စာသင်ကျောင်းဆိုတာ စာပေတွေသင်ကြားပေးတဲ့ နေရာတစ်ခုသီးသန့်မဟုတ်ပါဘူး။ ပညာရေးရဲ့ အနှစ်သာရဖြစ်တဲ့ အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတတွ ေပေးအပ်တဲ့နေရာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းတွေ ပေးစွမ်းတဲ့နေရာလည်းဖြစ်တယ်။ ဒါတင်မက နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်တွေကိုပါ သင်ကြားပေးအပ်နိုင်တဲ့အထိ မွန်မြတ်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် စာသင်ကျောင်းဆိုတာဟာ ကျောင်းသားဘဝ အမှတ်တရ ပုံရိပ်များသာမက လူ့စွမ်းအားအရင်းအမြစ်ကောင်းအဖြစ် သန္ဓေတည်ပေါက်ဖွားနိုင်တဲ့ အခြေခံအဆောက်အဦကောင်း တစ်ခုလည်းဖြစ်တယ်ဆိုတာကို မောင်တို့မယ်တို့အားလုံး သိထားကြရပါမယ်။
မောင်မယ်တို့နဲ့ မောင်မယ်တို့မိဘအပေါင်းတို့ရေ။ လူသားတွေရဲ့ဘဝမှာ အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိခြင်း၊ မရှိခြင်းအပေါ် မူတည်ပြီး ဘဝဆိုတာ အနိမ့်အမြင့်ကွာခြား သွားတတ်ကြတယ်။ ပညာရည်ကွာခြားချက်ဟာ လူသားဘဝ ကိုယ်စီတင်မကဘဲ နိုင်ငံတစ်ခုနဲ့တစ်ခု အထိပါ အဆင့်အတန်း ကွာခြားသွားတတ်ကြတယ် ဆိုတာကို မောင်တို့မယ်တို့အားလုံးနဲ့ မိဘပြည်သူအပေါင်းကို လေ့လာတွေ့မြင်တတ်စေချင်ပါတယ်။ လူသားတစ်ယောက် အတွက် စာပေပညာ၊ အတတ်ပညာ ပြည့်ဝရေးဟာ အခြေခံလိုအပ်ချက် တစ်ခုဆိုတာကို အားလုံးတထစ်ချ သိထားကြရမယ်။ စည်းကမ်းကစလို့ စာပေပညာ၊ အတတ်ပညာသာမက အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆတွေအထိပါ ပြည့်စုံမှန်ကန်အောင် အုတ်မြစ်ချပေးတဲ့နေရာ တစ်ခုဆိုတဲ့ခံယူချက်ကို မြဲမြံစွာနှလုံးသွင်းထားကြပါ။
နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ် ပေါကြွယ်ဝရေးပဲဖြစ်ပါတယ်။ နိုင်ငံတော်မှာ လူသားအရင်းအမြစ်ကောင်းတွေ များစွာလိုအပ်နေတယ်ဆိုတာကို ပကတိမြေပြင် အကြောင်းတရားများက သက်သေညွှန်းဆိုနေဆဲလည်းဖြစ်ပါတယ်။ ဒေသတစ်ခုချင်းစီကစလို့ နိုင်ငံတစ်ဝန်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဝေဆာစေဖို့ နိုင်ငံတော်မှာ ပညာတတ်တွေပေါကြွယ်ဝရေးဟာ မဖြစ်မနေလိုအပ်ချက် တစ်ခုလည်း ဖြစ်တယ်။ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မယ့် ပညာတတ်လူသား အရင်းအမြစ်တွေပေါကြွယ်ဝရေးမှသည် မွေးဖွားလာတဲ့ ဒီပညာတတ်လူသား အရင်းအမြစ်များကသာ နိုင်ငံတော်ဒေသအသီးသီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်ကြမှာပါ။ ဒါဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပါပဲ။
ယနေ့အဖြစ်အပျက်ဟာ မနက်ဖြန်ရောက်တိုင်း အတိတ်ဖြစ်သွားတတ်ကြတာ သဘာဝတစ်ခုပါပဲ။ စာရေးသူတို့ လူငယ်မျိုးဆက်တွေဟာ အတိတ်သမိုင်းကနေ အသိတရားတွေ၊ သင်ခန်းစာတွေယူပြီး ကြိုးစားတတ်ကြဖို့၊ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ယနေ့ နိုင်ငံအတွင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ၊ လက်နက်ကိုင် လမ်းစဉ်ရဲ့ဖြစ်တည်မှုတွေကို ဆန်းစစ်ကြည့်ရင် နိုင်ငံရဲ့ လူသားအရင်းအမြစ် ပျက်သုဉ်းရေးထိ ခရီးရောက်နေတာကို တွေ့မြင်ရတယ်။ ဒါဟာ ပညာရည်နိမ့်ပါးခြင်းကို ညွှန်းဆိုနေတဲ့အကြောင်းတရား တွေပဲဖြစ်တယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ လူကြီးလူငယ်တွေကြိုက်တဲ့ နိုင်ငံတကာ ကလပ်အသင်း ဘောလုံးပြိုင်ပွဲအသီးသီးက ကစားသမားလူငယ်တွေကို လေ့လာကြည့်ပါ။ အချို့က အသက် ၁၈၊ ၁၉ နှစ်လောက်နဲ့ ကမ္ဘာကျော်နေကြပြီ။ လုပ်ခလစာကောင်းကောင်းနဲ့ အသင်းငယ်တွေကနေ အသင်းကြီးတွေအထိ ကစားနိုင်အောင် ကြိုးစားနေကြတယ်။ အင်္ဂလန်ကလပ်ကနေ စပိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်စတဲ့ နာမည်ကြီးကလပ်အသင်း တွေအထိ ရောက်အောင် သူ့ထက်ငါအပြိုင် ခြေစွမ်းပြကြိုးစားနေကြပြီ။
ပြည်ပလူငယ်တွေက တစ်ကမ္ဘာလုံးရဲ့ လက်ခုပ်သံတွေရအောင် ကြိုးစားနေကြပေမယ့် စာရေးသူတို့နိုင်ငံက လူငယ်အစုအဖွဲ့အချို့ ကတော့ တစ်ကမ္ဘာလုံးက စက်ဆုပ်ရွံရှာတဲ့ အကြမ်းဖက်လမ်းစဉ်တွေထဲမှာ ကျင်လည်နေကြ တယ်။ ဒါတွေဟာ စေ့စေ့တွေးရင် ပညာအခြေခံနည်းရာကနေ အသိပညာ၊ အတွေးအခေါ်အယူအဆ နုံနဲ့တဲ့အထိဖြစ်စေခဲ့တဲ့ အကြောင်းတရားတွေသာဖြစ်တယ်။ ဒါ့ကြောင့် ယနေ့လူငယ်တွေ အားလုံး သမိုင်းထဲက သင်ခန်းစာယူကြပါ။ ကမ္ဘာထိရှုမြင်ပြီး သင်ခန်းစာယူကြပါလို့ ပြောချင်တယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့လည်း လူသားအရင်းအမြစ်ကောင်းတွေ နိုင်ငံတော်မှာ ထွက်ပေါ်ဖို့ ဦးတည်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်နေတာကို တွေ့မြင်ရတယ်။ လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားလာစေဖို့ အခြေခံကျတဲ့ပညာရေး ကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်နေတယ်။ ပညာရေးကဏ္ဍမှာဆိုရင် အခြေခံပညာအဆင့်ကနေ အဆင့်မြင့်ပညာရေး အဆင့်အထိ တစိုက် မတ်မတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများအထိ သင်ကြားစေပြီး နိုင်ငံတော်ကို ပြန်လည်အကျိုးပြုနိုင်ဖို့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခြေခံပညာကျောင်းများမှ အဆင့်မြင့်ကျောင်းတွေထိ နိုင်ငံသားမျိုးဆက်သစ် လူငယ်တွေ သင်ကြားနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဒါ့အပြင် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိတယ်။ နိုင်ငံတစ်နိုင်ငံဟာ အစိုးရကောင်းတစ်ခုတည်းနဲ့ ဦးဆောင်လို့မရဘူး။ ပြည်သူကလည်း ပြည်သူကောင်းဖြစ်အောင် ကြိုးစားပြီး ပူးပေါင်းဖို့လည်း သိပ်ကိုအရေးကြီးတယ်။ အစိုးရအတွေးဟာ ပြည်သူ့အရေးဖြစ်သလို ပြည်သူ့အတွေးဟာလည်း နိုင်ငံတော်ရဲ့အရေးဖြစ်ဖို့ လိုအပ်တယ်ဆိုတာကို နေရာစုံထောင့်စုံ အဖြစ်အပျက်များက ဖော်ညွှန်းနေပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီး ရှိတယ်။ နိုင်ငံရေးစနစ်၊ အစိုးရစနစ်အမျိုးမျိုးနဲ့ ရပ်တည်နေကြတယ်။ ဘယ်စနစ်အမျိုးမျိုးနဲ့ ရပ်တည်နေပါစေ ပညာဆိုတဲ့အခြေခံ စနစ်ကောင်းကိုပဲ အားလုံးခြေကုပ်ယူကြရတယ်။ ဒါဟာအရှိတရားပဲ။ အရှိတရားပေါ်မှာ အသိတရားရတဲ့ နိုင်ငံတော်ဟာ ကျိန်းသေဖွံ့ဖြိုးတိုးတက်မှာပါပဲ။ စက်မှုစီးပွားကိုအခြေခံတဲ့နိုင်ငံတွေဟာ စက်မှုစွမ်းအားကို ထုတ်ပြပြီး နိုင်ငံရဲ့ Brand ကိုပြသနေဆဲဖြစ်တယ်။
