတ်စွာဘုရားအလောင်း တော်သည် ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အသက်၊ သွေး၊ ချွေးများစွာကို စွန့်လွှတ်ခဲ့ရသည်။ အထူးသဖြင့် သာမန်ပုထုဇဉ်လူသားတို့ ပြုနိုင်ခဲသော ခန္တီပါရမီကို ဖြည့်ကျင့်နိုင်မှုပင်ဖြစ်သည်။ အလှူ အတန်းနှင့်ပတ်သက်၍ ဇနီး၊ သား၊ သမီးများ အပါ အဝင် မိမိအသက်ကိုပင် ဘဝပေါင်းများစွာ၌ စွန့်လွှတ် လှူဒါန်းနိုင်ခဲ့ပေသည်။
“ဖွားမြင်၊ ပွင့်စံ၊ ဗျာဒိတ်ခံ၊ နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ (သောကြာနေ့)တွင် ဘုရားအလောင်းတော်အား ဖွားမြင်တော်မူခြင်း၊ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်း တရားလေးပါးနှင့် ပြည့်စုံတော်မူသော နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ကဆုန်လသည် သက္ကတ၊ ပါဠိ၊ ဟိန္ဒီဘာသာတို့ တွင် ‘ဝိသာခါ’ Vesaka ဖြစ်၍ ဝိသာခါနက္ခတ်နှင့် ယှဉ်သောလဖြစ်သည်။ သီဟိုဠ်ဘာသာဖြင့် အသံထွက်တွင် Vesak ဟူ၍ဖြစ်ရာ ယင်းအသံထွက်ကိုလိုက်၍ ကဆုန်လပြည့်နေ့ကို Vesak Day ဟု အနောက် နိုင်ငံသားတို့က ခေါ်ဆိုကြသည်။ ၁၉၉၉ ခုနှစ် (၅၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။
မြတ်စွာဘုရား၏ မိခင် သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန် တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့ပါသည်။ ဘုရား လောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော်မာယာအား ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန် အကြိမ်ကြိမ်တားဆီးခဲ့ပါသည်။ သို့ရာတွင် မိဖုရားကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် နောက်ဆုံးတွင် ဆွေးမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီး ထင်ထားသည့်အတိုင်းပင် ဘုရားအလောင်းတော်ကို လမ်းခုလပ်တွင် လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို နွေ၊ မိုး၊ ဆောင်း နန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူ ခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကို မြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကို ရှာဖွေရန် အတွက် တောထွက်တော်မူခဲ့သည်။ တောရပ်မြိုင် တွင် ခြောက်နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲလုံ့လဖြင့် စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ် တောက်ပူပြင်းလှသည့် ကဆုန်နေရောင်အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထား မြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့မှစပြီး သတ္တဝါများကို ကယ်တင်နိုင်ရန်အတွက် ညဉ့်အချိန်တွင် နှစ်နာရီခန့်သာ သတိတရားဖြင့် တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား ၄၅ ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များ ဟောကြားသွန်သင်ဆုံးမခဲ့ သည်။ ထိုသို့ ကရုဏာကြီးမားစွာဖြင့် သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန် သက္ကရာဇ် ၁၄၈ ခုနှစ်က ဆုန်လပြည့်နေ့ (အင်္ဂါနေ့) တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရား နှင့် ဆက်စပ်သော ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင် အများဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ပင်ဖြစ်သည်။
ဆိုရလျှင် နှစ်စဉ်ကဆုန်လပြည့်နေ့သည် ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာနလူမျိုးများအတွက် ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သောသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအပူချိန်အောက်တွင် သစ္စာလေးပါး တရားထူးတရားမြတ်ကို ထိုးထွင်း သိမြင်နိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန်တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့် ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။
အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်း ပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နောက်ပိုင်း မဟာဗောဓိညောင်ပင်ကို မြတ်စွာဘုရားအား ရည်မှန်းကာ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အမွှေးနံ့သာများဖြင့် ညောင်ရေသွန်း ကုသိုလ်ပြုကြခြင်း ဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင် ကျင်းပသည့် ကဆုန်ညောင်ရေ သွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ် ပိုမို စည်ကားလျက်ရှိသည်။ ထိုမြင်ကွင်းများကို တွေ့ရ မြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာ ပီတိဖြစ်ရပါသည်။
ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့် နိုင်ငံ့ဝန်ထမ်းများသည် လည်း အခြားပြည်သူများနည်းတူ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပွားများ လှူဒါန်းနိုင်ကြပါသည်။
မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမျိုးဖြင့်သာ ညောင်ရေသွန်းပွဲတော်သို့ သွားရောက် လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌ ညောင်ရေသွန်းပွဲတော်သို့ လာရောက်ကုသိုလ်ပြု ကြသည့် အလှူရှင်များနှင့် ပြည့်နှက်နေလျက်ရှိသည်။ ထိုသို့လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင်တဘက် ကလေးများကိုပါ ခြုံထားသည့် မြင်ကွင်းကလည်း ကြည့်ရ၊ မြင်ရသူများ၏ရင်ကို အေးမြစေပါသည်။
ဆိုရလျှင် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များနှင့် ဆက်စပ်မှုများရှိနေသောကြောင့် ဗုဒ္ဓနေ့ဟုပင် တင်စားခေါ်ဝေါ်လျက်ရှိသည်။ မြန်မာ လူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာကို ရည်မှန်းလျက် ဖွားဖက်တော် မဟာဗောဓိညောင်ပင်ကို အမွှေးနံ့သာရည်များဖြင့် ညောင်ရေသွန်းလောင်းလေ့ရှိသည်။ ထိုဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများရှိ ဗောဓိ ညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ ထို့ပြင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများတွင်လည်း ဥပုသ် သီတင်းသီလဆောက်တည်သူများ၊ တရားအားထုတ် သူများနှင့် ပြည့်နှက်လျက်ရှိသည်။
ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက်လွှမ်းခြုံလျက်ရှိသည့် ထူးခြားလေးနက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် မဟာဗောဓိညောင်ပင်အား ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ်အစုစုကို ဆတက်ထမ်းပိုးပြုလုပ်သွားကြပါ စို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။
Source: MOI

မြန်မာတို့သည် ယဉ်ကျေးမှုအရာတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းတိုးတက်ခဲ့သည်။ အနောက်နိုင်ငံများလောက် စက်မှုအရာတွင် ထွန်းကားမှုမရှိသော်လည်း ရှေးအစဉ်အဆက်ကတည်းကရှိခဲ့သည့် မိရိုးဖလာလက်မှုပညာများတွင်မူ အဆင့်အတန်းနိမ့်ကျခြင်းမရှိခဲ့ဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုလက်မှုအတတ်ပညာရပ်များတွင် အိုးလုပ်သည့်အတတ်ပညာသည် ဦးစွာပထမထွန်းကားခဲ့သည့် လက်မှုပညာတစ်ရပ်ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပါ။ အိုးလုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှုဖြစ်တည်စကာလကပင် ပေါ်ပေါက်ခဲ့သည့်အားလျော်စွာ မြန်မာတို့၏ဘာသာစကား၊ စာပေစသည်တို့တွင် ထွေးရောယှက်တင်ပါဝင်နေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။
ကမ္ဘာပေါ်တွင် လူသားများစတင်ပေါက်ဖွားလာသည့်အချိန်မှစတင်၍ နေထိုင်စားသောက်မှုပုံစံသည်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပေသည်။ စားသောက်ရန်အတွက် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့သည်။ အစောပိုင်းတွင် ဝါးမှရရှိသော ဝါးကျည်တောက်၊ ဝါးခွက်များကို အသုံးပြုပြီး သစ်ဥသစ်ဖုများကိုသာ စားသောက်ခဲ့ကြသည်။ ထိုမှ ရာသီဥတုကြောင့် တောမီးလောင်ကျွမ်းသဖြင့် သားရဲတိရစ္ဆာန်တို့၏ မီးလောင်ကျွမ်းသော အသားများမှ မွှေးကြိုင်သင်းပျံ့သောရနံ့ရရှိကာ မီးဖြင့် ချက်ပြုတ်စားသောက်လျှင်ရနိုင်ကြောင်း သိရှိလာကြသည်။ နောက်ပိုင်းကာလတွင် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့ပေသည်။ ရှေးခေတ်ကမ္ဘာသူ ကမ္ဘာသားတို့သည် ဝါးဆစ်ဘူး၊ သစ်ရွက်၊ ကျောက်ခွက်စသည်တို့ကို ထည့်စရာအဖြစ် သုံးစွဲကြရာမှ အိုးအင်ခွက်ယောက်များကို စတင်တီထွင် ဖန်တီးလာခဲ့ခြင်းဖြစ်သည်။
ကျောက်ခေတ်သစ်နေရာဒေသများ
မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်နေရာဒေသများစွာရှိသည့်အနက် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ရွာအနီးရှိ ရှင်ရဲတစ်ထောင်ကုန်း၊ အမရပူရမြို့နယ် တောင်သမန်အင်းဒေသ၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပိုင်းထောင်ကြီးရွာ ထောက်မကုန်းဒေသ၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးကြေးရိုးကုန်းဒေသတို့ကို တူးဖော်ခဲ့ကြရာ ကျောက်ခေတ်သစ်ကာလ လက်နက်များ၊ အရိုးစူးသွား၊ ကျောက်ကွင်း၊ အရိုးစု၊ ပုတီးစေ့တို့နှင့်အတူ မြေထည်အိုးခွက်၊ အိုးခြမ်းကွဲ တို့ကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ အစောဆုံးမြေထည်ပစ္စည်း အထောက်အထားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ပြဒါးလင်းဂူတူးဖော်မှုမှ စတင်တွေ့ရှိခဲ့ရပေသည်။ ပြဒါးလင်းဂူနံရံပေါ်တွင် ရေးဆွဲခဲ့သော ရှေးဦးလူတို့၏ပန်းချီပုံများနှင့် သက်တမ်းအပြိုင် အစောဆုံးမြေထည်များသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ မှ ၁၁၀၀၀ ကာလအထိ ကြာရှည်ခဲ့ပြီဖြစ်သည်။ မြေထည်များကို လေ့လာကြည့်ပါက လက်ရာကြမ်းသော လက်ထွင်းအိုး (ခေါ်) လက်လုပ်အိုး (Handmade Pottery) များ ဖြစ်သည်။
ယေဘုယျအားဖြင့် မြန်မာ့ကျောက်ခေတ်သစ်ကာလ မြေထည်အိုးခြမ်းကွဲများ၏ မြေထည်အမျိုးအစားမှာ မီးခိုးရောင်ရွှံ့နှစ်ဖြင့်ပြုလုပ်သော မြေထည်နှင့် အနီရောင်သဲစပ်ရွှံ့စေးမြေထည် တို့ဖြစ်သည်။ ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မုန်ထူးဒေသ၊ တောင်သာမြို့နယ် နှောကန်ဒေသနှင့် ရမည်းသင်းမြို့နယ် မြို့လှဒေသတို့ကို တူးဖော်သုတေသနပြုရာတွင် ကြေးဦးခေတ် Chalcolithic Period မှသည် Dawn of the Iron Age နှင့် သက်ဆိုင်သော မြေအိုးမြေခွက်အမြောက်အမြားကို လူနေထိုင်ရာဒေသ (Inhabited Area) တွင်သာမက သင်္ချိုင်းနေရာ (Burial site) တို့တွင်လည်း တွေ့ရှိရသည်။ အဓိကမြေထည်အမျိုးအစားများမှာ အနီရောင်မြေထည်များဖြစ်ပြီး အိုးမျက်နှာပြင်အချောကိုင် အရောင်တင်ခြင်းမရှိသေးချေ။ မြေအိုးမြေခွက် ပုံသဏ္ဌာန်မျိုးစုံတွေ့ရှိရပြီး ထင်ရှားသည်များမှာ အောက်ခြေခုံတွင် လက်ကိုင်ရိုးရှည်နှင့် အပေါ်ပိုင်းပန်းကန်ပါရှိသော မြေကလပ်များ၊ အချို့မှာ အောက်ခြေဝိုင်းတစ်ခုတည်းပေါ်တွင် လက်ကိုင်ရိုး ပန်းကန်နှစ်ခု၊ သုံးခုပါရှိသော မြေကလပ်များ (Dish on Stand)၊ ဆင်ရုပ်၊ နွားရုပ်၊ ဝက်ရုပ်စသည်ဖြင့်လက်ကိုင်အဖုံးပါသော ဖင်လုံးကိုယ်ထည်ကားအိုးများ၊ ဆလင်ဒါပုံစိမ်ရည်အိုးများ၊ နှုတ်ခမ်းလန်ဖင်လုံးနှင့် ချက်ပြုတ်အိုး၊ နှုတ်ခမ်းလန်ဇောက်နက်ခွက်၊ မြေပန်းကန်၊ အောက်ခြေပြားခွက်၊ အောက်ခြေလုံးခွက်၊ လည်ပင်းရှည်အိုးစသည်တို့ဖြစ်သည်။
အိုးတော်ဆက်အမှုထမ်းများနေထိုင်ရန် ရပ်ကွက်များကိုပင် သီးသန့်ပေး
အိုးဟုဆိုရာတွင် အိုးပုတ်မှစ၍ ချိုးရုပ်၊ စလယ်ဝင်အိုး၊ ခွက်ဝင်အိုး၊ အိုးစရည်း၊ အိုးကြီးထုတ်များအထိ ပုံစံအရွယ်အစားအမျိုးမျိုးရှိလေသည်။ အချို့အရပ်ဒေသများတွင် သောက်ရေအိုး၊ ရေတကောင်း၊ လက်ဖက်ရည်ကရားတို့တွင် ကိန္နရာရုပ်၊ နဂါးရုပ်၊ ဘီလူးရုပ်စသည်ဖြင့် အနုပညာလက်ရာများ ဖော်ထားသည်ကို တွေ့ရလေသည်။ မြန်မာဘုရင်များအုပ်စိုးစဉ်က အိုးလုပ်ငန်းကို အရေးတယူအသားပေးခဲ့ကြသဖြင့် အိုးတော်ဆက်အမှုထမ်းများ နေထိုင်ရန် ရပ်ကွက်များကိုပင် သီးသန့်ပေးခဲ့ကြသည်ကို တွေ့ရပေသည်။ ထို့ကြောင့် စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရွှေဘိုစသော ထီးစိုက်နန်းတည်မြို့ကြီးများ၌ ယနေ့တိုင် အိုးတော်ရပ်၊ အိုးဖိုရပ်ဟူသော အမည်များဖြင့် ရပ်ကွက်များ တည်ရှိနေကြသည်။
အိုးထိန်းစက်(Potters Wheel)ကိုသုံး၍ မီးဖုတ်သော ရှေးသမားရိုးကျနည်းဖြင့်ပင် အိုးထုတ်လုပ်ကြသဖြင့် ရပ်သုံးရွာသုံး၊ ပြည်တွင်းသုံးများအဆင့်ထက် မတိုးတက်နိုင်ဘဲရှိခဲ့လေသည်။ ကိုလိုနီခေတ်တွင် ပြည်ပမှ ကြွေထည်၊ ဖန်ထည်နှင့် ဒန်အိုးဒန်ခွက်များ ဝင်ရောက်လာသောအခါ ရိုးရာအိုးလုပ်ငန်းမှာ ပျောက်ကွယ်မသွားသော်လည်း ရက်ကန်းလုပ်ငန်းကဲ့သို့ပင် မှေးမှိန်ကျဆင်းသွားလေတော့သည်။ ထို့ကြောင့် မြန်မာ့အိုးလုပ်ငန်း ခေတ်မီတိုးတက်စေရေးအတွက် ခေတ်မီနည်းပညာများ လိုအပ်သည်ဖြစ်ရာ အိုးလုပ်မည့်မြေအမျိုးအစားကို ဓာတ်ခွဲစမ်းသပ်ပြီး မြေအမျိုးအစားများကို ရောနှောပေါင်းစပ်ခြင်းစသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သင်ကြားပို့ချရန် အင်းစိန်အင်ဂျင်နီယာကျောင်း၌ မြေထည်လုပ်ငန်းဌာနကို ဖွင့်လှစ်၍ အိုးလုပ်ငန်းကျွမ်းကျင်ပညာရှင် မစ္စတာနစ်ကိုလပ်ဦးစီးပြီး အိုးထွက်ရာဒေသများဖြစ်သည့် သထုံခရိုင် ရင်းငြိမ်ဒေသ၊ ပခုက္ကူခရိုင် ကျောက်တပ်ဒေသ၊ ရမည်းသင်းခရိုင် လက်ပံနှင့် အင်းတော်ကလေးဒေသ၊ ရွှေကျင်ခရိုင် ကုသိန္နာရုံဒေသ၊ သာယာဝတီခရိုင် မင်းလှဒေသတို့မှ ထွက်ရှိသော မြေများတွင် ဆီလီကွန်ဒိုင်အောက်ဆိုက်၊ တိုက်တေနီယမ်အောက်ဆိုက်၊ အလူမီနီယမ်အောက်ဆိုက်၊ သံအောက်ဆိုက်၊ ကယ်လ်ဆီယမ်အောက်ဆိုက်၊ မဂ္ဂနီဆီယမ်အောက်ဆိုက်၊ ပိုတက်ဆီယမ်အောက်ဆိုက်၊ ဆိုဒီယမ်အောက်ဆိုက် ပါဝင်နှုန်းများကို ဓာတ်ခွဲစမ်းသပ်ပေးခဲ့သည်။ ရင်းငြိမ်၊ ရမည်းသင်း၊ မင်းလှ၊ ပခုက္ကူတို့မှ မြေများသည် မြေဖြူမျိုး (White Clay) ဖြစ်ကြောင်း တွေ့ရှိရသည်။ မင်းလှမြေတွင် ကေအိုလင် ၄၇ ရာခိုင်နှုန်းပါဝင်ပြီး ပခုက္ကူမြေတွင် ကေအိုလင် ၇၅ ရာခိုင်နှုန်းပါဝင်ကာ ထိုမြေများနှင့် ရောနှောပါရှိသောသဲသည် ဆေးထည့်ရန် ဖန်ပုလင်းများပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းသို့စမ်းသပ်စစ်ဆေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ မြေထည်လုပ်ငန်းများ၌ အသုံးပြုသော သဘာဝပစ္စည်းရိုင်းများကို ဓာတ်သဘောအရ စမ်းသပ်ခြင်း၊ အစိုးရဌာနရုံးအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် အုတ်ဖုတ်မည့်မြေကြီးများ စမ်းသပ်ခြင်း၊ လက်ဖက်ရည်အိုး၊ ပန်းအိုး၊ ပန်းကန်ပြား၊ ကြွေကရား စသောပစ္စည်းအမျိုးမျိုးစမ်းသပ်ပြုလုပ်ခြင်း၊ မြေထည်၊ ကြွေထည်ပစ္စည်းသစ်များ တိုးတက်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခြင်း၊ ကြွေထည်ပစ္စည်းများ၊ မီးခံအုတ်၊ နံရံကပ်ကြွေပြားနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများအတွက် အုတ်ကြွပ်ပြားများ ဖြစ်မြောက်လာရေးအတွက် စမ်းသပ်မှုများ ပြုလုပ်ပေးခြင်းအစရှိသည်တို့ ပါရှိကြလေသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အိုးဖိုများအတွက် မြေထည်၊ ကြွေထည်ပြုလုပ်ရန် နည်းသစ်များကို စီမံပေးသောလုပ်ငန်းများလည်းပါရှိသည်။
အိုးလုပ်ငန်းများ တည်ရှိဆဲပင်ဖြစ်
မြန်မာ့ရိုးရာအိုးလုပ်ငန်းသည် ရှေးယခင်ကပင် ဆင်းသက်လာခဲ့သည့် ရိုးရာလက်မှုအတတ်ပညာတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ပျူယဉ်ကျေးမှုထွန်းကားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်နှင့် မြစ်ဝှမ်းဒေသများ၊ အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ တောင်ပိုင်းစသည့်ဒေသများတွင်လည်း ရိုးရာအစဉ်အလာအလိုက် အိုးလုပ်ငန်းများ တည်ရှိဆဲပင်ဖြစ်သည်။ မြေအိုး၊ မြေထည်အကြမ်းစားများကို ရပ်သုံးရွာသုံးအတွက် ထုတ်လုပ်ပေး သည့် ကျေးရွာဒေသများစွာရှိသည့်အနက် တွံတေး၊ မော်လမြိုင်၊ ရွှေဘို၊ ကျောက်မြောင်းဒေသတို့မှာ စဉ့်အိုးစဉ့်ခွက်များ ထုတ်လုပ်ရာဒေသများနှင့် ပျဉ်းမနား၊ ရွှေဂူ၊ လွိုင်လင်တို့တွင် မြေထည်စဉ့်သုတ် အချောထည်၊ လက်ဖက်ရည်ကရား၊ ညောင်ရေအိုးစသည့် ပစ္စည်းများထွက်ရှိရာ ဒေသများအဖြစ် ထင်ရှားလေသည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့၊ ရွာနေရာဒေသအချို့တို့တွင် ဒေသအလိုက်ထွက်ရှိသော မြေအမျိုးအစားပေါ်အမှီပြုကာ မြန်မာ့ရိုးရာမြေအိုးနှင့် စဉ့်အိုးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ်သော်လည်းကောင်း၊ အသေးစားလက်မှုလုပ်ငန်း တစ်ခုအဖြစ်သော်လည်းကောင်း ဆက်လက်လုပ်ကိုင်လျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူးလများသည် အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည့်အချိန်ကာလများဖြစ်သည်။ အိုးဖုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် နေရာဒေသအပေါ်မူတည်၍ အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ပုံစံအမျိုးမျိုးကွဲပြားလျက်ရှိပြီး ရွှံ့စေးမြေ (မြေနက်)၊ တောင်မြေ(မြေနီ)၊ မြေဖြူ (အဝါရောင်အနည်းငယ်သန်းသည့်မြေ)၊ မြေစီး၊ မြေစေးနှင့် ကုန်းသဲ၊ နုန်းမြေများဖြင့် ပြုလုပ်ကြသည်ကို တွေ့ရှိရသကဲ့သို့ နေရာဒေသအလိုက် ရာသီဥတုကွဲပြားမှုများရှိခြင်းကြောင့် ခိုင်ခံ့ကောင်းမွန်သည့် အိုးတစ်လုံးရရှိရေး အိုးပြုလုပ်သည့် အချိန်ကာလများမှာလည်း ကွာခြားလျက်ရှိသည်ကို တွေ့ရသည်။
အဆင့်ဆင့်အချိန်ပေးလုပ်ကိုင်ရသော လုပ်ငန်းတစ်ခုဖြစ်
အိုးလုပ်ငန်းသည် လက်ဝင်ပြီး အိုးလုပ်သားများအဖို့ အဆင့်ဆင့်အချိန်ပေးလုပ်ကိုင်ရသော လုပ်ငန်းတစ်ခုဖြစ်ပေသည်။ အိုးတစ်လုံးစတင် ပြုလုပ်တော့မည်ဆိုလျှင် ပထမဦးစွာ အိုးလုပ်ရန် လိုအပ်သော ရွှံ့စေးမြေ (မြေနက်)၊ မြေစီးများကို တူးယူရသည်။ တူးယူရရှိသည့်မြေတုံးများကို လိုအပ်သည့် အရွယ်အစားရရှိသည်အထိ ထုချေခြင်း၊ မောင်းဆုံဖြင့် ထောင်းခြင်းတို့ ပြုလုပ်ကာ နေလှန်းပေးရသည်။ ထိုမှတစ်ဆင့်ရရှိလာသည့်မြေများကို ထပ်မံ၍ ဆန်ခါဖြင့်ချကာ အိစက်နေသောမြေများကို ရွေးထုတ်ပေးရသည်။ ရွေးပြီးသောမြေများကို ပိုမိုမာကြောလာစေရန် နေရာဒေသများအလိုက် ရရှိနိုင်သည့်ကုန်ကြမ်းအပေါ်မူတည်၍ ကုန်းသဲ၊ တောင်မြေ (ခေါ်) မြေနီ စသည်တို့နှင့်ရောစပ်ကာ အမှုန့်ကြိတ်ရသည်။ ထို့နောက် အမှုန့်ကြိတ်ပြီးသော မြေညက်များနူးနပ်၍ သမစေရန် ရေဖြင့်ဆွတ်လောင်းပြီးလျှင် အကြိမ်ကြိမ်မွှေနှောက်ကာ နှပ်ထားရသည်။ အချို့ကျေးလက်ဒေသများတွင် အိုးပြုလုပ်ရန်အတွက် သဲပါဝင်နှုန်းနည်းပါးသော မြေဖြူများရရှိနိုင် သဖြင့် အမှုန့်ဖြစ်သည်အထိ ထုချေရန်မလိုဘဲ မြေနီမှုန့်ဖြင့် သမအောင်မွှေနှောက်ကာ ရေဖြင့် နှပ်ထားကြသည်။ ရေဖြင့်နှပ်ထားသည့်မြေများ မခြောက်စေရန် ပလတ်စတစ် (သို့မဟုတ်) အခြားအဝတ်စတစ်ခုခုဖြင့် ဖုံးအုပ်ထားပေးရသည်။
အိုးလုပ်ရန် လိုအပ်သောကိရိယာများမှာ (၁) အိုးထိန်းစက် (အိုးထွင်းစက်ဟုလည်း ခေါ်ကြသည်)၊ (၂) ပလာ၊ (၃) လက်ခုတို့ ဖြစ်ကြသည်။ အိုးထိန်းစက်ဆိုသည်မှာ အကျယ်တစ်တောင်ခန့်ရှိသော သစ်သားဝိုင်းတစ်ခုကို အလယ်တွင် ဝင်ရိုးတိုင်ကဲ့သို့ တိုင်တိုကလေးစိုက်ထား၍ ထိုတိုင်ငုတ် လေးတွင် အကျယ်တစ်တောင်ခန့်ရှိသော သစ်ပြားဝိုင်းတစ်ခုကို ဆုံလည်ကဲ့သို့ စရွေးစွပ်ထား ခြင်းဖြစ်သည်။ ထိုသစ်ပြားဝိုင်း၏ ဘေးနှစ်ဖက်တွင် လက်ကိုင်ရန် သစ်သားစွန်းလေးနှစ်စ ပြုလုပ်ထားသည်။ ထိုအစွန်းလေးနှစ်စကို လက်နှင့်ကိုင်၍လှည့်လျှင် သစ်ပြားဝိုင်းလေးသည် အလွယ်တကူ လည်ပတ်နိုင်လေသည်။ လက်ခုဆိုသည်မှာ မြေညက်ကို မီးဖုတ်ထားသော လက်သီးဆုပ်သာသာ အရွယ်ရှိသည့် ခုံးပြားပြားပုံသဏ္ဌာန်ရှိသော ကိရိယာတစ်မျိုးဖြစ်သည်။ လက်ခုတွင် ခတ်လက်ခုနှင့် လုံးလက်ခုဟူ၍ နှစ်မျိုးရှိသည်။ ခတ်လက်ခုကို အိုး၏အထူအပါးကိုညှိရာ၌ ပြည်ပလာ၊ ပန်းပလာတို့နှင့် တွဲဖက်၍အသုံးပြုသည်။ လုံးလက်ခုကိုမူ ရွှံ့သားထူသည့်နေရာမှ ရွှံ့သားပါးသည့်နေရာသို့ ဖြန့်ညှိရာ၌ မော်လုံးပလာနှင့်တွဲဖက်၍ အသုံးပြုသည်။ အိုးပုံလောင်းရာတွင် လူနှစ်ယောက်လုပ်ကိုင်ကြရသည်။ ပထမလူတစ်ယောက်က အိုးထိန်းစက်ကို ချာချာလည်အောင်လှည့်ပေးရသည်။ ဒုတိယလူတစ်ယောက်က အသင့်ရှိပြီးဖြစ်သော ရွှံ့မြေညက်ကိုလုံး၍ ချာချာလည်နေသော အိုးထိန်းစက်၏ အလယ်ဗဟိုတွင်တည်ကာ လက်နှစ်ဖက်ဖြင့် အလိုရှိသောအိုးပုံစံသို့ရောက်အောင် ပြုပြင်ပေးသည်။ ထိုသို့အိုးပုံလောင်းခြင်းသည် သုံးမိနစ်မျှကြာလျှင် ပြီးစီးသည်။ အိုး၏အကြီးအသေးကိုလိုက်၍ ရွှံ့မြေကို မှန်းဆယူငင်ပြီးလျှင် ချာချာလည်နေသော အိုးထိန်းစက်ပေါ်သို့တင်လိုက်ပုံနှင့် ထိုရွှံ့တုံးကို လက်နှစ်ဖက်ဖြင့်ပြုပြင်ပေးရုံမျှဖြင့် တဖြည်းဖြည်း အိုးဖြစ်လာပုံတို့မှာ အလွန်ကြည့်၍ ကောင်းပေသည်။ ထိုလုပ်ငန်းကို အိုးထွင်းသည်ဟု ခေါ်ကြသည်။ ထွင်းပြီး (ပုံလောင်းပြီး)သောအိုးကို အိုးခတ်မည့်သူထံ ပို့ရလေသည်။
အိုးခတ်သူသည် အထက်တွင်ဖော်ပြခဲ့သော လက်ခုကို အိုး၏အတွင်းဘက်မှခု၍၊ ခံ၍အပြင်ဘက်မှ ပလာဖြင့်ခတ်၍၊ ပုတ်၍ အထူအပါးကို ညှိပေးရသည်။ ထိုသို့အထူအပါးညှိရာ၌ မြေနက်၊ မြေနီရောစဉ်က အချိုးမကျခဲ့လျှင် ပလာတွင် ရွှံ့မြေညက်များ ကပ်၍ပါလာတတ်သည်။ ထိုသို့ဖြစ်လျှင်သဲကြမ်းကို ဖြူးပေးရသည်။ သဲကြမ်းအဖြူးများသော အိုးသည် နောင်အခါ၌ ရေစိမ့်များ၍ ရေအေးသည်။ ပြာသိုလတွင်ပြုလုပ်သည့် ရေအိုးသည် အေးသည်ဟုဆိုကာ သောက်ရေအိုးတည်ရန် ပြာသိုအိုးကို ရွေးချယ်၍ ဝယ်လေ့ရှိကြသည်။ အမှန်မှာ ပြာသိုလတွင် လုပ်သဖြင့် ရေအေးသည်မဟုတ်ပေ။ အိုးခတ်စဉ်က သဲကြမ်းများများ ဖြူးပေးခြင်းကြောင့်သာ အေးခြင်းဖြစ်သည်။ အိုးခတ်၍ ၁၅ မိနစ်ခန့်ကြာသော အခါ မှန်ကူကွက်စသော ပန်းပုံလေးများဖော် ပြီးပါက အိုးတစ်လုံးကို အချောကိုင်ပြီးဖြစ်လေသည်။ အိုးလုပ်သားတို့၏လက်ဆနှင့်ကျွမ်းကျင်မှု အပေါ်မူတည်ပြီး မိမိလိုချင်သည့်အိုးပုံသဏ္ဌာန်များနှင့် အပွင့်ပုံစံများ ဖန်တီးကြသည်။ ပုံဖော်ထားသည့် အိုးများ အိုးဖင်မကပ်စေရန် ပြာမှုန့်ကပ်ပေးပြီး အနည်းငယ်ခြောက်သွားအောင် အရိပ်ထဲတွင် ၃/၄ နာရီခန့်ထားကြသည်။ အိုးဖင်ခြောက်သွားသည့်အိုးများကို ပျမ်းမျှအားဖြင့် နှစ်ရက်ခန့်နေပူထဲထုတ်လှန်းကာ ခြောက်သွားသည့်အိုးများ အရောင်လှစေရန် မြေနီမှုန့်ကိုရေဖျော်၍ အချိုးကျသုတ်လိမ်းပေးခြင်း၊ ဓာတုပစ္စည်းတစ်မျိုးသုတ်ပြီး ချော်ရည်လောင်းခြင်းများ ပြုလုပ်ကြသည်။ အချောကိုင်ပြီးလျှင် နေပူရာတွင်ဖြစ်စေ၊ လေသလပ်ရာတွင်ဖြစ်စေ ဖြန့်ချထားရသည်။
ပလာသုံးမျိုးရှိ
ပလာဆိုသည်မှာ အရှည်တစ်ပေခန့်နှင့် ဗြက်သုံးလက်မခန့်ရှိသော သစ်သားလက်ရိုက် တစ်မျိုးဖြစ်သည်။ ထိုပလာတွင် (၁) ပြည်ပလာ၊ (၂) မော်လုံးပလာ၊ (၃)ပန်းပလာဟူ၍ သုံးမျိုးရှိသည်။ ပြည်ပလာကို အိုးအထူအပါးညီစေရန်ညှိရာ၌ အသုံးပြုသည်။ မော်လုံးပလာကို အိုးအထူအပါးညှိရာ၌ပင် အိုး၏ဖင်ပိုင်းကဲ့သို့ ရွှံ့သားထူသည့်နေရာမှ ရွှံ့သားပါးသည့်နေရာသို့ ဖြန့်ညှိရာ၌ အသုံးပြုသည်။ ပန်းပလာကိုမူ အထူအပါးညှိ၍ စိတ်ကြိုက်ပုံစံသို့ ရောက်သည့်အခါ မှန်ကူကွက်လေးများ၊ ပန်းနွယ် ပန်းပွင့်လေးများ၊ ကျေးရုပ်လေးများစသည်ဖြင့် အိုးကိုအလှဖော်ရာ၌ အသုံးပြုသည်။
အိုးမီးဖုတ်လုပ်ငန်း စတင်တော့မည်ဆိုလျှင် ပထမဦးဆုံးထင်းစီခြင်း၊ ထင်းခွေခြင်းများပြုလုပ်ပြီး မီးဖုတ်မည့်အိုးများကို စနစ်တကျခွေရသည်။ စနစ်တကျခွေထားသည့် အိုးပတ်ပတ်လည်ကို ထင်းထပ်မံစီကာ ကောက်ရိုးများဖြင့် သေချာဖုံးအုပ်ပြီး အိုးမီးဖုတ်ကြရသည်။ ထိုသို့အိုးမီးဖုတ်ရာတွင် သတ်မှတ်ထားသည့် ထင်းအရွယ်အစားနှင့် အချိုးအစားကို မှန်ကန်စွာအသုံးပြုတတ်ရသည့်အပြင် မီးအပူချိန်ကိုလည်း မှန်ကန်စွာချိန်ဆတတ်မှသာ အိုးကောင်းများရရှိမည်ဖြစ်သည်။ မီးအပူချိန်ကို ၁၀၀ မှ ၁၁၀၀၊ ၁၂၀၀ စင်တီဂရိတ်အထိ သုံးရပြီး အိုးကြီး ၄၀ မှ ၅၀ ခန့်နှင့် အိုးအမျိုးအစားပေါင်း ၁၀၀၀၀ ခန့် မီးဖုတ်ပါက တစ်ရက်ခွဲခန့် ကြာမြင့်တတ်သော်လည်း မီးအေးအေးဖြင့် မီးဖုတ်ပေးပါက ငါးရက်ခန့်အထိ ကြာမြင့်လေ့ရှိကြောင်း သိရသည်။ အိုးများကျက်သော်လည်း အပူရှိန်ကျန်ရှိနေသေး ခြင်းကြောင့် ချက်ချင်းမထုတ်ယူဘဲ သုံးရက်မှ ငါးရက်ခန့်အထိ အအေးခံကာ ဖိုပေါက်ဖွင့်ထားကြသည်။ ဖိုထဲမှထုတ်ယူပြီးပါက အချောသပ်ရန်အဆင့်သာ ကျန်ရှိတော့ရာ ရာသီဥတုကောင်းမွန်ခြင်းမရှိပါက အပြင်မထုတ်ဘဲ ဖိုထဲတွင်သာ ထားတတ်ကြသည်။
အိုးလုပ်ငန်းကို မိသားစုအလိုက် မိရိုးဖလာလုပ်ကိုင်ကြသူများရှိသလို အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အိုးလုပ်သားများငှားရမ်းကာ စီးပွားဖြစ်လုပ်ကိုင်ကြသူများလည်းရှိသည်။ စီးပွားဖြစ်လုပ်ကိုင်သူများအနေဖြင့် အိုးလုပ်သား အနည်းဆုံး သုံးဦးမှ ၁၀ ဦးနှင့်အထက် ငှားရမ်း လုပ်ကိုင်ကြပြီး နေရာဒေသအပေါ်မူတည်၍ လုပ်အားခနှင့် အခြားရင်းနှီးကုန်ကျစရိတ်မှာလည်း ကွာခြားလျက်ရှိသည်။
နိုင်ငံခြားဈေးကွက်များအထိပါ တင်ပို့
ယခုနောက်ပိုင်းတွင် မြန်မာ့လက်မှုထည်အိုးလုပ်ငန်းကို ခေတ်မီဆန်းသစ်သော အိုးအမျိုးမျိုးနှင့် အလှပန်းအိုးများကို ပုံဖော်ပြုလုပ်လာကြပြီဖြစ်သည်။ မြန်မာ့အိုးများကို မြန်မာနိုင်ငံအနှံ့အပြားတို့တွင် ရေလမ်း၊ ကုန်းလမ်းစနစ်များဖြင့် တင်ပို့ရောင်းချခြင်း၊ ဝယ်ယူအသုံးပြုခြင်းများရှိသည့်အပြင် နိုင်ငံခြားဈေးကွက်များအထိပါ တင်ပို့ရောင်းချလျက်ရှိပါသည်။ သမိုင်းမှတ်တမ်းများအရ မြန်မာ့အိုးများကို ထိုင်း၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ နယ်သာလန်နိုင်ငံတို့နှင့် နယူးယောက်မြို့များက မှာယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
အချို့နေရာဒေသများတွင် အိုးလုပ်ငန်းကျွမ်းကျင်လုပ်သားပညာရှင်နည်းပါးပြီး မိရိုးဖလာ လုပ်ကိုင်လာသူများကသာ အစဉ်အလာမပြတ်လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ထို့အပြင် မြေအိုးပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ရှားပါးလာခြင်း၊ ဝယ်ယူအသုံးပြုသည့် ကုန်ကျစရိတ် များပြားခြင်း၊ တစ်ဆင့်ခံဝယ်ယူပြုလုပ်သည့် မြေအိုးများ မီးဖုတ်ရာတွင် အိုးကျ (အိုးကွဲ) များပြားလာခြင်းတို့ကြောင့် အိုးဖောက်သည် (ဝယ်ယူသူ) ရှားပါးလာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြန်သည်။ အိုးလုပ်ငန်းသည် ရှေးအစဉ်အဆက်ကပင် လူကြီးများက လူငယ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးလာခဲ့သောပညာရပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ယနေ့ခေတ်လူငယ်များက အိုးလုပ်ငန်းသည် ဝင်ငွေနည်းပါးသည့် လုပ်ငန်းတစ်ခုဟုမှတ်ယူကာ လက်ဆင့်ကမ်းပညာသင်ယူသော အိုးလုပ်သားများ မရှိသလောက်ရှားပါးလာသည်။
ယနေ့လူ့ဘောင် အဖွဲ့အစည်းတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များနှင့် စိန်ခေါ်မှုများစွာရှိလာပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေ ပိုမိုရှာဖွေနိုင်ရေးတို့အတွက် မြို့ပြများ (သို့မဟုတ်) ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန်ကိုသာ ပိုမိုဦးစားပေးလာကြသည်။ အချို့ဒေသများတွင် အိုးလုပ်ငန်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်သည့် သက်ကြီးပိုင်းများကြောင့် အိုးလုပ်ငန်းများ ပုံမှန်လည်ပတ် လျက်ရှိသော်လည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန် မစွမ်းဆောင်နိုင်ခြင်း၊ လက်ဆင့်ကမ်းလုပ်ကိုင်မည့် လူငယ်လုပ်သားများ ရှားပါးလားခြင်းနှင့် ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် ရိုးရာအမွေအနှစ်လုပ်ငန်း တစ်ခုဖြစ်သည့် အိုးလုပ်ငန်းပျောက်ကွယ်သွားမည်မှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထို့အပြင် မြေထည်လက်မှုအသုံးအဆောင်များနေရာတွင် ဝယ်ယူအသုံးပြုရလွယ်ကူသည့် ခေတ်မီအသုံးအဆောင် ပစ္စည်းများနေရာယူလာခြင်းသည်လည်း မြေထည်လက်မှုလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီဖြစ်သည်။ မြန်မာ့ရိုးရာမြေထည်၊ စဉ့်ထည်ပစ္စည်းများဖြစ်သည့် စဉ့်အိုး၊ မြေအင်တုံ၊ ပန်းအိုး၊ ငရုတ်ဆုံ၊ ဆီမီးခွက်၊ ကလေးကစားစရာ မြေထည်လက်မှုပစ္စည်းများသည် ပြောင်းလဲလာသည့် လူမှုအသိုက်အဝန်းအတွင်း ရပ်တည်ရန် ခက်ခဲလျက်ရှိနေပြီဖြစ်သည်။