ရေမြေတောတောင် သဘာဝအလှတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက သူတို့ရဲ့သဘာဝတရားတွေကို လက်တွေ့ကျကျ အသုံးချတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်ပြီး သူတို့ရဲ့ Brand ကို ပြသကြတယ်။ ရေနံဆိုတဲ့ သဘာဝတရားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေက စက်သုံးဆီအမြောက်အမြားကို ထုတ်လုပ်ရင်း သူတို့ရဲ့ Brand ကိုပြသကြတယ်။ စသဖြင့်ပေါ့။ ဒါတွေဟာ ပညာကိုပဲ ကနဦး အခြေခံကြတာ မဟုတ်ပါလား။ ပညာကိုအခြေခံရင်း မွေးဖွားလာတဲ့ လူသားအရင်းအမြစ်ကောင်းတွေကတစ်ဆင့် ကမ္ဘာထိတောင် လွှမ်းမိုးနေကြတာတွေကလည်း အရှိတရားတစ်ခုပါပဲ။ ကဲ လူငယ်မောင်မယ်များနဲ့ မိဘပြည်သူအပေါင်းတို့ရေ ဒီနေရာမှာ မိမိတို့နိုင်ငံကရောဆိုတဲ့ အတွေးကို ရဲရဲကြီး မှန်မှန်ကန်ကန် တွေးလိုက်ကြပါ။ ကိုယ့်နိုင်ငံရဲ့ Brand ကိုပြနိုင်အောင် ကြိုးစားကြပါ။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရ၊ ကျောင်းသား၊ ကျောင်းသူ၊ မိဘနဲ့ ဆရာ၊ ဆရာမများဟာ တွဲလက်ညီညီနဲ့ ပူးပေါင်းကြရမယ်။ ပညာတတ် လူသားအရင်းအမြစ်တွေ မွေးဖွားဖို့ဆိုရင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများရဲ့ စွမ်းပကားကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တာကို တွေ့ရပြန်တယ်။ နိုင်ငံတော်အနေနဲ့လည်း ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်နေတယ်။ ဆရာ၊ ဆရာမများအနေနဲ့လည်း စာပေပညာ သင်ကြားပေးနိုင်ရုံမကဘဲ လူငယ်မျိုးဆက်သစ်လေးတွေကို နိုင်ငံ့သားကောင်းများအဖြစ် မှန်ကန်စွာ ရပ်တည်နိုင်သည်အထိ ထုဆစ်ပုံဖော်နိုင်ရပါမယ်။
ထုဆစ်ပုံဖော်လိုက်တဲ့ ပန်းပုရုပ်တစ်ရုပ်ရဲ့ကြွရွ လှပခံ့ညားနေမှုဟာ ပန်းပုဆရာကောင်းရဲ့ အယူအဆနဲ့ပညာ ဝမ်းစာပါ။ ဒီလိုပါပဲ။ လူငယ်မျိုးဆက်သစ်တွေကို နိုင်ငံ့သားကောင်းအဖြစ် ထုဆစ်ပုံဖော်မယ့် ဆရာ၊ ဆရာမများရဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ ကိုယ့်စိတ်သန္တာန်မှာ ရှင်သန်နေတဲ့ အသိပညာတွေ၊ အတတ်ပညာတွေ၊ ခံယူချက်ကောင်းတွေ၊ နည်းနာနိဿယတွေဟာ တစ်နေ့နိုင်ငံ့မျက်နှာစာမှာ ပုံပေါ်လာစမြဲပါ။ ကိုယ်တည်ဆောက် ပေးလိုက်တဲ့ အနာဂတ်ဟာ တစ်နေ့ကိုယ့်ရဲ့ပစ္စုပ္ပန်တွေဖြစ်လာမယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လည်း လိုအပ်ပါတယ်။
ဒါကြောင့် ယနေ့နိုင်ငံတစ်ဝန်းက လူငယ်မောင်မယ်တစ်တွေဟာ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ဆိုတဲ့ ကျောင်းတော်အသီးသီးကို လျှောက်လှမ်းသွားကြပါ။ မိဘအပေါင်းကလည်း မိမိသားသမီးရဲ့ အနာဂတ်ဘဝ ကောင်းစားရေးမှသည် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းတွေ မွေးဖွားစေရေးအထိ ရည်မှန်းမြော်တွေးပြီး ကျောင်းတော်အသီးသီးဆီ လက်တွဲလို့ခေါ်သွားချိန်တန်ပါပြီ။ ပညာရည်မြင့်မားဖို့ ဆိုရင် ဆရာ၊ ကျောင်းသား၊ မိဘတစ်တွေဟာ ကျောင်းတော်အတွေးမှသည် နိုင်ငံ့အရေးဆီထိ မြော်တွေးနိုင်မှသာ ဘဝအတွက်၊ နိုင်ငံတော်အတွက် ချိန်ကိုက်အံကျဖြစ်မည်ဆိုတဲ့ အကြောင်း စာပန်းချီခြယ်မှုန်းလို့ တိုက်တွန်းလိုက်ရပါတော့တယ်။ ။
MWD Web Portal

လူသားတို့အနေဖြင့် အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မိမိတို့၏လူနေမှုဘဝအတွက် ပညာသင်ကြားခြင်း၊ စီးပွားရှာဖွေခြင်းမှသည် တတိယအရွယ်တွင် တရားဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်သည်။ လူ့ဘဝသည်ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အရွယ်သုံးပါးပိုင်းခြားထားရှိသည်။ ပထမအရွယ်သည် ကိုယ်လက်လှုပ်ရှားမှု လျင်မြန်ဖျတ်လတ်ပြီး တက်ကြွနေသည့်အရွယ်ဖြစ်သည်။ ထိုအရွယ်သို့ရောက်နေသူတိုင်းသည် ဒုတိယအရွယ်နှင့် တတိယအရွယ်သို့ ရောက်ရှိနေသူများအတွက် ကူညီထောက် မပေးကြရမည်မှာ လောကဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပထမအရွယ်တွင် နိုင်ငံတော်အတွက် ကျရာတာဝန်များကို က
လူသားတို့အနေဖြင့် အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မိမိတို့၏လူနေမှုဘဝအတွက် ပညာသင်ကြားခြင်း၊ စီးပွားရှာဖွေခြင်းမှသည် တတိယအရွယ်တွင် တရားဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်သည်။ လူ့ဘဝသည်ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟူ၍ အရွယ်သုံးပါးပိုင်းခြားထားရှိသည်။ ပထမအရွယ်သည် ကိုယ်လက်လှုပ်ရှားမှု လျင်မြန်ဖျတ်လတ်ပြီး တက်ကြွနေသည့်အရွယ်ဖြစ်သည်။ ထိုအရွယ်သို့ရောက်နေသူတိုင်းသည် ဒုတိယအရွယ်နှင့် တတိယအရွယ်သို့ ရောက်ရှိနေသူများအတွက် ကူညီထောက် မပေးကြရမည်မှာ လောကဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပထမအရွယ်တွင် နိုင်ငံတော်အတွက် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဟူသော စိတ်ဓာတ်ကို နှလုံးသွင်းထားကြရမည် ဖြစ်သည်။
နိုင်ငံတိုင်းတွင် အရေးကြီးစွာ လုပ်ဆောင် နေကြရသည့် တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနိုင်ကြမှသာ အထက်တွင်ဖော်ပြခဲ့သည့် ဒုတိယအရွယ်နှင့်တတိယအရွယ်ရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သူတိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် တပ်မတော်တစ်ရပ်၏ အဓိကတာဝန် ဖြစ်သော်လည်း ထိုတာဝန်များ အောင်မြင်စွာဖြစ်ပေါ်နေစေရေးအတွက် အရွယ်ရောက်သူနိုင်ငံသားတိုင်းက စစ်မှုထမ်းဆောင်ခြင်းဖြင့် ပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သူ့ကျွန်အဖြစ်နေခဲ့ရစဉ်ကာလ တစ်လျှောက်လုံး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အုပ်ချုပ်သူကိုလိုနီတို့က တာဝန်ယူထားခဲ့သည်။ နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သည့်ကာကွယ် ရေးတာဝန်ကို မြန်မာတို့အား လွှဲအပ်ပေးမထားခြင်းမှာ သူတို့အုပ်ချုပ်နေသည့် အခွင့်အရေးဆုံးရှုံးသွားမည်ကို စိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် သခင်အောင်ဆန်းဦးဆောင်သောမြန်မာလူငယ် ၃၀ ဦးတို့သည် ကိုယ်ပိုင်တပ်မတော်တစ်ရပ် ဖြစ်ပေါ်ရေးအတွက် သက်စွန့်ဆံဖျားပြည်ပသို့ ထွက်ခွာကာ စစ်ပညာများသင်ယူကြရသည်။
စစ်ပညာများသင်ယူတတ်မြောက်ပြီးသည့်အခါ ဗမာ့လွတ်လပ်ရေးတပ်မတော်( ဘီအိုင်အေ) ဦးဆောင်ဖွဲ့ စည်းခဲ့ကြသည်။ မြန်မာတို့တွင် တပ်မတော်တစ်ရပ် ပေါ်ထွန်းလာသည့်အတွက် မြန်မာ့လွတ်လပ်ရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကာ တိုက်ပွဲဝင်ခြင်း၊ အချေအတင်တောင်းဆိုမှုများပြုခြင်း စသည့်အကြမ်းနည်း၊ အနုနည်းတို့ဖြင့် လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်နိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းအား တပ်မတော်ကို ဦးဆောင်ပါဝင်ဖွဲ့စည်းတည်ထောင်ခဲ့သူ တပ်မတော်၏ ဖခင်အဖြစ် အသိအမှတ်ပြုထားသည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း အစိုးရအဖွဲ့သို့ မဝင်ရောက်မီအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ တပ်မတော်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမကြီး၌ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသည့်မိန့်ခွန်းတွင် “ဒီမြန်မာပြည်ကို ကျုပ်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့မြန်မာတွေကသာလျှင် မြန်မာပြည်ကိုကာကွယ်ရမယ့် တာဝန်ဟာအဓိကဖြစ်တယ်။ တိုင်းပြည်ကာကွယ်ဖို့အတွက် မြန်မာပြည်မှာစစ်သားတွေ နည်းနေတယ်ဆိုလို့ရှိရင် မြန်မာတိုင်း၊ မြန်မာတိုင်း အရွယ်ရောက်သူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲကိုထည့်ရလိမ့်မယ်။ နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ် ” ဟူ၍ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်၍အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ကမ္ဘာ့အလယ်တွင်ရပ်တည်နေနိုင်ပြီဖြစ်သည်။ လွတ်လပ်ရေး ရရှိထားပြီဖြစ်၍ အဆိုပါ လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေရေးအတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်သူ အားလုံးက အသိတရားနှင့် သတိထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ကြရာတွင် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည်သူ့စစ်မှုထမ်းတာဝန်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သတ်မှတ်ထားသည့် အသက်အရွယ်နှင့် ကျန်းမာရေး ကောင်းမွန်သူမှန်သမျှသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ခြင်းဖြင့် သတ်မှတ်ကာလ စစ်မှုထမ်းဆောင်ခြင်း ပြုကြရမည်မှာ တာဝန်တစ်ရပ်ဖြစ်သည်။
လူငယ်ဆိုသည်မှာ စိတ်ဓာတ်တက်ကြွနေသည့် အရွယ်ဖြစ်ပြီး အရာရာကိုအောင်မြင်အောင် ကြိုးစား လိုစိတ်ရှိသူများ ဖြစ်သည်။ အထူးသဖြင့် ယှဉ်ပြိုင်လိုစိတ်ကြီးမားသူများ ဖြစ်သည်။ မိမိနှင့်သက်တူရွယ်တူ သူငယ်ချင်းတစ်ဦး တတ်မြောက်သည့်ပညာ၊ လုပ်ကိုင်နိုင်သည့် စွမ်းရည်ရှိနေလျှင် “ငါလည်း သူ့လိုဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ” ဟူသောစိတ်ဓာတ်ရှိသူများ ဖြစ်သည်။
ထို့ကြောင့် မိမိပတ်ဝန်းကျင်မှလူငယ်များ ပြည်သူ့စစ်မှုထမ်းသင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီး မြောက်လျှင် မိမိကရောဘာကြောင့် မတက်ရောက်နိုင်ရမှာလဲဟူသော အားမာန်ပြည့်ဝသည့် စိတ်ကိုမွေးမြူရမည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းများတက် ရောက်ရန် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သင်တန်းများပြီးမြောက်ခြင်း အခမ်းအနားများတွင် သူတို့ပြောကြားသည့် ရင်တွင်းစကားသံများကို သတင်းမီဒီယာများတွင် ကြားမြင်ဖတ်ရှုကြရသည်မှာ လွန်စွာအားရဖွယ်ကောင်းလှသည်။
ဆရာဇော်ဂျီဖွဲ့ဆိုခဲ့သည့် “ရှေးခေတ်ပုဂံပြည်” ကဗျာထဲက စာသားများကိုမြင်ယောင်မိသည်။ ပုဂံခေတ်ကလူငယ်များ စစ်ပွဲတွေမှာအောင်လံတွေတလူလူလွှင့်ပြီး နေပြည်တော်ကိုပြန်ဝင်လာကြသည်။ တိုင်းသူပြည်သားများက အားရဝမ်းသာကြိုဆိုကြသည်။ အမေဖြစ်သူက သူ့သားကိုကြည့်ပြီး တအံ့တဩဖြစ်နေသည်။ ဤသည်ကို ဆရာဇော်ဂျီက “လာစမ်းဟဲ့ မေ့သား၊ အမယ်မင်းထွားလိုက်တာ၊ စစ်သားကြီးလုံးလုံး ဗိုလ်မှူးကြီးရှုံးလောက်ရဲ့၊ ပခုံးနဲ့လက်ပြင် ကြောခြင်က သံချောင်း၊ တစ်နှစ်တွင်းမှာ ချက်ချင်းပဲပြောင်းရော့၊ ကောင်းလိုက်ပေ့ မေ့သား၊ ဤဇမ္ဗူတစ်လူရှားလောက်ရဲ့”ဟူ၍ဖွဲ့ဆိုထားသည်မှာ တပ်မတော်သားဖြစ်ရခြင်းကို အလွန်ပင် ဂုဏ်ယူကြကြောင်း အထင်ကရ ပြဆိုနေခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်းများသည်နိုင်ငံတော်၏ အကျိုးအတွက်ဖြစ်သလို လူငယ်များ၏ ကောင်းကျိုးအတွက်လည်းဖြစ်သည်။ လူငယ်ဆိုသည်မှာ စိတ်လွတ်ကိုယ်လွတ် နေထိုင်လေ့ရှိတတ်သည်။