နိုင်ငံတကာတွင် လက်မှုပညာအသုံးအဆောင်များကို ကျွမ်းကျင်ပညာရှင်များနှင့် ခေတ်မီ နည်းပညာပံ့ပိုးကာ ရောင်းတမ်းဝင်အသုံးအဆောင်များအဖြစ် တန်ဖိုးမြှင့်တင်စီစဉ်ဆောင်ရွက်ကြသလို မြန်မာနိုင်ငံရှိ ရိုးရာလက်မှုအတတ်ပညာတစ်ခုဖြစ်သည့် မြေအိုးလုပ်ငန်းများကိုအသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဝိုင်းဝန်းအားပေးမြှင့်တင်ဆောင်ရွက်မည်ဆိုပါက ပိုမိုထွန်းကားကျယ်ပြန့်လာကာ နှစ်ပေါင်းများစွာတိုင်အောင် ရေရှည်တည်တံ့နေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကျမ်းကိုးစာရင်းများ-
၁။ ဒေါက်တာသန်းထွန်း၊ “မြန်မာ့အိုးသမိုင်းနှင့် ဖြည့်စွက်စာတမ်း ၈ စောင်”၊ ၂၀၁၃ခုနှစ်၊ မတ်လ။
၂။ “မြန်မာ့အိုးခွက်လုပ်ငန်း”၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)။
၃။ DOCA(မကွေး)၊ “ရေစကြိုဒေသထွက်ပခန်းအိုး”၊ စားသုံးသူရေးရာဦးစီးဌာန၊ Website ၊ ၂၀၂၂ခုနှစ်၊ မေလ။
၄။ အခြားစာပေများ။

သတင်းသမားတစ်ဦးဖြစ်တာနဲ့အညီ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရရှိသူများနဲ့ အဘက်ဘက်မှကူညီပံ့ပိုးသူများအား ဂုဏ်ပြုညစာစားပွဲသို့ ညီနောင်မီဒီယာများနဲ့အတူ ညစာစားပွဲကျင်းပရာ မြဝတီမီဒီယာစင်တာသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဒုတိယအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပထမတစ်ကြိမ်ကတော့ ရုပ်ရှင်ဇာတ်ကား Red Carpet Show ပြသတဲ့ပွဲပါ။ မြဝတီမီဒီယာစင်တာရဲ့ ခမ်းနားမှုကိုတော့ အဲ့ဒီကတည်းက သိခဲ့ရတာပါ။ ရုပ်ရှင်ရုံရဲ့လေအေးပေးစက်စနစ်ကောင်းမွန်တာရော ရုပ်ရှင်ပိတ်ကား၊ ရုပ်ရှင်ပြစက်နဲ့ အသံစနစ်တွေ ခေတ်မီတာရောတွေ့ခဲ့ရပါတ
သတင်းသမားတစ်ဦးဖြစ်တာနဲ့အညီ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရရှိသူများနဲ့ အဘက်ဘက်မှကူညီပံ့ပိုးသူများအား ဂုဏ်ပြုညစာစားပွဲသို့ ညီနောင်မီဒီယာများနဲ့အတူ ညစာစားပွဲကျင်းပရာ မြဝတီမီဒီယာစင်တာသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဒုတိယအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပထမတစ်ကြိမ်ကတော့ ရုပ်ရှင်ဇာတ်ကား Red Carpet Show ပြသတဲ့ပွဲပါ။ မြဝတီမီဒီယာစင်တာရဲ့ ခမ်းနားမှုကိုတော့ အဲ့ဒီကတည်းက သိခဲ့ရတာပါ။ ရုပ်ရှင်ရုံရဲ့လေအေးပေးစက်စနစ်ကောင်းမွန်တာရော ရုပ်ရှင်ပိတ်ကား၊ ရုပ်ရှင်ပြစက်နဲ့ အသံစနစ်တွေ ခေတ်မီတာရောတွေ့ခဲ့ရပါတယ်။
ဒီနေ့ည ညစာစားပွဲကတော့ မြဝတီမီဒီယာစင်တာရဲ့ ဆဋ္ဌမအလွှာ ခုနစ်ထပ်က Ballroom ခန်းမမှာကျင်းပတဲ့ အကယ်ဒမီဂုဏ်ပြုညစာစားပွဲပါ။ အချိန် စောနေတာနဲ့ မီဒီယာအဖွဲ့ကိုပေးတဲ့ ထမင်းဘူးလေးကိုယူရင်း ခန်းမနဲ့တွဲလျက် လေသာဆောင်ဝရန်တာကို ထွက်လို့ ရန်ကုန်မြို့ရှုခင်းကို ကြည့်မိပါတယ်။ လေသာဆောင်ကလည်း ကျယ်ဝန်းလှသမို့ လူ ၃၀၀-၄၀၀ လောက်ဆံ့နိုင်ပြီး ရန်ကုန်မြို့ရှုခင်းကို အပေါ်စီးကကြည့်ရှုခံစားရင်း ညနေခင်းဆည်းဆာ ပွဲ တစ်ခုအဖြစ် စိတ်ကူးယဉ်နေမိပါတယ်။
အတွေးစိတ်ကူး မဆုံးခင်မှာဘဲ အကယ်ဒမီညစာစားပွဲမှာ စိန်နန်းတော်က စီစဉ်ထားတဲ့ Media Corner ကို ပြန်လှည့်ရပါတယ်။ ကိုယ့် Entertainment Media logo ပါတဲ့ MIC လေးနေသားတကျချထားပြီး အနုပညာရှင်ဖန်တီးရှင်များရဲ့ အကယ်ဒမီမုဒိတာစကားတွေကို တစ်ဦးပြီးတစ်ဦး ရယူရပါတော့တယ်။ ၂၀၂၄ အကယ်ဒမီဆု၁၆ ဆုပေမယ့် ပေါင်းလိုက်တော့ ဇာတ် ကားကခြောက်ကားပါပဲ။ ကိုယ့်တိုက်ပိုင်က အကယ်ဒမီအချက်အလက်တွေသေသေချာချာဖတ်မှတ်ရယူဖို့ မှာကြားတော့ ကျွန်တော့် Hand Phone ထဲမှာ အသင့်ရှိပါကြောင်း၊ ဖတ်မှတ်ပြီးပါကြောင်း Viber ပေါ်ကနေ Report ပြန်လုပ်ရပါတယ်။
Media Corner မှာ အင်တာဗျူးသတင်းတွေရယူရသလိုပဲ အကယ်ဒမီဂုဏ်ပြုညစာစားပွဲရဲ့ အစီအစဉ်ကိုလည်း အာရုံပြုရပြန်ပါတယ်။ ညစာစားပွဲကျင်းပတဲ့ Ballroom ရဲ့ ကျယ်ဝန်းတဲ့အနေအထား၊ မီးပန်းဆိုင်းတွေရဲ့အလှက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေရဲ့ Ballroom မျိုးပါပဲခမ်းနားလှပါတယ်။ Stage စင်မြင့်ပေါ်မှာ ကြီးမားတဲ့ LED ကြီးနဲ့အတူ အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကလည်း ဘယ်ညာဟန်ချက်ညီခံ့ထည်နေပါတယ်။ တဖွဲဖွဲရောက်ရှိလာကြတဲ့ တက်ရောက်ချီးမြှင့်ကြသူတွေကို မှတ်တမ်းတင်ရင်း ခင်းကျင်းထားတဲ့ စင်မြင့်ပေါ်က စားပွဲပေါ်မှာ အကယ်ဒမီရွှေစင်ရုပ်တုကိုးဆုရှိနေတာ ရေတွက်မိပါတယ်။ ၁၆ ဆုဆိုတော့ အကယ်ဒမီဆုရသူ ခုနစ်ယောက်ရောက်ဖို့ကျန်သေးတယ်လို့ တွက်ဆမိပြီး ၂၀၂၄ အကယ်ဒမီဆုချီးမြှင့်ပွဲအကြောင်းဖတ်မှတ်သွားဖို့ မှာကြားချက်ကို ကျေးဇူးတင်မိနေပါတယ်။
စင်မြင့်ရဲ့ LED Board ပေါ်မှာ စိန်နန်းတော် ရတနာဆိုင်ရဲ့ ကြော်ငြာကိုလည်း မြိုင်မြိုင် ဆိုင်ဆိုင်တွေ့ရပါတယ်။ အဲ့ဒီကြော်ငြာပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၄ အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည် ပြသမယ့် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ် ကြော်ငြာကလည်း ရှေ့ဆင့်နောက်ဆင့်ပေါ် လာပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့(၇၉) နှစ်မြောက်နေ့ဆိုတော့လည်း မနှစ်က ရန်ကုန် ဝင်္ဂပါလမ်းက အစည်းအရုံးပရိဝုဏ်ထဲမှာကျင်းပခဲ့တဲ့ မတ်လ ၈ ရက်နေ့က (၇၈)နှစ်မြောက်နေ့ကိုလည်း ပြန်သတိရမိတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီးတက်ရောက်တာကို သတင်းရယူခဲ့တာရယ် နိဗ္ဗာန်စျေးလိုစျေးတန်းတွေက မုန့်တွေစားခဲ့ရတာရယ် အမှတ်ရမိတယ်။ တစ်နှစ်ဆိုတာမကြာလိုက်ပါလား။
ရုပ်ရှင်ကိုချစ် ရုပ်ရှင်ကြည့်ရတာကြိုက်လို့လည်း Entertainment Media သတင်းသမားဖြစ်ခဲ့ရတာပါ။ အကယ်ဒမီဆုရဇာတ်ကားတွေ တစုတစည်းတည်းကြည့်ရမှာဆိုတော့ သိပ်ကောင်းတဲ့အစီအစဉ်လို့လည်းခံစားမိလိုက်ပါတယ်။ လက်ရှိရုပ်ရှင်လောကအခြေအနေကိုသိနေတော့ ရုပ်ရှင်ရုံအခက်အခဲရှိတာလည်းသိနေပါတယ်။ ရုံတင်ဖို့တန်းစီနေရတဲ့ ဇာတ်ကားတွေကလည်း ရာဂဏန်းရှိနေတယ်လို့ ကြားသိရပါတယ်။ ရုံအခက်အခဲရှိနေတဲ့ကြားက ၂၀၂၄ အကယ်ဒမီဆုရဇာတ်ကားတွေကိုပြသမယ့် အစီအစဉ်ကောင်းတွေကို ဘယ်လိုပြမှာလဲ၊ ဘယ်ရုံမှာပြမှာလဲဆိုတာသိချင်လာပါတယ်။
သွားပါများ ခရီးရောက် မေးပါများစကားရဆိုသလို ရုပ်ရှင်အစည်းအရုံးက နှံ့စပ်သူဆီ စနည်းနာရတာပေါ့။ ၂၀၂၄အကယ်ဒမီ ၁၆ ဆုချီးမြှင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားခြောက်ကားကရရှိခဲ့တာဖြစ်လို့ရုပ်ရှင်ဆင်ဆာခွင့်ပြုချက်ရရှိခဲ့တဲ့ ရက်စွဲအလိုက် ဘိုးတော်ကင်း၊ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ မီး၊ နှောင်၊ အိပ်မက်ကာရန်နဲ့ တိမ်ပန်းချီဇာတ်ကားတွေကို တစ်ကားကို သုံးရက်နှုန်းနဲ့ မတ်လ ၉ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိ ရက်သတ္တပတ် သုံးပတ်ကြာ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် အဖြစ်ပြသသွားမှာဖြစ်ပါတယ်။ ပြသမယ့်ရုံက Star Cinema ဖြစ်တဲ့ မြဝတီမီဒီယာ စင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်အတွက် အထူးအစီအစဉ်အနေနဲ့ အစည်းအရုံးရဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာ အကယ်ဒမီရဇာတ်ကားတွေ သီးသန့်ပြသတဲ့ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်အဖြစ် စီစဉ်လိုက်ရတာလို့လည်းသိလိုက်ရတော့ စဉ်းစားစီစဉ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ဒီခြောက်ကားမှာ နှောင်နဲ့တိမ်ပန်းချီဇာတ်ကားရဲ့ ပရီမီယာရှိုးတွေ သွားရောက်သတင်းယူခဲ့တာမို့ အကယ်ဒမီ ဘယ်လိုတွေရတယ်လို့ သိရှိပြီးပေမယ့်ကျန်လေးကားကို မကြည့်လိုက်ရလို့တောင့်တနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဇာတ်ကားတွေပြမယ့် ရက်တွေကိုဆက်ပြီး စပ်စုမိပြန်ပါတယ်။ တစ်ရက်ကို မွန်းလွဲ ၁ နာရီပွဲနဲ့ ၄ နာရီတို့မှာ နှစ်ပွဲပြမှာဖြစ်ပြီး ၉-၃-၂၀၂၅ ရက်နေ့မှ ၁၁-၃-၂၀၂၅ ရက်နေ့ထိ ဘိုးတော်ကင်း၊ ၁၃-၃-၂၀၂၅ ရက်နေ့မှ ၁၅-၃-၂၀၂၅ ရက်နေ့ထိချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊၁၆-၃-၂၀၂၅ ရက်နေ့မှ ၁၈-၃-၂၀၂၅ ရက်နေ့ထိ မီး၊ ၂၀-၃-၂၀၂၅ ရက်နေ့မှ ၂၂-၃-၂၀၂၅ ရက်နေ့ထိ နှောင်၊ ၂၃-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့ထိ အိပ်မက်ကာရန်၊ ၂၇-၃-၂၀၂၅ ရက်နေ့မှ ၂၉-၃-၂၀၂၅ရက်နေ့ထိ တိမ်ပန်းချီတို့ပြမှာဖြစ်ပါတယ်။ ကျွန်တော်မကြည့်ရသေးတဲ့ ဇာတ်ကားတွေကို Entertainment News တွေအဖြစ်သတင်းရယူရင်း ကြည့်ရမယ့် ဇာတ်ကားတွေ ရက်စွဲတွေ ပွဲချိန်တွေကို မှတ်သားမိနေပါတယ်။ ကြည့်ရမယ့်နေရာကလည်း တစ်ကြိမ်ကြည့်ခဲ့ဖူးပြီး အစစခေတ်မီပြည့်စုံလှတဲ့ ရန်ကင်း၊ ဘောက်ထော်၊ မိုးကောင်းလမ်းမပေါ်က မြဝတီမီဒီယာစင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာဆိုတော့ အကယ်ဒမီဆုရဇာတ်ကားကောင်းတွေက သွားရောက်ကြည့်ရှုဖြစ်မယ့် ကျွန်တော်အပါအဝင် ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ရသတွေအပြည့်အဝပေးတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါလို့ သတင်းကောင်းပါးလိုက်ပါရစေတော့။ ဇာတ်ကားကောင်းတွေကိုသွားရောက်ကြည့်ရှုရင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုကြိုဆိုရင်းမြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ကိုစောင့်မျှော်နေရင်း........ ။ ။
Source: https://myawady.net.mm/stories

မြန်မာမိန်းကလေးတွေအတွက် မရှိမဖြစ် မြန်မာ့ရိုးရာသနပ်ခါးကတော့ ကျွန်မတို့ငယ်စဉ်ကလေးဘဝ ကတည်းက ကျွန်မတို့ရဲ့အဘွားတွေအမေတွေ အစ်မတွေက အမြတ်တနိုးလိမ်းပေးခဲ့ပါတယ်။ အသားအေးတယ်။ ချစ်စရာကောင်းတယ်။ ကလေးငယ်များကို သနပ်ခါးခွံ့ခြင်းဓလေ့လည်းရှိကြပါတယ်။ ကလေးတွေကြို့ထိုးရင် သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ ခါးသက်သက်အရသာလေးကလည်း နှစ်သက်စရာလေးပါနော်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေဘိုသနပ်ခါးသီချင်းလေး ထဲက “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ည
မြန်မာမိန်းကလေးတွေအတွက် မရှိမဖြစ် မြန်မာ့ရိုးရာသနပ်ခါးကတော့ ကျွန်မတို့ငယ်စဉ်ကလေးဘဝ ကတည်းက ကျွန်မတို့ရဲ့အဘွားတွေအမေတွေ အစ်မတွေက အမြတ်တနိုးလိမ်းပေးခဲ့ပါတယ်။ အသားအေးတယ်။ ချစ်စရာကောင်းတယ်။ ကလေးငယ်များကို သနပ်ခါးခွံ့ခြင်းဓလေ့လည်းရှိကြပါတယ်။ ကလေးတွေကြို့ထိုးရင် သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ ကလေးတွေဖြစ်တတ်တဲ့ ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ ခါးသက်သက်အရသာလေးကလည်း နှစ်သက်စရာလေးပါနော်။ ငယ်ငယ်ကကြားဖူးခဲ့တဲ့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရွှေဘိုသနပ်ခါးသီချင်းလေး ထဲက “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ၊ ပုဇွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူဖြူ ကြံကြံဖန်ဖန်ရန်ကုန်သူ မန္တလာမြင့်တို့ရန်ကုန်သူ မန္တလေးသွားလို့ အသားမဲပြန်သတဲ့ဆူ။” အသားဖြူဖို့ သနပ်ခါးလိမ်းပါတဲ့နော်။ နောက်ရှိပါသေးတယ်။
“ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ။” ဆိုတဲ့ သီချင်းလေးတွေက မြန်မာမိန်းကလေးတွေရဲ့ ချစ်စရာအလှတရားကိုဖော်ဆောင်ပေးပြန်ပါတယ်။
သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့မှာတွေ့ရှိရကြောင်း မှတ်သားရပါတယ်။ မြန်မာ့သနပ်ခါးဟာ အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။ စီးပွားဖြစ် စိုက်ပျိုးကြရုံသာမက မိမိတို့ အိမ်ခြံဝင်းထဲတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း သနပ်ခါးစိုက်ပျိုးထွက်ရှိရာ ဒေသများအနက် အရာတော်မြို့ကို “သနပ်ခါးမြို့တော်” ဟုတင်စားခေါ်ဝေါ်ကြကြောင်းသိရှိရပါတယ်။ ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်လည်း ထင်ရှားပါတယ်။ သနပ်ခါးပင်ဟာ ရေငတ်ဒဏ်နှင့် ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုကောင်းစွာခံနိုင်တဲ့ နှစ်ရှည်ပင်ဖြစ်ပါတယ်။ ဂရုတစိုက်ပြုစု ပျိုးထောင်ရတဲ့အပင်မျိုးဖြစ်ပြီး မြေချစိုက်ပျိုးတဲ့နေ့မှ သုံးနှစ်အထိ အချိန်စောင့်ရပါတယ်။ သနပ်ခါးပင်ဟာ တစ်ဖန်ပြန်ပြီး စိုက်ပျိုးစရာမလိုတဲ့ အဖိုးတန် နှစ်ရှည်ပင် ဖြစ်ပါတယ်။ ပထမအကြိမ်ခုတ်ပြီး သန်မာထွားကျိုင်းတဲ့သားတက်များ ထပ်ခါထပ်ခါ ထွက်လာနိုင်တဲ့အတွက် ဘိုးစဉ်ဘောင်ဆက်ခုတ်ယူရောင်းချနိုင်လို့ “အပူပိုင်းပဒေသာပင်၊ အပူပိုင်းဒေသရဲ့ရတနာ” တစ်ပါးလို့ တင်စားကြပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုများစွာရှိတဲ့အနက် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဟာ ယနေ့တိုင် ထင်ရှားဆဲဖြစ်တဲ့ ဓလေ့တစ်ခုဖြစ်နေပါတယ်။ မြန်မာသနပ်ခါးလိမ်းတဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ဟာ အေဒီ ၅ ရာစုမှအေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့ပြီး ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြကြောင်း မှတ်သားရပါတယ်။ သမိုင်းမှာ ဗိဿနိုးဘုရင်မကြီးရဲ့ အလှပြင်ပစ္စည်းမှာ ကျောက်ပျဉ်နှင့်သနပ်ခါးပါဝင်ခဲ့သလို ရာဇဓာတုကလျာရဲ့ ရွှေပိန်းချကျောက်ပျဉ်ကိုလည်းတွေ့ရှိမှတ်သားရပါတယ်။
အေဒီ ၁၁ ရာစု၌ ပုဂံပြည်ရှိ မြင်းကပါက ဂူပြောက်ကြီးဘုရား၊ နဂါးရုံဘုရား၊ အပယ်ရတနာဘုရားတို့၏ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနဲ့အသုံးပြုရတဲ့ကျောက်ပျဉ်နဲ့ အလှဆင်နေတဲ့ မိန်းမပျိုပုံများကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ရှေးခေတ်ကတည်းက သနပ်ခါးကို မြန်မာမိန်းကလေးများ နှစ်သက်မြတ်နိုးစွာ အလှဆင်လိမ်းခြယ်ခဲ့ကြောင်းသိရှိနိုင်ပါတယ်။ အခုနှစ်မှာတော့ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုသို့တင်သွင်းရန်အတွက် အထောက်အပံ့ဖြစ်ဖို့ လှုပ်ရှားမှုအနေနဲ့ သွေးချင်းတို့စုံလင် သနပ်ခါးသဘင်သရုပ်ဖော်ပြိုင်ပွဲကို ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရှိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်။ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ အသက်အရွယ်မရွေးလိမ်းခြယ်ကြပါတယ်။ နံနက်ခင်းအချိန်ကျောင်းတက်မယ့် ကလေးငယ်များဆိုရင် သနပ်ခါးဖွေးဖွေးနဲ့ အလွန်ပင်ချစ်စရာကောင်းလှပါတယ်။
ရုံးတက်မယ့် ရုံးဝန်ထမ်းမိန်းကလေးကြီးကြီးငယ်ငယ်တို့မှာလည်း သနပ်ခါးပါးကွက်ကြားလေးနဲ့ လှပတင့်တယ်နေကြပါတယ်။ အိမ်မှာကျန်ရစ်တဲ့ အဘွားတို့ကိုလည်း သနပ်ခါးလေးလိမ်းခြယ်ပေးထားရင် အလွန်ကျက်သရေရှိနေပါတော့တယ်။
သနပ်ခါးကို အမြတ်တနိုးနဲ့ ပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိတဲ့ ရခိုင်လူမျိုးတို့ရဲ့ နံ့သာသွေးပွဲလေးကလည်း အလွန်ပင်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကျွန်မအဖေ စစ်တွေမှာ တာဝန်ကျစဉ်က ပါဝင်ဆင်နွှဲခဲ့ရတဲ့ ရခိုင်လူမျိုးတို့ရဲ့ ရိုးရာသင်္ကြန်ပွဲတော်ဟာ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့များနဲ့ ကျင်းပလေ့ရှိကြပါတယ်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော် သင်္ကြန်အကြိုရက်မှာ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်၊ သနပ်ခါး စတဲ့အမွှေးနံ့သာတို့ကို တပျော်တပါးသွေးကြပြီး ရိုးရာဓလေ့အစဉ်အလာအတိုင်း ဗုဒ္ဓဆင်းတုတော်များကို ရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာရည်များနဲ့ပူဇော်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်းတို့ပြုလုပ်ပြီး ကုသိုလ်ယူလေ့ရှိကြပါတယ်။ ရခိုင်ပြည်နယ်မှာ နံ့သာသွေးပွဲကို စန္ဒာသူရိယမင်းလက်ထက်မှ စတင်ပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပြီးစီးသော သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်မိဖုရားနဲ့တကွ မှူးမတ်ပြည်သူအပေါင်းတို့က နံ့သာသွေးကြကာ အမွှေးနံ့သာရည် များနဲ့ ပူဇော်ကြခြင်းကြောင့် နံ့သာသွေးပွဲစတင် ကျင်းပခဲ့ကြကြောင်း မှတ်သားရပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုဖြစ်တဲ့ ယောနယ်မှာလည်း သနပ်ခါးပါးတို့ပွဲဆိုတဲ့ ရိုးရာဓလေ့လေးတစ်ခုရှိပါသေးတယ်။ အင်မတန်ချစ်စရာကောင်းတဲ့ ပွဲတော်လေးဖြစ်ပါတယ်။ ကိုယ်တိုင်မကြုံရပေမယ့် “သနပ်ခါးပါးတို့ပွဲ” သီချင်းလေးကို သတိရမိပါတယ်။
“ သဘောဖြူ မနောဖြူ ယောသူတို့ရွာ၊ ပုံတောင်ပုံညာကာဆီး ကြီးဧရာ့ရွာ အပျိုချောတွေ သောသောညံမစဲ အပျို အပျို အပျို အပျို၊ လူပျိုချောတွေ သောသောညံမစဲ လူပျို လူပျို လူပျို လူပျို၊ တစ်နှစ်တစ်ခါကြုံဆုံကြသည်ပွဲမှာ ချစ်ဘူတာရုံဆိုရမည်မလွဲပါ၊ ညလုံးပေါက်ဆင်နွှဲကြတာ သနပ်ခါးပါးတို့ပွဲပါ” တဲ့နော်။
ယောနယ်က တစ်ရွာနဲ့တစ်ရွာ စည်းလုံးညီညွတ်မှု၊ ၅၂၈ ချစ်ခြင်းမေတ္တာ၊ လူငယ်ဘဝ မောင်နှင့်မယ်တို့ရဲ့ ၁၅၀၀ မေတ္တာရသတို့ကို မြင်ရသိရတဲ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်မှာ မြတ်စွာဘုရား အားပူဇော်တဲ့ ဆီမီးဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများ၊ မီးကြာခွက်များနဲ့ မီးစကြာလှည့်ပွဲတို့ကို နယ်သူနယ်သားများစုပေါင်းပြီး ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြတာကလည်း ကုသိုလ်ရေးဆိုလက်မနှေးတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။ လူကြီးလူငယ်အပေါင်း မှန်တွေ ၊ သနပ်ခါးဘူးတွေယူကာ လှလှပပဝတ်စားပြင်ဆင်ပြီး မီးစကြာလှည့်မယ့်ပွဲတော်သို့သွားကြပါတယ်။ အဲဒီမှာ အပျို လူပျိုတွေတန်းစီပြီး သနပ်ခါးတို့သူကတို့ မှန်ထောင်ပေးသူဆီမှာ သနပ်ခါးညီမညီပြန်ညှိနဲ့ အင်မတန်ပျော်စရာကောင်းလှပါတယ်။ ယောနယ်ရဲ့ ချစ်စရာရိုးရာဓလေ့သနပ်ခါးပါးတို့ပွဲလေးက ကြည်နူးစရာအလွန်ကောင်းလှပါတယ်။ ကျွန်မရဲ့မိခင်ကြီးဇာတိမြို့ မင်းဘူးနဂါးပွက်တောင် မှာဆိုရင် စောင်းတန်းထဲမှာ သနပ်ခါးကျောက်ပျဉ်အကြီးကြီးနဲ့ သနပ်ခါးတုံးတွေ လှူဒါန်းထားတာတွေ့ရပါတယ်။ ဘုရားဖူးလာရင်း နံ့သာသွေးပြီးလည်းလှူနိုင်သလို ကိုယ်တိုင်လည်းလိမ်းကြ မှန်ကြီးကြီးကိုကြည့်ပြီး သနပ်ခါးညှိကြနဲ့ ပျော်စရာတစ်ခုပါပဲ။ မြန်မာနိုင်ငံအနှံ့အပြားက ဘုရားစေတီပုထိုးများရဲ့ ဘုရားစောင်းတန်းတွေမှာ သနပ်ခါးကျောက်ပျဉ်နဲ့သနပ်ခါးတုံးတွေလှူထားတတ်ကြပါတယ်။
မြန်မာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာတစ်မျိုးဖြစ်ပါတယ်။ အပွေးအခေါက်ရှိတဲ့အပင်ဖြစ်ပါတယ်။ အသီး၊ အရွက်၊ အမြစ်၊ ပင်စည်၊ အကိုင်းအားလုံးဆေးဖက်ဝင်ပါတယ်။ မြန်မာ့ဆေးကျမ်းများမှာတော့ “သနပ်ခါးသည်ပူ၏။ သွေးကို ကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာနှစ်မျိုးစလုံးကိုနိုင်စေ၏။ ပူ၍ကိုက်သော ဒူးဆစ်ရောင်ရောဂါကို သနပ်ခါးပင်အမြစ်ကိုသွေးလိမ်းပေးလျှင် အေးပြီးအရောင်ကျစေ၏” ဟုဆိုထားကြောင်းသိရပါတယ်။ သနပ်ခါးခေါက်မှာ Tannic acid အဓိကပါဝင်တဲ့အတွက် ဗက်တီးရီးယားများကိုသေစေနိုင်ခြင်း၊ အရေပြားကိုကျုံ့ဝင်စေပြီး တင်းရင်းစေတဲ့ အော်ဂဲနစ်ပစ္စည်းများပါဝင်တဲ့အတွက် အရွယ်တင်နုပျိုစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ ဝက်ခြံ၊ တင်းတိပ်အဖြူအမည်းစက်များ၊ အဖုအပိမ့်များကို ပျောက်ကင်းစေခြင်းတို့ဖြစ်ပါတယ်။ အရေပြားယားယံမှုဖြစ်ပါက သနပ်ခါးနဲ့ဆားကိုသွေးလိမ်းရင် ပျောက်ကင်းနိုင်ပါတယ်။ သနပ်ခါး လိမ်းထားတဲ့အခါ အသားအရေမှာရှိတဲ့ ချွေးပေါက်၊ အဆီပေါက်တွေကိုကျုံ့သွားပြီး အဆီထွက်အားကို လျော့နည်းစေပါတယ်။ မြန်မာကျေးလက် လုံမပျိုတို့ဟာ ကောက်စိုက်ချိန်၊ နွေရာသီ ကောက်ရိတ်သိမ်းချိန်၊ သီးနှံခူးချိန်တို့မှာ သနပ်ခါးကို ထူထူလိမ်းကာ အပူဒဏ်ကိုကာကွယ်လေ့ရှိပါတယ်။ ရှေးခေတ်နန်းတွင်းသူတို့လည်း နှစ်ခြိုက်စွာ လိမ်းခြယ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။ ယခုအချိန်ထိ မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ နေ့စဉ်နေ့တိုင်း သနပ်ခါးကို အလှဆင်ပစ္စည်းအဖြစ် အမြတ်တနိုးလိမ်းခြယ်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း သနပ်ခါးကို ကြိုက်နှစ်သက်ပါတယ်။ အောက်ခံ ခရင်တစ်ခုခုလိမ်းပြီး သနပ်ခါးကို ထူထူလိမ်းလေ့ရှိပါတယ်။ သနပ်ခါးမပါရင် နေအပူဒဏ်ကိုခံနိုင်မှုမရှိပါ။ သနပ်ခါးပါးကွက်ကြားလေးနဲ့ လှရက်ရှာပေတယ်လို့ ဆိုကြတယ်မဟုတ်ပါလား။ သင်းသင်းလေးမွှေးသော သနပ်ခါးရနံ့လေးကိုလည်း အလွန်နှစ်သက်မိပါတယ်။ ကျောက်ပျဉ်ပေါ်မှာ မြန်မာ့သနပ်ခါးတုံးစစ်စစ်ကို ရေလေးဖျန်းကာသွေးပြီး လိမ်းရတဲ့ အရသာက အလွန်မွှေးပျံ့အေးမြလှပါတယ်။
သနပ်ခါးဟာ သင်းသင်းလေးမွှေးလို့ အခုချိန်မှာတော့ အလှပြင်ပစ္စည်းတချို့မှာ သနပ်ခါးနံ့လေးထည့်ပြီး ထုတ်လုပ်နေကြပါပြီ။
ရေမွှေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါစတာတွေမှာလည်း သနပ်ခါးအနံ့ကို ဓာတုဗေဒနည်းနဲ့ဖော်စပ်ကာ ထည့်သွင်းအသုံးပြုကြပါတယ်။ သနပ်ခါးစစ်စစ်နှင့် မတည့်သူရှားမယ်လို့ထင်ပါတယ်။ မြန်မာ့သနပ်ခါးဟာ တော်ဝင်တဲ့၊ ဂုဏ်ယူစရာကောင်းတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အရေပြားအထူးကုဆရာဝန်ကြီးတစ်ဦးက သနပ်ခါးကို N သုံးလုံး (Natural, Nontoxic,Non-allergic)လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ ရယ်ဒီမိတ်သနပ်ခါးဘူးများ ထုတ်လုပ်နေကြပါတယ်။ သနပ်ခါးတုံးအစစ်လောက် မကောင်းပါဘူး။ သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်တင်သွေးပြီး ချက်ချင်းလိမ်းရတဲ့အရသာကိုပဲနှစ်သက်ပါတယ်။ သနပ်ခါးတင်မကဘဲ ကျွန်မတို့နိုင်ငံမှာ အမွှေးနံ့သာပင်များလည်း ပေါက်ရောက်ပါတယ်။ ကရမက်၊ နံ့သာဖြူ၊ တောင်တန်ကြီး၊ တောင်တန်ကတိုး စတဲ့အမွှေးနံ့သာပင်များကလည်း ကျွန်မတို့ မြန်မာမိန်းကလေးများအတွက် သဘာဝကပေးတဲ့ အော်ဂဲနစ်အလှအပဆိုင်ရာပစ္စည်းများဖြစ်ကြပါတယ်။ ရာသီဥတုအပေါ်မူတည်ပြီး လိမ်းကျံလို့ရပါတယ်။ ဆေးဖက်ဝင်တဲ့ အမွှေးနံ့သာများဖြစ်ပါတယ်။ ကရမက်ဆိုရင်အသားအေးတယ်။ နွေရာသီမှာ အပူဒဏ်ခံနိုင်အောင် ကာကွယ်နိုင်ပါတယ်။ သွေးတိုးအမူးရောဂါအတွက် ကရမက်ကိုသွေးပြီး ဆန်ဆေးရည် ရောသောက်ပါက သက်သာစေနိုင်ကြောင်း မှတ်သားရပါတယ်။ တောင်တန်ကြီး၊ တောင်တန်ကတိုးဆိုရင် ခြေထောက်နာတာတို့ ကိုက်ခဲတာတို့ဆိုရင် ဆေးအဖြစ်လိမ်းနိုင်ပါတယ်။ နံ့သာဖြူ၊ နံ့သာနီတို့ဆိုရင် ကျွန်မတို့အဘွားတွေလိမ်းထားပါက အနံ့သင်းသင်းချိုချိုလေးနဲ့မွှေးနေတာပါ။ မြန်မာ့ဆေးကျမ်းမှာ “နံ့သာဖြူ၊ နံ့သာနီ(နံ့သာနှစ်ပါး) သွေးတဲ့အရည်နဲ့ ကံ့ကော်ဝတ်ဆံပေါင်းလိမ်းပေးရင် ပူပြီးကိုက်တဲ့ ဒူးဆစ်ကိုက်ရောဂါသက်သာစေပါတယ်” လို့ မှတ်သားရပါတယ်။
သနပ်ခါးကို မြန်မာလူမျိုးသာမက နိုင်ငံခြားသားများကလည်း နှစ်ခြိုက်ကြကြောင်းတွေ့ရှိရပါတယ်။ သနပ်ခါးလေးနဲ့ မိန်းကလေးတွေဟာ အလွန်လှပကြပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးစံကို များများဖော်ထုတ်ကြ စေချင်ပါတယ်။ သနပ်ခါးစစ်စစ်ထုတ်ကုန်များထုတ်လုပ်စေချင်ပါတယ်။ မြန်မာ့ရေမြေတောတောင်ကနေ ထွက်ရှိတဲ့ ဆေးဖက်ဝင်သဘာဝ မြန်မာ့သနပ်ခါးဟာ အဖိုးထိုက်တန်လွန်းလှပါတယ်။ မြတ်နိုးတန်ဖိုးထား သင့်ပါတယ်။ ကျွန် ကတော့ အမြဲသနပ်ခါးလိမ်းနေရရင် ကျေနပ်နေတာပါပဲ။
ဘာမိတ်ကပ်မှလိမ်းဖို့မလိုပါဘူး။ အဖိုးတန်မြန်မာ့သနပ်ခါးကို အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကျွန်မတို့ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။ မြန်မာနဲ့ သနပ်ခါးဟာ ခွဲခြားမရတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြစ်ပါတယ်။
သနပ်ခါးလေးလူးပြီး မြန်မာရိုးရာဝတ်စုံလေးဝတ်ကာ ကျက်သရေရှိတဲ့ ယဉ်ကျေးတဲ့ မြန်မာအမျိုးသမီးများ ကျန်းမာလှပနိုင်ကြပါစေ။ ။
Source: Myawady Web Portal

ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဆယ်ခုမြောက်လဖြစ်သည်။ ဆောင်းဥတုတွင်ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ်ကျောက်စာများတွင် “ပ္လသေီဝ်”။ “ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိသည်။ ပြာသိုလအကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သင်္သကရိုက်ဘာသာ၌ မကရဟုခေါ်၍ မြန်မာတို့အခေါ် မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီဟုခေါ်ကြောင်း၊ ထို့နောက် ပေါပီမှ ပေါသီသို့ဆင်းသက်ပြီး ပေါသီကိုပင် ကာလကြာရှည်သဖြင့် ပြောသီ၊ ထိုမှတစ်ဆင့် ပြာသိုဟုခေါ်ကြကြောင်း ဖော်ပြထားသည်။ ထို့ပြင်လည်း ပြာသိုလကိုဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ
ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဆယ်ခုမြောက်လဖြစ်သည်။ ဆောင်းဥတုတွင်ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ်ကျောက်စာများတွင် “ပ္လသေီဝ်”။ “ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိသည်။ ပြာသိုလအကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သင်္သကရိုက်ဘာသာ၌ မကရဟုခေါ်၍ မြန်မာတို့အခေါ် မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီဟုခေါ်ကြောင်း၊ ထို့နောက် ပေါပီမှ ပေါသီသို့ဆင်းသက်ပြီး ပေါသီကိုပင် ကာလကြာရှည်သဖြင့် ပြောသီ၊ ထိုမှတစ်ဆင့် ပြာသိုဟုခေါ်ကြကြောင်း ဖော်ပြထားသည်။ ထို့ပြင်လည်း ပြာသိုလကိုဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ၍ ဖွင့်ဆိုထားသည်များလည်းရှိသည်။ဗေဒင်အခေါ်အားဖြင့် ပြာသိုလကို မကာရရာသီဟုခေါ်သည်။ ထိုရာသီတွင် ဖုသျှနက္ခတ်နှင့်လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ နေမင်းသည် ဥတ္တရာသာဠ်နက္ခတ်နှင့်ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာ မကန်းရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခွာညိုပန်းဖြစ်သည်။
ဖိုးသူတော်ဦးမင်းက ပြာသိုလဘွဲ့ကို-“ငွေသော်တာ စန္ဒနှင့်၊ ဖုသျှတဲ့ လမ်းဆုံတိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ ထိန်ဝင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ၊ တသိန်ဂုဏ်၊ မြိုင်စုံမြနန်း။ နုစိမ်းစိုစိုနှင့်၊ ပန်းခွာညို ငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း။” ဟူ၍ ရေးသားခဲ့လေသည်။
ပုစွန်တာရာထွန်းပသော ပြာသိုလတွင် ရှေးမင်းများရှိစဉ်အခါက မြင်းခင်းသဘင်ပွဲခေါ် မြင်းခင်းပွဲတော်ကို ကျင်းပမြဲဖြစ်သည်။ မြင်းခင်းစက်သွင်းသဘင်ပွဲတော် သို့မဟုတ် မြင်းခင်းစက်ထိုးပွဲဟုလည်းခေါ်ကြသည်။