စားချိန်မမှန်၊ အိပ်ချိန်မမှန် ဖြစ်တတ်သည်။ အပေါင်းအသင်းမှားယွင်းတတ်သည့်အခါ ဆေးလိပ်၊ အရက်မှ အစပြုကာ နောက်ဆုံးတွင် မူးယစ်ဆေးဝါး၏သားကောင်ဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံး သွားတတ်ကြသည်။ မိသားစုအတွက်၊ နိုင်ငံအတွက် မည်သည့်အတွက်မျှအကျိုးမရှိဘဲ အသက်ကို ဆုံးရှုံးခံလိုက်ကြရသည်မှာ လွန်စွာစိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ပြီးသွားသည့် လူငယ်တို့မှာ ကိုယ်နေဟန်ထားမှ အစအချိုးကျ ပြေပြစ်သွားသည်။ နေ့စဉ်အချိန်နှင့်အမျှ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုပြီး တပ်မတော်သားတစ်ယောက် တတ်သင့် တတ်ထိုက်သည့် ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်းဖြင့် အဆိုပါ လူငယ်တို့သည် ပုဂံခေတ်လူငယ်များကဲ့သို့ ဖြစ်လာပေလိမ့်မည်။ မိမိတို့ကို မွေးဖွားပေးလိုက်သည့် မိခင်များကိုယ်တိုင်က အံ့ဩသောအကြည့်များနှင့်ကြည်နူးဝမ်းမြောက်စွာကြည့်နေပေလိမ့်မည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့်နိုင်ငံဖြစ်ပေရာ နိုင်ငံအတွက် အရေးကြီးဆုံး အချက်များမှာ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး” တို့ဖြစ်သည်။ အဆိုပါအချက်များကို ဒို့တာဝန်အရေးသုံးပါးဟူ၍ သတ်မှတ်ထားရှိသည်။ ဒို့တာဝန်အရေးသုံးပါးသည် နိုင်ငံသားတိုင်းလိုက်ပါစောင့်ထိန်းရမည်ဖြစ်သကဲ့သို့ တပ်မတော်သားတို့ အတွက်လည်း အမျိုးသားနိုင်ငံရေး တာဝန်များဖြစ်သည်။ ဤသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပျက်ကွက်နေလျှင်၊ ပေါ့လျော့နေလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဆုံးရှုံးသွားမည်မှာ အမှန်ဖြစ်သည်။ ရှေးကဘိုးဘွားတို့သည် “တို့ခေတ်ရောက်မှညံ့ကြတော့မှာလား”ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ထားကာ ခပ်ညံ့ညံ့ မဖြစ်ရေးကို သတိပေးလျက်ရှိကြသည်။
ယနေ့ကာလတွင် လက်ရှိရောက်ရှိနေသည့် လူငယ်များအနေဖြင့်လည်း တို့ခေတ်ရောက်မှ တို့ညံ့နေသည့် အဖြစ်မျိုးကို ခံကြရမှာလား။ သူကပြည်သူ့စစ်မှုထမ်းအဖြစ် ခေါင်းမော့ရင်ကော့ကာ တာဝန်ကို ထမ်းဆောင်နိုင်လျှင် ငါကရောမထမ်းဆောင်နိုင်ဘူးလား။ ထမ်းဆောင်နိုင်ရမှာပေါ့၊ မင်းလည်းယောက်ျား ငါလည်းယောက်ျားပဲလေ၊ မင်းသတ္တိရှိရင် ငါလည်းသတ္တိရှိတာပေါ့ဟူသော စိတ်ဓာတ်ကိုမွေးမြူကြရမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆိုတာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းကွက်ပြီး ကျင့်သုံးနေသည့်စနစ်မဟုတ်ပေ။ နိုင်ငံတိုင်းလိုလိုက မိမိနိုင်ငံကာကွယ်ရေးအတွက် ကျင့်သုံးနေသည့်စနစ်တစ်ခုဖြစ်သည်။ နိုင်ငံတိုင်းမှာ ကျင့်သုံးသင့်သည့်စနစ်တစ်ခုလည်းဖြစ်သည်။