မြင်းခင်းစက်သွင်းသည်ဆိုသည်မှာ မြင်းကိုကျင်လည်စွာ အပြေးစီးရင်းထူထားသော စက်တိုင်တွင် အဆင့်ဆင့်သောစက်ဝန်းများကိုမှန်အောင် လှံလျင်ပစ်သွင်းသောသဘောပင်ဖြစ်သည်။ မင်းညီမင်းသား၊ မှူးမတ်တို့သည် မျဉ်းမောက်တို စစ်ဝတ်တန်ဆာများကို ဆင်ယင်ကာမြင်းကြိုးကစုံပါရှိသော မြင်းကိုစီးလျက် လှံလျင်ကိုပစ်ကြသည်။ လှံလျင်ကို လှံတိုဟုလည်းခေါ်ကြသည်။ လှံလျင်ပစ်လက်တည့်သူသည် ရှေးမြန်မာစစ်ပွဲများ၌အရေးပါမည့်သူဖြစ်သည်။ ဆင်စီးချင်းထိုးသည်။ မြင်းစီးချင်းထိုးသည်ဆိုရာ၌တစ်ဖက်နှင့်တစ်ဖက် လှံလျင်လွှတ်၍တိုက်ချင်းမျိုးလည်း ပါဝင်သည်။အလောင်းမင်းတရား အရေးတော်ပုံကျမ်းတွင် ခင်ဦးစား ဦးချစ်ညိုနှင့် သေနတ်ဝန်တို့ လှံလျင်လွှတ်၍ မြင်းစီးချင်းတိုက်ကြပုံကိုအောက်ပါအတိုင်းရေးမှတ်ခဲ့လေသည်။
“ငါနှင့် မြင်းစီးချင်းကစားကြမည်။ ယောကျ်ားကောင်းထွက်ခဲ့စေ ငချစ်ညိုဆိုလျှင်၊ မင်းကျော်ဗညားထွက်သည်ကို ငမြတ်ထွန်းငယ်နှင့် ငါတိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းတော့မည်ဆိုသဖြင့်၊ မုဆိုးခြုံဗိုလ်မင်းလှမင်းတောင် ထွက်ပြန်သည်ကိုလည်း ငထွန်ငယ် ငါ့လက်စွမ်းကို စဉ့်ကိုင်မှာနေစဉ်ကပင် နင်အသိဖြစ်သည်။ ငါနှင့်ဘက်မတန်ဆိုပြန်၍၊ ယင်းမကန်ဗိုလ်ယင်ပါဗိုလ်တို့ မြင်းနှစ်ဆယ်သား အသီးသီးထွက်ကြသည်ကိုလည်း မဖက်မပြိုင်လို၊ သေနတ်ဝန်ဆိုသူသာထွက်လာစေဆို၍သေနတ်ဝန်ထွက်ရာတွင်မှ သည်ခါယောကျ်ားချင်းတွေ့ရတော့မည်၊ ကိုတို့မှာ ပွဲကြည့်၍သာနေ၊ သေနတ်ဝန်နှင့် ငါနှင့်တန်စေ၊ ကြုံးဝါးသံပ၍ မြင်းကိုအကုန်လွှတ်၍ ခြေတစ်ဖက်ထောင်လျက် ရပ်၍စီးသည်။ ပက်လက်အိပ်၍စီးသည်။ထက်ဝယ်ဖွဲ့ခွေလျက်စီးသည်။ မြင်းနံပါး၌ ကပ်လျက်စီးသည်။ လှံကိုလက်ဝဲလက်ယာဘယ်ညာလဲ၍ စီးသည်။သေနတ်ဝန်မူကား လှံမကို ချိန်ဆကာနေသည်။ ငချစ်ညိုလည်း စီးနည်းအထွေထွေပြီးလျှင် လှံလျင်နှင့်လွှတ်လိုက်သည်။သေနတ်ဝန်၏ လှံရိုးကိုခတ်မိချေ၏။”
သီပေါမင်းလက်ထက် မြင်းခင်းစက်သွင်းပွဲကျင်းပပုံကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယအုပ်၌ ဤသို့တွေ့ရသည်။ “ယင်းသည့် (၁၂၄၀ ပြည့်နှစ်)ပြာသိုလပြည့်ကျော် ၂ ရက်နေ့ ရှေးမင်းတကာတို့လက်ထက်၊ ဗျူဟာသဘင်စီစဉ်ကျင်းပမြဲဖြစ်သော ဆင်၊ မြင်း၊ ရထား၊လေး၊ မြား စသောမင်းမှုဝိဇ္ဇာအတတ်မျိုးတို့၌အကျုံးဝင်သော ဆင်ခင်းမြင်းခင်းစက်သွင်းသဘင်တော်ကျင်းပရန်ကို ရွှေနန်းတော်အတွင်း မြေနန်းတော် လက်ဝဲဘက်တွင် အမြင့်တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊နှစ်ဆယ့်ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊အနောက်ကအရှေ့သို့ အတည့်အတန်းစက်တိုင် ငါးစိုက်ထူပြီးလျှင် မြေနန်းတော်ဦးမင်းတက်သက္ကဒါန် လှေကားတော်မြောက်စံတော်မူရန် တဲကန္နားဖျင်းတော်ဆောက်လုပ်၊ ပိတ်ဖြူမျက်နှာကြက်၊ ဗိတာန်ကြာယပ်၊ လှဇရွဲကြက်လုပ်၊ ဆွဲဆင့်အသင့်ရှိစေ၍ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တိုင် မင်းညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်းမောက်တို၊ စစ်ဝတ်တန်ဆာဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်က လှံလျင်ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ မင်းညီမင်းသားများမှာ မျဉ်းတို၊မျဉ်းရှည်၊ စစ်ဝတ်တန်ဆာအဆင်အယင်နှင့် ပေါင်းထုပ်ပဝါပေါင်း၍ ထိုးကြရသည်။ ဆဒ္ဒန်ဆင်မင်းသခင်ဘဝရှင်မင်းတရားကြီးဘုရားမှာ အဖိုးအနဂ္ဃထိုက်တန်သော ရတနာအပေါင်းတို့ဖြင့်ပြီးသော မျဉ်းမောက်တို စစ်ဝတ်တန်ဆာဆင်ယင်တော်မူပြီးလျှင် အသျှင်မိဖုရားခေါင်ကြီးနှင့်တကွ မင်းမိဖုရား မောင်းမမိဿံခြံရံတော်မူလျက် မြေနန်းတော်အတက် ကန္နားဖျင်းတဲတော်သို့ ထွက်စံကြည့်ရှုတော်မူသည်။ စက်ထိုးသဘင်တော်တွင် စက်စွဲသည့် မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင်၊ ငွေပွင့်ထိုး ပန်းပုဝါတစ်၊ သဇင်ပန်းခိုင်တစ်စီ သနားတော်မူသည်။ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ စက်ထိုးသဘင်ပြီးလျှင် ကသည်း အက္ကပတ်မြင်းတပ်ဗိုလ်အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးဓားခုတ်၊ လှံထိုး၊ ငှက်ပျောပင်စိုက်၊ ရေအိုးတင်ဓားခုတ်၊ မြင်းအစိုင်းအနှင် အရေးအရာများကို ထိုးခုတ်ပြပြီးနောက်၊ ရွှေနန်းတော်သို့ဝင်တော်မူသည်။
မြင်းခင်းသဘင် မကျင်းပမီ၌လည်းကောင်း၊ ကျင်းပဆဲ၌လည်းကောင်း၊မြင်းခင်းဆိုင်ရာအတီးအမှုတ်တို့ကို တီးမှုတ်ကြသည်။ သို့ကြောင့်ပင် မြန်မာ့ဂီတလောကတွင် မြင်းခင်းကြိုးသီချင်းများ ထွန်းကားလာခဲ့ခြင်းဖြစ်သည်။ ဆင်ရေး၊ မြင်းရေး၊ သေနတ်ရေး၊ လှံရေး၊ လေးရေး၊ ဓားရေး၊ အခုန်အပြေး စသည်ဖြင့် အမျိုးမျိုးလေ့ကျင့်မြဲ၊ ကျင်းပမြဲဖြစ်သည်ကိုရည်၍ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတားတွင်ဦးအောင်ကြီးက-
“သာစွလေ၊ ရွက်ပြေမြညို၊ ခါကိုလည်းလင့်၊ ပင်တိုင်းပွင့်၍၊ နှင်းနှင့်မြူငွေ့၊ လပြည့်နေ့ဝယ်၊ ပြိုင်၍ဖုသျှ၊ မဂါရဟု၊ ဆောင်းလရာသီ၊ အညီပေါ်မှန်း၊ ကြိုင်ပျံ့မွှမ်းသည်။ နွယ်ပန်းလှိုင်လို၊ လပြာသိုကား၊မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုံးရေးမှတ်လျက်၊ စွယ်ရှက်ချီပင့်၊ ချွန်းဖွင့်တိုက်လျှင်၊ ဆင်တပ်ပြင်၍၊ ခြေလျင် ခြေချင်း၊ မြင်းလည်း မြင်းလျောက်၊ ထိုးမြှောက် လှံလေး၊ ခုန်ပြေးသန်လျင်၊စိုင်းနှင်ကြွားကြွား၊ ဓားသွားနုတ်ငင်၊ မွမ်းမွမ်းဖြင်မျှ၊ သဘင်မြင်းခင်း၊ စစ်ဆင်ကျင်းသည်၊ စီးနင်းကြော့ လန်းလန်းတည့်လေ။ ” ဟူ၍ စပ်ဆိုထားလေသည်။ ယင်းသို့ မြင်းခင်းသဘင်ဆင်ယင်ကျင်းပရာ၌ လှံရေးကစားရာတွင် ဝတ်ဆင်ရသော အဝတ်တန်ဆာ၊ ကစားသူတို့၏ အမူအရာတို့ကို ဆယ့်နှစ်ရာသီဘွဲ့ “ပြာလဲ့ညက်စင်” ချီရတုတွင်-
“ဝေဝေဆီးနှင်း၊ ချမ်းဘိခြင်းကို၊ မြင်းခင်းထွက်ဆဲ၊ စက်ထိုးပွဲမှာ၊ နွဲးကာ နွဲးကာ၊ရိန္ဒမာပျံ၊စကြာလှံနှင့်၊ ကေဆံမသိမ်း၊ အားယူတိမ်း၍၊ ဖဲစိမ်းဝတ်လုံ၊ ရစ်စီးခြုံလျက်၊ တောင်ပုံ ရာထဲ၊ ချက်တိုင်းစွဲအောင်၊ဖန်လဲမညိုး၊ မောင်းရင်းကိုး၍၊ မထိုးစေရ…” ဟူ၍ ရေးစပ်ထားသည်ကိုတွေ့ရလေသည်။ ပြာသိုလနှင့်စပ်လျဉ်းသောအကြောင်းကို မဟာအတုလမင်းကြီးကလည်း -
“တိမ်ခြေငယ်ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုမှာ၊ နွယ်ခွာညိုကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး။ ရောင်သိင်္ဂီငယ်၊ ကြယ်ညီဖုသျှ၊ မကာရမို့၊ ရွှေဝဥကင်၊ နန်းရင်ပြင်မှာ၊ လှံလျင်မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာခံသောအခါ၊ ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ၊ အောင်တံခွန်တေဇာမြူးလို့၊ ထူးလှတယ်လေး”ဟု၍ စပ်ဆိုခဲ့လေသည်။
ပြာသိုလတွင် နံနက် စက်နာရီ ၆ နာရီ ၃၈ မိနစ်တွင် နေထွက်၍၊ ညနေ စက်နာရီ ၅ နာရီ ၄၁ မိနစ်တွင် နေဝင်လေသည်။ မြန်မာနာရီအားဖြင့် နေ့ ၂၄ နာရီရှိပြီးလျှင်ည ၃၆ နာရီရှိသည်။ ဦးယာက “ရာသီညွန့်လန်း၊ နွယ်ပန်းခွာညို၊ နှင်းစိုချမ်းစိမ့်၊ လွမ်းလိမ့်လေ။ တထွေဆန်းစ၊ မကာရဟု၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွာ၊နေ့မှာ နှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊ ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊ တသိန်းသာ၍၊ စွန်းပါငါးသောင်း၊ အပေါင်းသည်မျှ၊ ဓာတ်အိမ်ပြလျက်၊ နှင်းကျမှိုင်းရီ၊ ပထဝီဟု၊ ရာသီစရ၊ ပြာသိုလတွင်” ဟူ၍ စပ်ဆိုပြထားသည်ကိုလည်းတွေ့ရသည်။
ငွေနှင်းစိုစို လပြာသိုသည် ဆီးနှင်းထူထပ်သောကာလ၊ မြန်မာတို့က ဆောင်းရာသီဟုခေါ်ကြသည့် ချမ်းအေးသောရာသီဖြစ်သည်။ ချမ်းအေးလှကြောင်းကို “ပြာသိုမာသ၊ မကာရတွင်၊ ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊ လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊ ကြင်တော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊ သနားဘွယ်နှင့်” ဟူ၍ စာဆိုဦးယာက မြောက်လေအသွင်းဝယ်ကြင်ဖော်ဝေးသူတို့ ရင်တွင်းချမ်းစိမ့်လာကြပုံကိုဖော်ပြခဲ့သည်။ စာဆိုနဝဒေးကြီးကလည်း “နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊ တရာ့တဆောင်း၊ရုံးလာပေါင်းလည်း၊ တူကြောင်းမရှိ၊ချမ်းလှဘိ” ဟု စပ်ဆိုပြထားပြန်သည်။ဆောင်းပေါင်း တရာ့တဆောင်းပေါင်းထားသည့် ချမ်းအေးမှုကို နဝဒေးကြီးတို့လက်ထက်တွင် ခံစားခဲ့ရပုံဖြစ်ပါလိမ့်မည်။
ချမ်းအေးသောရာသီဝယ် မိုးကရွာတတ်သည်။ မိုးလင်္ကာ၌ “ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်”ဟုဆိုကြသည်။ အေးသောပြာသိုလဝယ် ရွာသောမိုးကြောင့် အချမ်းပြင်းသည်ဟု ဆိုခြင်းဖြစ်သည်။ ထိုကာလရွာသောမိုးကြောင့် နှမ်းနုတ်၍ ပုံထားသော နှမ်းပုံကြီးရှိ နှမ်းများလည်း ပျက်စီးကုန်ကြသည်။ ဤသည်မှာ အဖြူနှင့်အမည်း၊ ဓမ္မနှင့်အဓမ္မတို့ယှဉ်တွဲဖြစ်တည်တတ်ကြသည့် လောကသဘာဝပင်ဖြစ်သည်။ ပြာသိုလသည်လောကသဘာဝနှင့်လျော်ညီလှပသည်။ရိုးရာဓလေ့မပျက် လှမြဲလှလျက်ရှိသည့် ပြာသိုလသည် ယဉ်ကျေးမှုနယ်ပယ်တွင်ဝင့်ထည်နေမြဲသာဖြစ်ပါတော့သတည်း။ ။
Source: Myawady Webportal

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာတို့၏ ၁၂ လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း” ဖြစ်သည်။ ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ်မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း” ၊ “ခဝဲပွင့်ချိန် ခင်းကထိန်” ၊ “ခဝဲ လှိုင်လှိုင် တန်ဆောင်တိုင်” စသည်ဖြင့် မှတ်တမ်းတင်ကြသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို ၁၂ လရာသီတော်ဝင်ပန်းများစာရင်းတွင် တခမ်းတနားထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်က “ခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ) ပိတ်ပေါင်းတို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးခနဲ၊ ဝင်းခနဲ၊ ထိန်ခနဲ၊ လက်ခနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသော ရနံ့ကိုလည်း လွန်စွာအာရုံပြုကြခဲ့ပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေရာသည်” ဟူ၍ မှတ်တမ်းတင်ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ်ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။
သာမညဖလအခါနေ့
တန်ဆောင်မုန်းလပြည့်နေ့ညသည် အဇာတသတ်မင်းကို အကြောင်းပြု၍ “သာမညဖလ အခါနေ့”ဟု သုံးနှုန်းကြသည်။ ဖခင်သတ်ပြီးမှ ဘုရင်ဖြစ်လာသော အဇာတသတ်မင်းသည် အမှားကြီးကြောင့် နောင်တပူပန်ဖြစ်နေရသည်။ ဆေးဆရာကြီး ဇီဝက၏လမ်းညွှန်မှုဖြင့် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘုရားရှင်ထံသို့ ရောက်လာခဲ့သည်။ တည်နေရာမှာ မာဂဓတိုင်း ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်တောဥယျာဉ်(အမ္ဗဝန)ရှိ ကျောင်းတော်၌ဖြစ်သည်။ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြသော သံဃာထုကို အဖန်ဖန်ကြည့်၍ မင်းကြီးသည်ဗုဒ္ဓထံသို့ “ရဟန်းပြုရခြင်း၏အကျိုး” ကို မေးလေသည်။
ဘုရားရှင်၏အဖြေကို အချုပ်တင်ပြရလျှင် ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားများမှာ-
• မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း၊
• အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်း၊
• ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း၊
• ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း၊
• ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှကင်းလွတ်၍ မဇ္စျိမသီလနှင့် ပြည့်စုံရခြင်း၊
• နက္ခတ်ဗေဒင်ယတြာ ဆေးကုပေးခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်း၊
• ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း၊
• သတိနှင့် ပြည့်စုံခြင်း၊
• သမ္ဗဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်း၊
• သန္တောသခေါ် စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်း၊
• နီဝရငါးပါးမှ ကင်းလွတ်ရခြင်း၊
• စျာန်တရားများ ရနိုင်ခြင်း၊
• ဝိဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်း၊
အိမ်ရာထူထောင်ခြင်းမပြုသော သူတော်ရဟန်းဘဝ၏ အကျိုးတရားကို ဟောတော်မူသောကြောင့် အဇာတသတ်မင်းသရဏဂုံတည်သည်။
အမျိုးသားအောင်ပွဲနေ့
တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအတွက် ထူးခြားမွန်မြတ်သော ရက်တစ်ရက်ရှိနေပါသေးသည်။ ၎င်းမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် “အမျိုးသားနေ့” ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်တွင် ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ပညာရေးကို ဆန့်ကျင်သည့်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် သပိတ်မှောက်ခဲ့သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ဖြစ်သဖြင့် မြန်မာပြည်အတွက် မမေ့သင့်မမေ့ထိုက်သော သမိုင်းဝင်နေ့ ဖြစ်သည်။
တန်ဆောင်မုန်းလနှင့် ပွဲတော်များ
တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။
တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည်
“ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှအရာအားလုံးကိုခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင် ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာသာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာသိရှိရသည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်သာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက်တိုင်တိုင်ကာလဖြစ်သည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ
ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်တော်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါး သုံးကျိပ်တို့သည် ခြောက်ယူဇနာ ၄၈ မိုင်ခန့် ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများ ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန်အလို့ငှာထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း” ဝတ်ရုံတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပညတ်ချက်များ
ကထိန်ခင်းရာတွင် ပညတ်များစွာရှိသည်။ ကျောင်းရှိသံဃာများက ဒကာ၊ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုပါ။ မိုးပေါ်ကရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ၊ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်းဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန်” အဖြစ်လည်း လှူဒါန်းနိုင်သည်။ သံဃာတော်များ ဆင်မြန်းသည့် သင်္ကန်းသည် အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း” ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ” ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင်” ခေါ် ခါးဝတ်သင်္ကန်းတို့ဖြစ်သည်။ ၎င်းသုံးထည်ကို စုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာကပ်ရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဥတ္တိဒုတိယ ကမ္မဝါစာ” ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း” ဟု ခေါ်ကြခြင်းဖြစ်သည်။
ယနေ့ကာလ ဉတ်သင်္ကန်းကို ဟထိုးအသံနှင့် ညှပ်သင်္ကန်းဟု မှားယွင်းစွာခေါ်ဆိုနေကြသည်။ အသံထွက်အမှန်က “ညတ်” သင်္ကန်း ဖြစ်သည်။
ကထိန်ခင်းထိုက်သောရဟန်း
ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက်သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာကဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့်ရဟန်း စသည့် ကထိန်ခင်းရန်စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုသည်။
ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်
အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း” သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်သည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့်လည်း “ကထိန်အာနိသင်သင်္ကန်း” ဟု ခေါ်နိုင်သည်။ ကထိန်ခင်းကြသည်ဆိုရာဝယ် ကထိန်သင်္ကန်း များစွာလှူခြင်း၊ ဝတ္ထုငွေ များစွာလှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည့်အခါ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး၊ ဉတ်သင်္ကန်းလှူသူကသာ ကထိန်အလှူရှင် ဖြစ်သည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့် မရသေးသရွေ့ဘယ်သောအခါမျှ ကထိန်အလှူရှင်မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပါရစေဟူ၍ လှူလို့မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။
ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်
အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်မှာပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်သည်။
မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့် ကျောင်းတိုက်၏ ကျောင်းအမည်ကို တပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည်ဖြစ်သည်။
ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး
ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများ ရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားသည်။
မသိုးသင်္ကန်း
“မသိုးသင်္ကန်း” ရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူဒါနတစ်ခု ဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင့်။ တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည့်အခါ အလှူဒါနမြောက်စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း စာရေးသူမှ ဤဆောင်းပါးဖြင့် ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။ ။
Source- Myawady Webportal

မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၌ ၄၆ ဒီဂရီဆဲလ်စီးယက်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌ ၄၄ ဒီဂရီဆဲလ်စီးယက်၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ ဂန့်ဂေါမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့
မြန်မာနိုင်ငံ၏ ယခုနှစ်နွေရာသီကာလတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လျက်ရှိသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့၌ ၄၆ ဒီဂရီဆဲလ်စီးယက်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့၌ ၄၄ ဒီဂရီဆဲလ်စီးယက်၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ ဂန့်ဂေါမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့၌ ၄၃ ဒီဂရီဆဲလ်စီးယက် အသီးသီးရှိကြောင်း သိရသည်။
နေ့အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်း ကျရောက်နိုင်သည်။ ခရမ်းလွန် ရောင်ခြည်ကို Ultraviolet (UV) ဟုခေါ်ပြီး ယင်းတွင် UVA နှင့့် UVB နှစ်မျိုးရှိသည်။
UVA က အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေသည့်အပြင် အရေပြားအောက်ခြေရှိ Collagen ကို ပျက်စီးစေကာ အသားအရေအဖတ်လန်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းနှင့် အရွယ်မတိုင်မီ အိုမင်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။
UVB က နေလောင်ခြင်းကိုဖြစ်စေသောကြောင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။
သို့ဖြစ်ရာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားညိုမည်းလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး နေရောင်ခြည်နှင့် ထိတွေ့မှု ကာလကြာလာသည်နှင့်အမျှ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီအိုမင်းခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုး များကို ဖြစ်ပေါ်စေနိုင်သည်။
ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်နိုင်မည့်နည်းလမ်းများ
ခရမ်းလွန်ရောင်ခြည်မြင့်မားစွာ ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်သင့်သည်။
ခရမ်းလွန်ရောင်ခြည် အလွယ်တကူမထိုးဖောက်နိုင်သော ချည်သားထူထူပွပွအဝတ်အထည်များ ဝတ်ဆင်သင့်သည်။
ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။
မဖြစ်မနေအပြင်ထွက်ရသည့်အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေရန် ထီး၊ ဦးထုပ်တို့ ဆောင်းသင့်သည်။
အဝတ်ကင်းလွတ်သော လက်၊ လည်ပင်း၊ ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ သို့မဟုတ် SPF 15 + ပါဝင်သော နေရောင်ကာခရင်မ်ကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုပြီးလိမ်း သင့်သည်။
ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။
အသက်တစ်နှစ်အောက် ကလေးငယ်များကို အပြင်သို့မထွက်စေဘဲ အရိပ်ထဲတွင်သာထားသင့်သည်။
အထက်တွင် ဆိုထားသည့်အတိုင်း ခရမ်းလွန်ရောင်ခြည်သည် အရေပြား၏ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်များကို တိုက်ခိုက်စေနိုင်သည်။ ထို့ကြောင့် မိမိတို့အသားအရေကို ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်ရန် လိုအပ်သည်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ဆေးဖက်ဝင် မြန်မာ့သနပ်ခါးကို လိမ်းခြယ်သင့်သည်။ သနပ်ခါးပင်သည် ရှောက်မျိုးရင်းဖြစ်၍ အသားအရေအတွက် လွန်စွာဆေးဖက်ဝင်သည်။ သနပ်ခါးသည် မြန်မာမိန်းကလေးများစွဲမြဲစွာသုံးစွဲကြသည့် အလှကုန်ပစ္စည်းဖြစ်သည်။
မာကျူရီကင်းသော မြန်မာ့သနပ်ခါး
အလှကုန်ပစ္စည်းဈေးကွက်တွင် တားမြစ်ဓာတု ဆေးဝါးများဖြင့်ပြုပြင်ဖော်စပ်ထားသည့် သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်မ်များကို လိမ်းမည့်အစား မြန်မာ့ရိုးရာသနပ်ခါးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။
၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို လေ့လာခဲ့ကြရာ သနပ်ခါးတွင် အင်တီအောက်ဆီးဒင့် ခေါ် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေနိုင်သော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများ ပါရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ သနပ်ခါးသည် နေပူဒဏ်အပြင် နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်နိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။
အလှကုန်ပစ္စည်းဈေးကွက်တွင် သဘာဝသနပ်ခါးစစ်စစ်များ ရှိသကဲ့သို့ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊
အနှစ်ဘူးများ၊ ပုလင်းများဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရန် ထုတ်လုပ်ထားသည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင် တာရှည်ခံစေရန်နှင့် တခြားအမွှေးရနံ့များ ပါဝင်နေ၍ တချို့အသားအရေများနှင့် ဓာတ်မတည့်မှုဖြစ်စေနိုင်သည်။ သို့သော် ခေတ်မီနည်းပညာများ တိုးတက် လာသည်နှင့်အမျှ ဈေးကွက်ထဲ၌ အသင့်အသုံးပြုနိုင်သည့် စံနှုန်းပြည့်အသိအမှတ်ပြု သနပ်ခါးဘူး၊ ပုလင်းများရှိကြရာ မိမိအသားအရေနှင့်ဓာတ်တည့်သော သနပ်ခါးဘူးများ ရွေးချယ်အသုံးပြုရန် လိုအပ်သည်။
သနပ်ခါးတုံးရွေးချယ်နည်း
သနပ်ခါးပင်တစ်ပင်၏ တန်ဖိုးသည် ယင်းအပင်၏ အခေါက်၊ အပွေးတို့ဖြစ်သည်။ ထို့ကြောင့် အပွေးမြင်အပင်သိဟူသော ဆိုရိုးစကားရှိသည်။ အပင်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးသကဲ့သို့ တာရှည်လည်း အသွေးမခံပေ။ ထို့ကြောင့် အရွေးမမှားစေရန် အရည်အသွေးကောင်းမွန်သော သနပ်ခါးတုံး ရွေးချယ်နည်းများကို အောက်ပါအတိုင်းအကြံပြုလိုပါသည်။
ပြည်တွင်း၌ သနပ်ခါးကို စစ်ကိုင်းတိုင်းဒေသကြီး အရာတော်၊ မုံရွာ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များ၌ အများဆုံး စိုက်ပျိုးကြသည်။ ယင်းတို့အနက် ရေစကြိုမြို့နယ်မှ ရှင်မတောင်သနပ်ခါးသည် ထိုဒေသ၏ ရေမြေသဘာဝထူးခြားချက်များကြောင့် တခြားနယ်များမှ ထွက်ရှိသည့်သနပ်ခါးများထက် ပိုကောင်းသည်။
အပင်တုတ်ခြင်း၊ မတုတ်ခြင်းထက် အပွေးအရောင်အသွေးနှင့် အထူကိုကြည့်ရသည်။ သနပ်ခါးအပွေးမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံပွေးဟူ၍ သုံးမျိုး ရှိသည်။ ယင်းတို့အနက် ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများကဲ့သို့ အခေါက်များ အမြှောင်းလိုက်ကြွနေကာ အပွေးမာကျောပြီး ပထမတန်းစား အပွေးဖြစ်သည်။ တစ်ခါတစ်ရံ ပုစွန်ဆီရောင်ရှိသော အပွေးကိုလည်းတွေ့ရသည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာ ပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍ ဂုံပွေးမှာ အဖြူရောင်အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွရောင်းသောအညံ့စားသနပ်ခါးဖြစ်သည်။
သနပ်ခါးတုံးတစ်တုံး၏အပွေးကို လက်သည်းဖြင့် အသာဖိဆိတ်ကြည့်ပါ နစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်သင့်ပေ။
လက်ဖြင့်ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ယင်းသနပ်ခါးအတုံးသည် အသားကျစ်လျစ်မှု နည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ်ခန်းသွားပြီဖြစ်၍ အလေးချိန်ပေါ့နေခြင်း ဖြစ်သည်။ သက်တမ်းရင့်အပင်သည် အသားကျစ်လျစ်မှုကြောင့် ရေငွေ့ပြန်နှုန်းနှေးကာ တခြားအပင်များထက် ပိုမိုလေးသည်။
ဖြတ်ထားခါစ သနပ်ခါးတုံး၏ အတွင်းသားမှာ အနံ့သင်းသည်။ ချဉ်စူးစူးအနံ့ရနေလျှင် မှိုစွဲနေသည့် သနပ်ခါးတုံးဖြစ်သည်။
သနပ်ခါးတုံး၏ထိပ်ဝရှိ အခေါက်နှင့်အတုံးသားကြားတွင် ပြာမှိုင်းမှိုင်းအရောင်တွေ့ရပါက မှိုတက်နေသည့်လက္ခဏာဖြစ်သည်။
တချို့သော စီးပွားဖြစ်သနပ်ခါးရောင်းသူများသည် အပွေးမလှသော သနပ်ခါးတုံးအစစ်ကို ရှားစေး၊ မြေနီ၊ ထမင်းရည်စသည်တို့ဖြင့်ရောစပ်ပြီး သွားပွတ်တံနှင့် သနပ်ခါးအခေါက်ကြား သုတ်လိမ်း၍ အရောင်တင်ကာ ရောင်းတတ်ကြ၍ ဂရုပြုဝယ်ယူသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သနပ်ခါးနှင့်ဓာတ်မတည့်သူ မရှိသလောက်ရှားသည်။ ထို့ကြောင့် မြန်မာ့သနပ်ခါးသည် ထိုင်းအလှကုန်ဈေးကွက်မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် အရှိန်ယူနေပြီဖြစ်ရာ မကြာမီကာလအတွင်း ကမ္ဘာမှာကျော်ကြား မြန်မာ့သနပ်ခါး ဖြစ်လာတော့မည် ဖြစ်သည်။
မြန်မာ့သနပ်ခါးသည် အသားအရေလှပခြင်းအတွက်သာမက ကိုယ်တွင်းကိုယ်ပရောဂါဘယများ အတွက်ကိုလည်း ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ဆေးဖက်ဝင်လှပေသည်။ သို့ပါ၍ ယခုကဲ့သို့ အပူချိန်မြင့်တက် နေသည့်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ရန် ညအိပ်ရာဝင်ခါနီးတိုင်း သနပ်ခါးသွေးလိမ်း သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။
Source-Myawady Webportal

“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။ ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။ ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ သမိုင်းကြောင်းရှည်လျားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် တွေဟာဖော်ပြလို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီး မှာ လူ့ယဉ်ကျေးမှုတွေထွန်းကားလာချိန်ကစလို့ နိုင်ငံနဲ့လူမျိုးအလိုက် သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။
နိုင်ငံတိုင်းဟာ မိမိတို့ရဲ့ အမွေအနှစ်တွေကို အစဉ်တစိုက်ထိန်းသိမ်းခဲ့ကြရာမှာ သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနပညာရပ်ထွန်းကားလာချိန်ဖြစ်လို့ နိုင်ငံအသီးသီးရှိအမွေအနှစ်တွေကို မြေပေါ်မြေအောက် ရှာဖွေဖော်ထုတ်ပြီး ပိုမိုထိန်းသိမ်း လာနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၃ ရက်နေ့မှာ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမြို့ရိုးနဲ့ပတ်သက်လို့ တူးဖော် သုတေသန ပြုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှာ မန္တလေးမြို့ရှိ ရှေးဟောင်း သမိုင်းဝင် သာသနိကယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မန္တလေးနန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါ တယ်။ ဒါ့အပြင် မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ဩဂုတ်လ ၃၀ ရက်မှာတော့ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိပြီး ရွှေနန်းတော်အတွင်း ယခင် မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိတဲ့ ကျွန်းတိုင်များပြသထားရှိမှု၊ နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နန်းတော်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင်ဟံသာ၀တီနေပြည်တော် သာယာ၀တီတံခါးအနီးရှိ ဟံသာ၀တီမြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုးနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါတွေကတော့ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာနေရာတွေကို သွားရောက် ကြည့်ရှုစစ် ဆေး၊ ထိန်းသိမ်းရေး ဆောင်ရွက်စေခဲ့တဲ့ ခရီးစဉ်များဖြစ်ပါတယ်။ အဲဒီခရီးစဉ်များမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး " ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင် ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ မရှိစေရေး ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီး ရေရှည်တည်တံ့ နေစေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးခေတ် အသုံးအဆောင် ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက် အလက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုကြောင်း" လမ်းညွှန်မှာကြားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။
ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများမှာ ဒြပ်ရှိနဲ့ဒြပ်မဲ့လို့နှစ်မျိုးရှိရာမှာ ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတွေဟာ အိုးခြမ်းကွဲမှသည် အဆောက်အအုံများအထိ ကိုင်တွယ်ထိတွေ့နိုင်တဲ့ ရုပ်ဝတ္ထုတွေဖြစ်ပါတယ်။ ဒြပ်မဲ့ ယဉ်ကျေးမှု ပစ္စည်းတွေက ဘာသာစကား၊ အနုပညာ၊ ရိုးရာထုံးတမ်းစတဲ့ ကိုင်တွယ်ထိတွေ့ မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျူခေတ်ကာလမှစတင်လို့ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာ မြို့ပြအိမ်ရာများကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီရှေးဟောင်းမြို့ပြများအနက် အချို့မှာ ယနေ့တိုင် ကျန်ရှိနေသလို အချို့မှာလည်း ပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ မြို့ပြတွေကို ထိန်းသိမ်း နေသလို ပျောက်ကွယ်နေတဲ့ မြို့ပြတွေကိုလည်း ပြန်လည်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ရှေးခေတ် အဆက်ဆက်က မြန်မာကြီး များတည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို လက်ရှိမြန်မာတွေက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာသမိုင်းပေး တာဝန်တစ်ခုပါပဲ။ အမျိုးဂုဏ် ဇာတိ ဂုဏ်မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတာ ခေတ်အဆက်ဆက် မျိုးဆက်တွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ ဒါမှသာ မျိုးချစ်စိတ်ဓာတ် အမြဲရှင်သန်ထက်မြက်နေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ရေစီးကြောင်းမှာ နိုင်ငံတော်ကြီး သုံးရပ်ပေါ်ထွန်းခဲ့တာကို မြန်မာတိုင်း ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။
အနော်ရထာမင်းကြီးရဲ့ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ တတိယ မြန်မာနိုင်ငံတော်တို့ဟာ ထင်ရှားတဲ့သမိုင်း မော်ကွန်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းမြတ်သုံးပါးနန်းစိုက်ခဲ့တဲ့ နန်းတော်ရာတွေကို ရှာဖွေဖော် ထုတ်ပြီး ပညာရှင်များရဲ့အကူအညီနဲ့ ပုဂံ၊ ရွှေဘိုနဲ့ဟံသာ၀တီတို့မှာ မူလနန်းတော်ကြီးတွေလို နန်းတော် တွေ ပြန်လည်တည်ဆောက် ပေးထားပါတယ်။ ဒါ့အပြင် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ရတနာ ပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးရဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း ပြန်လည် တည်ဆောက် ပေးထားပါတယ်။ ဒါဟာဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို သားစဉ် မြေးဆက်က ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တစ်စတစ်စနဲ့ ပျက်စီးယိုယွင်းသွားမှာဖြစ်လို့ နောင်လာမယ့်မျိုးဆက်တွေ ကောင်းမွန်တဲ့ အမွေမကျန်ခဲ့ဘူးဆိုရင် လက်ရှိမျိုးဆက်တွေ တာဝန်မကျေရာ ရောက်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မျိုးဆက်တွေက ရှေးဟောင်း အမွေအနှစ်တွေ ဖော်ထုတ်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ဒါတွေဟာနောင်လာမယ့် မျိုးဆက်သစ် တွေကိုရည်ရွယ်ပြီး ဖော်ထုတ်ထိန်းသိမ်း နေခြင်းလည်းဖြစ်လို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားလို့ ဆိုနိုင်ပါတယ်။
မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်နိုင်တာကြောင့် ယူနက်စကိုကနေ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ အခြေအနေအထိ ရောက်နေတာ ဖြစ်ပါတယ်။
ပထမမြန်မာ နိုင်ငံတော်ပုဂံခေတ်မှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အလွန်ပဲ များပြားလှသလို လက်ရာတွေကလည်း ဆန်းပြားတာမို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဟာ မြန်မာတွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံရောက်ရှိပါလျက် ပုဂံကိုမရောက်ခဲ့ရင် မြန်မာနိုင်ငံကို မရောက်သေးဘူးလို့ နိုင်ငံခြားသားတွေ ပြောကြပါတယ်။ ဒါဟာ ပုဂံရဲ့ အံ့ဖွယ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့ တန်ဖိုးကို ဖော်ပြတာပါပဲ။
“ပုဂံကိုသိချင်လျှင် တစ်ခေါက်နှင့်လည်းမပြီးနိုင်၊ နှစ်ခေါက်နှင့်လည်းမပြီးနိုင်။ အခေါက်ခေါက်အခါခါ သွားရင်တောင်မှ လေ့လာစရာ မကုန်နိုင်အောင်ပါပဲ။ ကျွန်တော်တို့၏ ဘိုးဘွားများသည် တစ်ခါတစ် ခေတ်ကသော် နိုင်ငံထူထောင်ရေး၌ အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်လည်း အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ ဒါ့ကြောင့် နောင်လာနောက်သားတို့ အတွက် အလွန်အလုပ်လုပ်ခဲ့ကြပါပေသည်။ ကျောက်အုတ် ၊မြေအုတ်တို့ ဖြင့်ပြီးသော အထုကြီး၊ အထည်ကြီးတို့ကို ကိုင်တတ်ကြပါပေသည်။ ကျွန်တော်သည် ဤသို့ မြည်တမ်းလျက်သာ သာဓု ခေါ်၍ပုဂံမြို့ဟောင်းမှ ခွာခဲ့သည်”ဟုဆရာဇော်ဂျီက “ပုဂံမြို့ဟောင်းနှင့် ကျွန်တော်” ဆောင်းပါးတွင် ရေးသားထားပါတယ်။
ပုဂံမြို့ဟောင်းမှာ ကြည်ညိုစရာ၊ ကြည်နူးစရာများ ပေါလှပါတယ်။ ကြည်ညိုစရာဆိုသည်မှာ သပ္ပါယ် လှသော ရှေးဟောင်းဘုရားစေတီများဖြစ်ပြီး ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ဖြစ်ပါတယ်။ ကြည်ညိုစရာကိုဖူး၍ ကြည်နူးစရာကိုတွေ့ရသည်မှာ ဖူး၍တွေး၍ ကုန်နိုင်တော့ မည်မဟုတ်ပေ။
ယဉ်ကျေးမှုအစစ်မှာ လူ့အနှစ်အမြုတေရတနာပင်ဖြစ်ပါတယ်။ ပထဝီအနေအထား၊ လူနေမှုစနစ်၊ ဓလေ့ထုံးစံ၊ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အတီး၊ အက၊ အပြများ၊ ကိုးကွယ်သည့် ဘာသာ အယူဝါဒ၊ အရေးအသား၊ အတွေးအခေါ် စသည်တို့ကို မှီတွယ်၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၈၇၂ ခု တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့(အေဒီ ၁၅၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်)မှာ တောင်ငူဘုရင်မင်းကြီးညိုက ကေတုမတီ တောင်ငူနေပြည်တော်ကို ယနေ့တောင်ငူ မြို့နေရာတွင်တည်ထားခဲ့ပါတယ်။ မင်းကြီးညိုဟာ ရဟန်းပညာရှိ၊ လူပညာရှိများ အကြံပြုတဲ့အတိုင်း မြို့တော်သစ်ကို ကေတုမတီလို့အမည်ခေါ်တွင်စေပါတယ်။ အခုဆိုရင် ကေတုမတီမြို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၅၁၄ နှစ်ရှိပြီဖြစ်ပါတယ်။ ကေတုမတီမြို့ဟောင်းမှာ ထင်ရှားတဲ့နေရာသုံးခုရှိပါတယ်။
ကေတုမတီမြို့ဟောင်းရဲ့ ထင်ရှားတဲ့နေရာတစ်ခုကတော့ ယိုးဒယားပေါက်ဖြစ်ပါတယ်။ တောင်ငူမြို့ရဲ့ အရှေ့မြောက်ထောင့်ရှိ ကျုံးပေါက်ဖြစ်ကာ ကျုံးရေကို စစ်တောင်းမြစ်သို့ ဖောက်ထုတ်တဲ့ နေရာဖြစ် ပါတယ်။ ယိုးဒယားပေါက်မှာ ၁၀၈ ပေရှည်လျား၍ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းဟောင်းမှာ တည်ရှိပါတယ်။ အေဒီ ၁၈၆၄ ခုနှစ်မှာ ကျောက်ရင်းတံခါးကိုဖြိုဖျက်ပြီး အင်္ဂလိပ်တို့တည်ဆောက်ခဲ့တဲ့ မြို့လေးခံတပ်ဟာလည်း ကေတုမတီမြို့ဟောင်းရဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
မန္တလေးမှာပြန်လည် တည်ဆောက်မယ်ဆိုတဲ့ တံတားဟာ“စည်ရှည် တံခါးကို ဆက်သွယ်ထားတဲ့ ကျုံးကူးတံတား ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် စတုရန်းပုံအုတ်မြို့ရိုးကြီးရဲ့ အလယ်မင်းလမ်း တံခါးနဲ့ ကျုံးကူးတံတားပါ။ အရှေ့ဘက်ဦးထိပ်တံခါးနဲ့ အနောက်ဘက်ကစည်ရှည်တံခါး၊ တောင်ဘက်က ကျော်မိုးတံခါးနဲ့ မြောက်ဘက်က လေးသိန်းတံခါးတွေဟာတစ်ဖြောင့်တည်းရှိနေတဲ့ ဓာတ်တံခါး၊ မင်းလမ်းတံခါးကြီးတွေ ဖြစ်ပါတယ်။ အဲဒီဓာတ်တံခါးလေးပေါက်တို့ရဲ့ တစ်ဖြောင့်တည်း ဖြတ်သွားတဲ့ နေရာကတော့ မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်က ဘုရင်ကြီးရဲ့ အဆောင်တော် မှန်နန်းဆောင် ဖြစ်ပါတယ်။ သူ့ကိုအလယ်ဗဟိုနဲ့ချိန်မှတ်ဆွဲပြီး ရတနာပုံရွှေမြို့တော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတံခါးတွေရဲ့ ပြအိုးပြာသာဒ်တွေမှာဓာတ်နံသင့် စည်တော်ကြီးတွေချိတ်ဆွဲထားပြီး နန်းတော်ကပဟိုရ်စည်သံအတိုင်း နောက်ဆက်တွဲတီးခတ်ရတဲ့ ဓာတ်တံခါးကြီးတွေဖြစ်ပါတယ်။
“ရွှေပဟိုရ်စည်သံများကိုလ မကြားရတာကြာလေပြီ”တေးသီချင်းဟာဒီစည်သံတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါတွေဟာမြန်မာတို့ရဲ့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ တင့်တင့်တယ်တယ် နေထိုင် ခဲ့ရတဲ့ အချုပ်အခြာအာဏာရဲ့သင်္ကေတ၊ အထိမ်းအမှတ်ဖြစ်ပါတယ်။ ရှေးဟောင်းအမွေ အနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ တံတားနဲ့ ဆက်စပ်လျက်ရှိတဲ့ လမ်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ မန္တလေးရှိရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးတဲ့ခရီးစဉ်မှာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)ကြီးကို လည်းရောက်ရှိခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းအပြင်မှာတော့ မြန်မာမှု သစ်သား ပန်းပုအခြေခံ ခြူးပန်းခြူးနွယ် အပြောက်အမွမ်းတွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ ကျေးငှက် တိရစ္ဆာန်ရုပ်တွေ၊ နံရံကပ်ရုပ်ကြွတွေ၊ အတွင်းမာရဘင် အရှေ့ပိုင်း ကွန်းစင်တိုင် အခြေမှာ ထုဆစ်ပူဇော် ထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေန ဇာတ်တော်တွေကို အနုစိတ် ထုဆစ်ပူဇော်ထားပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် လက်ရာတွေပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ရွှေကျောင်းတော်ကြီး မည်မျှကြီးကျယ် ခမ်းနားဂုဏ်မြင့်မား ကြောင်း ကို ဖွဲ့ဆိုထားတဲ့ မဟာဂီတကြိုး သီချင်းတစ်ပုဒ်ရှိ ပါတယ်။
ကျောင်းတော်ကြီးကြိုးလို့ ခေါ်ပါတယ်။ (ဝေဇယန်နှင့် နှုန်းငြား၊ မထူးခြား)၊ (ရွှေကျောင်းတော်ကြီး ဘုံဆောင်၊ ကျူးတည့် ကျူးလွန်အောင်)၊ (ဆောင်တကာလေဆန်း၊ ထွေတလာလေပန်း)၊ (နေအရောင် လိုပင်၊ လအရောင်လိုပင်)၊ (စိမ်းရရိမ်း၊ နီရရီ၊ ပြာရရာ၊ ဝါအဝါ၊ ရွှေအရွှေ၊ ရွှေတည့်ရွှေအရွှေ)၊ (သယ်လေ-ကျောင်းတော်၊ ကျောင်းတော်၊ ကြူးကျော်ယဉ်လေဟန်)၊ (ဖန်မှန်ရှိန်၊ မြနှယ်စိန်၊ နေခြည်ရောင်လင်း သောခါ၊ ဘယ်သူပင် ရှုဝံ့ဘူး) (မြင့်လှ ဖြူးဖြူး၊ တိမ်ဆီ အံ့ဩ ဩမည်၊ အံ့ဩမည်)၊ သံသရာလေဝဋ်နှင့်၊ ကင်းအောင်ရှင်းအောင်၊ သံသရာလေဝဋ်နှင့်၊ (ကင်းကြောင်း ရှင်းကြောင်း)၊ ချမ်းမြမြကြည်စွာ၊ သာယာ ရွှင်ပြုံး၊ တေဇာ တုန်ရိုက်ချုန်းပါလို့၊ မိုးလုံးတိမ်တိုက် ဖြာလေတည့်မှ မိုးလုံးတိမ်တိုက်ဖြာ။ သီချင်းမှာပါတဲ့ “သယ်လေ”ဆိုတဲ့စကားရပ်က (အာမေဍိတ်စကား) အံ့မခန်းဖွယ်လို့ဆိုလိုတာပါ။ ဂီတလိုက်စားသူ တိုင်းနှစ်ခြိုက် သဘောကျတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရွှေကျောင်းတော်ကြီးနဲ့တိုက်ရိုက် သက်ဆိုင်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ခေတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်အောင်မြင်ခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာ မင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) နံနက် ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြည်နူးဖွယ်မြင်ကွင်းလိုပါပဲ။ သူ့ခေတ် သူ့အခါက မင်းနဲ့ပြည်သူတို့ရဲ့ ခမ်းနားသိုက်မြိုက်စွာ ကုသိုလ်ယူဒါနပွဲတော်၊ ရွှေကျောင်းတော်ကြီး အကြောင်းဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်က တည်းက တည်ဆောက်ခဲ့တဲ့ ရွှေကျောင်းတော်ကြီးဟာ အခုဆိုရင် သက်တမ်း ၁၆၇ နှစ်ရှိပြီဖြစ် ပါတယ်။
ကမ္ဘောဇသာဒီနန်းတော်နဲ့ ပတ်သက်လို့ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၈ ခုနှစ်၊ တန်ဆောင် မုန်းလဆန်း ၁၀ ရက်မှစ၍ မြို့သစ်ကိုတည်ခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်က ပြဆိုပါတယ်။ နန်းမြို့သစ်ကို တည်ခဲ့စဉ်က အရှေ့ဘက်မှ တောင်ဘက်ကိုတူး၍ အနောက်ဘက်တွင်ဖို့ခဲ့ရကာ မြို့တည်ထောင်ချိန်မှာ ငါးနှစ်ကြာမြင့်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၉ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်တွင်နန်းတက်ခဲ့ကြောင်း၊ မြို့ကို ကမ္ဘောဇသာဒီဟုမှည့်ကြောင်း တွင်းသင်း မဟာ ရာဇဝင်သစ်တွင် ဖော်ပြထားပါတယ်။ အခုဆိုရင် ကမ္ဘောဇသာဒီ နန်းတော်ဟာ သက်တမ်းအားဖြင့် ၄၅၈ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။
ရှေးဟောင်း အဆောက်အအုံဆိုသည်မှာ “မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ် တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘာ၀ပတ်ဝန်းကျင်နေရာများအပါအဝင် လူသားတို့နေထိုင်ပြုလုပ်သုံးစွဲ တည်ဆောက်ခဲ့သည့် အဆောက်အအုံများ” ကို ဆိုသည်လို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများစာအုပ်တွင် အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တဲ့နေရာမှာ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ်အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီဖြစ်သည့် အပျက်အစီးများ၊ ရှေးမြို့ ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်၀၊ မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေ အဆောက်အအုံများ၊ လူနေရာဌာန၊ ဥယျာဉ်၊ အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်းလူများနေထိုင်ခဲ့သည့် ကုန်းဟောင်းများ၊ ယင်းတို့၏ အကြွင်းအကျန်များ ပါဝင်ပါတယ်။ ဒါ့ပြင်သဘာ၀ အလျောက် တည်ရှိ သည့် သို့မဟုတ် လူတို့ဖန်တီးသည့် ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာ၀လိုဏ်ဂူ၊ ရှေးဟောင်း ကျောက်ဂူ၊ အခြားနေထိုင်ရာနေရာနှင့် ရှေးဟောင်းလူများ သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊ ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့်ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာနေရာများ အပါအဝင် ဘူမိသဘာ၀ ပတ်ဝန်းကျင်နေရာများလည်း ပါဝင်ပါတယ်။
ဒါတွေဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်လို့ မျိုးဆက်သစ် အဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။ မြန်မာ တို့ဟာ ရှေးနှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့လို့ ယနေ့တိုင် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး၊ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး တွေကို ဘိုးဘွားတွေကဆောင်ရွက်ခဲ့သလို မျိုးဆက်သစ်တွေကလည်း ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက် တိုင်အောင် အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေတဲ့ အချက်တွေမှာ မြန်မာတို့ဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နေခြင်းဟာလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုတာကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။
လာမယ့်နောင်အနာဂတ် မျိုးဆက်သစ်ကလေးတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အနှစ်သာရကို သိရှိပြီးတော့မှ သမိုင်းအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ အမျိုးသားရေး ယဉ်ကျေးမှု လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို မပျောက်ပျက်၊ မပျက်စီးစေဖို့ အလေးအနက်ထား သွားရောက်ကာ လိုအပ်တာတွေလမ်းညွှန်ခြင်း၊ ဖြည့်ဆည်းပေးခြင်း တွေကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးမှုပျောက်ရင် လူမျိုး ပျောက်မယ်ဆိုတဲ့ စကားအတိုင်း မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်နဲ့ အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများကို ဖော်ညွှန်းပြသနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေမတိမ်ကော၊ မပပျောက် အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-www.moi.gov.mm

ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။

ထိုပန်းချီဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာသောပန်းချီအနုပညာ တစ်မျိုးလည်းရှိသည်။ ယင်းကား ပုလင်းပန်းချီဖြစ်ပြီး ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင် ဖြစ်သည်။ ပုလင်းပန်းချီကိုအဓိပ္ပာယ်ဖွင့်လျှင် ပုလင်းထဲမှာရေးဆွဲသောကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။ ပန်းချီပညာဟူသည် သက်ရှိသက်မဲ့များကို ဆေးရောင်စုံဖြင့် စနစ်တကျ အသက်ဝင်အောင် ရေးဆွဲသော ပညာရပ်ဖြစ်သည်။
အခြားသော ပန်းချီဆွဲကားချပ်များပေါ်တွင် လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင်လည်းကောင်း ရေးဆွဲခြင်းသည် လွယ်ကူသော်လည်း ပုလင်းအတွင်းမှာ ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ကသိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က စာရေးသူတို့နိုင်ငံမှာ မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက် လာသည်မှာမကြာသေးပါ။
ပုလင်းပန်းချီစတင်ပေါ်ပေါက်ချိန်က စာရေးသူတို့နိုင်ငံမှာ ရေးဆွဲသူတစ်ဦးတည်းရှိသည်ဟုသိရသည်။ ထိုပုဂ္ဂိုလ်မှာ"ပန်းချီဦးညိုလေး"ဖြစ်သည်။ ဇာတိက ကျောက်ဆည်ခရိုင် မင်းစုရွာဖြစ်သည်။ ပုလင်းပန်းချီသည် တရုတ်ပြည်က စသည်ဟုဆိုရပေမည်။ အကြောင်းမှာ ဆရာမစောမုံညင်း၏ဆောင်းပါးမှာ ယခုလိုဖော်ပြ ထားသည်ကို တွေ့ရသည်။ ၁၉၅၈ ခုနှစ်က တရုတ်ပြည်က အပြန်ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်သည်။
တစ်လုံးကိုမည်သူ့ကို ပေးလိုက်ကြောင်း မမှတ်မိဟုဆိုသည်။ အဆိုပါ ပုလင်းပန်းချီ အကြောင်းကို ၁၉၆၄ ခုနှစ်က ယဉ်ကျေးမှုစာစောင်မှာ "ပုလင်းပန်းချီ" ခေါင်းစဉ်နှင့် ဆောင်းပါးရေးခဲ့သည်ဟု ဆိုသည်။
ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးက ဆရာမစောမုံညင်း၏ ပုလင်းပန်းချီဆောင်းပါးကို လေ့လာပြီး လေ့ကျင့်လိုက်တာ နောက်အနှစ် ၂၀လောက်ကြာတော့ ပုလင်းပန်းချီအောင်မြင်ကြောင်း စာပို့အကြောင်းကြားပြီး ပုလင်းပန်းချီ သုံးလုံးကိုလည်း လူကြုံနှင့်ပို့ပေးလိုက်သည်ဟု ဆောင်းပါးမှာ ဖော်ပြထားသည်။
ပုလင်းပန်းချီရေးခြင်းသည် အခြားသော ပန်းချီကားချပ်များနှင့်မတူပေ။ ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်များမှာ-
(၁)ကျစ်လျစ်မှုရှိခြင်း၊
(၂)သယ်ယူသိမ်းဆည်းရာတွင်လွယ်ကူခြင်း၊
(၃)ဆေးရောင်မမှိန်ခြင်း၊
(၄)ဆီဆေးတစ်မျိုးတည်းသာအသုံးပြုရေးဆွဲရခြင်း၊
(၅)စွန့်ပစ်ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် စျေးမများခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့ အားသာချက်များရှိသလို အားနည်းချက်တစ်ခုလည်းရှိသည်။ ဤကားအလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်သည်။ ပုလင်းပန်းချီများသည် အခြားသော ပန်းချီကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြားပန်းချီကား များဆိုလျှင် ပြင်ပလေနှင့်ထိတွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်းပန်းချီသည် ပုလင်းအတွင်းမှာ ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။
ပုလင်းပန်းချီရေးဆွဲရာတွင် ပုလင်း၏အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ရေးဆွဲရာတွင် ကားချပ်ပေါ်မှာ ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုး မဟုတ်ပေ။ ထို့ပြင်စုတ်တံကို မူလအတိုင်းဆေးတို့၍ ရေးဆွဲခြင်းလည်း မဟုတ်ပါ။ ပုလင်းအတွင်းရေးဆွဲရာတွင် ပုလင်းအပြင်က ကြည့်လျှင် အတည့်မြင်စေရန် ပုလင်းအတွင်းမှာ ပြောင်းပြန်ရေးဆွဲရပြီး စုတ်တံကို အဖျားကောက်ရေးဆွဲရသည်ဟု စာရေးသူကြားဖူးသည်။ ပုလင်းပန်းချီအတွက် ဆီဆေးတစ်မျိုးသာအသုံးပြုရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန်လာလျှင် ပုလင်းအတွင်းရှိလေသည် ပြင်ပလေထက်ပိုပူလာပြီး သင်္ဘောဆေးများ ကြွလာသည်ဟုဆိုသည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကိုသာ အသုံးပြုကြသည်။ အဆိုပါစုတ်တံများကို တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင် ဖန်တီးယူကြရသည်။ စုတ်တံအထူးအပါးအတွက်ကော်ဖတ်စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထားရရှိစေရန် မီးဖြင့်လိုအပ်သလိုတို့ ညှိပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ်ပေးရသည်။
ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့်ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်၍ ပြန်လည်အသုံးပြုလေ့ရှိသည်။ ပုလင်းပန်းချီအတွက် ပုလင်းအကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများကိုသာ အသုံးပြုကြသည်။
စာရေးသူတို့နိုင်ငံတွင် ပုလင်းပန်းချီဆရာ ဦးညိုလေးနောက်တွင် ပုလင်းပန်းချီရေးဆွဲသူမှာ ပုလင်းပန်းချီ ဆရာယောနသံဟု သိရသည်။
ဆရာယောနသံ၏ လက်ဦးဆရာသည် ပန်းချီဦးညိုလေးဖြစ်သည်။ ဆရာယောနသံသည် ပုလင်းပန်းချီရေး ဆွဲနည်းကို ဆရာဦးညိုလေးထံမှ သင်ယူခဲ့သည်။ ဆရာယောနသံသည် ပုလင်းပန်းချီကို ၁၉၉၆ ခုနှစ်ခန့်က စတင်ရေးဆွဲခဲ့ပြီး ယင်းလက်ရာများမှာ ညောင်ဦးမြို့တွင်ရှိသည်။
ထို့ကြောင့်ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးပင် ဖြစ်သည်။
ပုလင်းပန်းချီသည် အဝကျဉ်းပုလင်းထဲသို့ စုတ်တံထည့်၍ အကွေး၊ အညွန့်၊ အနွဲ့၊ မျဉ်းကွေး၊မျဉ်းကောက်၊ မျဉ်းဖြောင့်၊ မျဉ်းယိုင်၊ မတ်မျဉ်းစသည်တို့ဖြင့် ရေးဆွဲရသဖြင့် ခက်ခဲလွန်းလှသည်။ ပုလင်းပန်းချီရေးဆွဲရန် အောက်လိုင်းရေးဆွဲခြင်းပင်တစ်ပတ်ခန့်ကြာသည်။
ဆေးကိုလည်း တစ်ရောင်ပြီးမှ တစ်ရောင်ခြယ်ရသည်။ အရောင်တစ်မျိုးစီကို သုံးထပ်ရောင်ပြန်ခြယ်ရသည်။ ပုလင်းအပြည့် နောက်ခံဆေးခြယ်မည်ဆိုလျှင် နောက်ခံရောင်ကို ဆေးတစ်ထပ်သာလိုက်သည်။ သို့သော်နောက်ခံ ဆေးအပြည့်ကို လူကြိုက်နည်းသောကြောင့်ဖြစ်သည်။
ထိုသို့လူကြိုက်နည်းရခြင်းမှာ ပုလင်းအတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့် ဖြစ်သည်။ နောက်ခံဆေးမတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲသဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။ ယခုအခါဆီဆေးအပြင် ရွှေမင်တွေကိုပါ သုံးလာကြသည်။
ပုလင်းပန်းချီပုံများကို အများအားဖြင့်မြန်မာ့ရိုးရာပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲသလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေသော ကိုရင်ပုံများနှင့် ပျိုမေများရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် ဆင်ပုံ၊ မြင်းပုံ၊ ဘုန်းတော်ကြီးကျောင်းပုံ မင်းသားပုံများ၊ ပန်းပွင့်ပုံများ၊ ဝါးပင်နှင့် ပန်းနွယ်ပန်းခက်ပုံများကိုလည်း ရေးဆွဲလေ့ရှိကြသည်။ ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးက ကြီးလှသည်ဟု ဆိုသည်။ နိုင်ငံခြားသားများက စျေးကြီးပေးဝယ်ကြသည်ဟု သိရသည်။ ဇာတ်တော်တွေကိုလည်း မှီငြမ်းရေးဆွဲလေ့ရှိသည်။ ပဉ္စဝဂ္ဂီငါးဦးတရားနာယူနေပုံ၊ ရာမလေးတော်တင်ခန်းပုံစသည့် ပုံများကိုလည်း ရေးဆွဲလေ့ရှိကြကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခို
ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည် ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန် ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏ ယဉ်ကျေးမှုများမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို လေ့လာကြမည် ဆိုပါလျှင် ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။
လူသားအားလုံးအတွက် အဝတ်အထည်သည် အရေးကြီးသည်။ သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ် အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။ မြန်မာတို့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည် လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။
ထို့နောက် သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။
မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင် တွင်ကျယ်ခဲ့သည်။
ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။
ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည် စာမတတ်လျှင် အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင် ပေါ်ထွန်းခဲ့သည်။ ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။
“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်
“ ရွှေချည်ငွေချည် တန်းပါလို့
ရက်ကန်းကိုယ်စီ တန်းကိုယ်စီ
လက်ခတ်ကယ် ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေလေး” ဟူ၍
ဆရာဦးသော်ဇင်စီစဉ်ပြုစုသော ကျေးလက်တောရွာတေးကဗျာ စာအုပ်တွင် လေ့လာဖတ်ရှုရသည်။
အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်
“ဘုရားငုတ်တိုရောင်တော်လွှတ်မှ
ပုံတော်စင်ဝတ် ကြပါစို့ မောင်ကြီးရေတော့
အောက်ပြည်ဆို လှေတော်ထိုး
ပိုးမှာလိုက်တယ် လေလေ့
အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ်
အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ
လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”
ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ လူထုကြားတွင် တွင်ကျယ်စေခဲ့သည်။
မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။
ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။
မြန်မာ့ယဉ်ကျေးမှုတွင် ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို မျိုးဆက်သစ်များ လေ့လာကာ ဝံသာနုစိတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင် တာဝန်ရှိသည်။
ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။ ။