ဆိုရိုးစကားတစ်ခုတွင် “အန္တရာယ်ကိုကြောက်ရွံ့နေသူအတွက် အန္တရာယ်ဆိုသည်မှာအမြဲရှိနေပြီး မိမိကိုယ်ကို စိတ်ဆင်းရဲအောင် ပြုနေမည်ဖြစ်သည်”ဟူ၍ဆိုထားသည်။ မဖြစ်မနေထမ်းဆောင်ရမည့် တာဝန်ကို ရှောင်လွှဲနေခြင်းမှာ သူရဲဘောနည်းသည့်စိတ်ဓာတ်ဖြစ်သည်။ ရှက်စရာအလွန်ကောင်းသည့်စိတ်ဓာတ်ဖြစ်သည်။ ထို့ကြောင့်လူငယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံနှင့်လူမျိုး၊ မိမိတို့မိသားစုအတွက် ဂုဏ်ယူဝင့်ကြွားနိုင်ကြရမည်ဖြစ်သည်။
နိုင်ငံတိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများရှိကြသည်။ အဆိုပါဥပဒေတွင် နိုင်ငံသားများအတွက် အခွင့်အရေးများအပြည့်အဝ ပေးထားသကဲ့သို့ ထမ်းဆောင်ရမည့်တာဝန်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားကြသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ခိုင်ခိုင်မာမာရှိထားသည်။
အဆိုပါ ဥပဒေတွင်လည်း နိုင်ငံသားများ အခွင့်အရေးကို သတ်မှတ်ထားသကဲ့သို့ ထမ်းဆောင်ရမည့် တာဝန်များကိုလည်း သတ်မှတ်ပေးထားသည်။
အဆိုပါပြဋ္ဌာန်းချက်များမှ ကောက်နုတ်ဖော်ပြရလျှင် “ပုဒ်မ ၃၈၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည်။
ပုဒ်မ ၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူ၍ဖြစ်သည်။ အဆိုပါ တာဝန်နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မိန့်ကြားခဲ့သော မိန့်ခွန်းကိုလည်း အထက်တွင် ကောက်နုတ်ဖော်ပြထားပြီး ဖြစ်သည်။
လူငယ်အများအပြား လုပ်ဆောင်နိုင်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မိမိလည်း ကျေပွန်စွာ ထမ်းဆောင်မည် ဟူသောလူငယ်တို့ကို နိုင်ငံတော်က အားရဝမ်းသာ ကြိုဆိုလျက်ရှိသည်။ သင်တန်းတက် နေစဉ်ကာလတွင် လိုလေသေးမရှိအောင် တာဝန်ရှိသူများက ကူညီပံ့ပိုးပေးနေသည်မှာ အားရဖွယ် ကောင်းလှသည်။ သူတို့အတွက်ပီတိဖြစ်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တန်ဖိုးထား ထမ်းဆောင် သူများအတွက် နိုင်ငံတော်အစိုးရတာဝန်ရှိသူများ၊ တပ်မတော်ကတာဝန်ရှိသူများက ပံ့ပိုးကူညီ ထောက်ပံ့မှုပေးခြင်း၊ ဂုဏ်ပြုကြိုဆိုခြင်းတို့မှာ အခြားသောလူငယ်တို့က အားကျရပေမည်။ သူတို့နေရာမှာ ငါလည်းဘာဖြစ်လို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်မထမ်းဆောင်နိုင်ရမှာလဲ ဟူသော စိတ်ဓာတ်ဖြင့် အားကျမခံထမ်းဆောင်ကြရမည် ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်မှာ ရှောင်လွှဲ၍မရနိုင်သလို ရှောင်လွှဲနေ သူတို့မှာလည်း ရှက်ဖွယ်ကောင်းလှသည်။
လူငယ်တိုင်း၏စိတ်တွင်အကောင်းမြင်စိတ်ကိုမွေးမြူကြရမည်။
အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုကြရမည်။ နိုင်ငံပျက်စီးရေးကိုရှေးရှုလုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားတို့၏ အဖျက်စကားများကို နားမယောင်မိရန် လိုအပ်သည်။ နားယောင်မိပါက မိမိတို့ ဘဝရှေ့ရေးအတွက် ပျက်စီးရေးလမ်းကြောင်းကိုသာ ရောက်ရှိမည်ဖြစ်သည်။ နောင်တဆိုသည်မှာ ကောင်းသော အရာမဟုတ်ပေ။ သူတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လူငယ်များလမ်းမှား ရောက်သွားကြပြီး နောင်တရနေကြပြီ ဖြစ်သည်။ အမှားကို မှားမှန်းသိ၍ ပြန်လာချင်သော်လည်း ပြန်လာခွင့်မရသည့် အခြေအနေမျိုး ဖြစ်သည်။ နောင်တဆိုသည်မှာ နောက်ကျခြင်း၏ ရလဒ်၊ ဆုံးရှုံးခြင်း၏ အဓိပ္ပာယ်၊ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သာဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည်။ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ မိမိတို့သည် နိုင်ငံသားတစ်ဦး ဖြစ်သည့်အတွက် “ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟူသောပြဋ္ဌာန်းချက်နှင့်အညီ လိုက်ပါကျင့်သုံးကြရမည် ဖြစ်သည်။ နိုင်ငံတော်အတွက် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရခြင်းမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ပေါ်ထွန်းစေရေးအတွက် တစ်ထောင့်တစ်နေရာက ပါဝင် ထမ်းဆောင်ရခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်က တာဝန်ပေးသည့်အလျောက် အဆိုပါတာဝန်အရ ခံစားပိုင်ခွင့် အခွင့်အရေးများကိုလည်း အပြည့်အဝပေးလျက်ရှိသည်။ ဤသည်ကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ဖော်ပြပေးထားပြီး ဖြစ်သည်။ လူငယ်များအနေဖြင့် အလုပ်တစ်ခုကို ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ကြည့်ပါ။ အဖျက်သမားတို့၏စကားတွင်လမ်းဆုံးမနေပါနှင့်။ ပြည်သူ့စစ်မှုထမ်း တာဝန်သည် မိမိအတွက် ဂုဏ်သိက္ခာမြင့်မားသော အလုပ်ဖြစ်သည်။ ထို့ကြောင့်ယနေ့လူငယ်များခေတ်တွင် “တို့တစ်တွေခေတ်မှာ အသွင်သစ် အမြင်သစ်ဖြင့်…” ပျော်ပျော်ရွှင်ရွှင် ပြည်သူ့စစ်မှုထမ်းကြပါစို့။ ။

လူသားတို့၏သက်ရှိကမ္ဘာကြီးသည် ခေတ်အမျိုးမျိုးကိုဖြတ်သန်းလာခဲ့ကြရသည်။ ကျောက်ဖြင့်ပြုလုပ်ထားသော လက်နက်များနှင့်ခုတ်ထစ်ဖြတ်တောက်အသုံးပြုသောအချိန်ကာလကို ကျောက်ခေတ်ဟူ၍လည်းကောင်း၊ ကြေး၊ သံတို့ကို ကိုင်ဆောင်လာသောခေတ်ကိုကြေးခေတ်ဟူ၍လည်းကောင်း အမည်အမျိုးမျိုးခေါ်တွင်ကာ ဖြတ်သန်းလာရပြီဖြစ်သည်။ ယခုအခါ လူသားတို့၏ ဉာဏစွမ်းရည်တို့ဖြင့် သင်္ဘော၊ ရထား၊ လေယာဉ်၊ ကားစသောအရာများကို တီထွင်နိုင်ခဲ့ပြီး ကမ္ဘာမြေပြင်တစ်ခွင်သွားလာနိုင်ခြင်းသည် ပညာရပ်များဖွံ့ဖြိုးတိုးတက်လာခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်ကို “နည်းပညာခေတ်”ခေါ်ဆိုရမည်မှာ စင်စစ်အမှန်ပင်ဖြစ်သည်။

နည်းပညာကား လူသားတို့၏နေ့စဉ်ဘဝရှိ အခန်းကဏ္ဍအသီးသီး၌မသိမသာဝင်ရောက်နေပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော အခြေအနေများတွင် အလွန်အရေးပါသော အရာတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ ထိုသို့နည်းပညာတိုးတက်လာမှုကြောင့် လူသားများအဆင်ပြေမှုရရှိရုံသာမကကမ္ဘာ့အကွာအဝေးများကို နည်းလမ်းအသစ်များဖြင့်အချိန်တိုအတွင်းဖယ်ရှားပေးနိုင်သော ခေတ်တစ်ခုလည်းဖြစ်လာသည်။ ထို့ကြောင့်“နည်းပညာသည် လူသားတို့၏ ဘဝမျှော်မှန်းချက်များနှင့်အခွင့်အလမ်းများကို ဖန်တီးပေးသောလက်နက်တစ်ခုဖြစ်လာသည်” ဟု ဆိုနိုင်သည်။
သို့သော် နည်းပညာသည် လူသားတို့အတွက် များစွာသောအခွင့်အလမ်းများကို ပေးစွမ်းနိုင်ရုံသာမက အချို့အခြေအနေများတွင်လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးကို နွံထဲတွင်နှစ်မြှုပ်တတ်ပေသည်။ ထို့ကြောင့် နော်ဝေသမိုင်းပညာရှင် Christian Lous Longue က"Technology is a useful servant but dangerous master" “နည်းပညာကား အသုံးဝင်သောအစေခံတစ်ယောက်ဖြစ်သလို အန္တရာယ်ရှိသော အုပ်ချုပ်သူတစ်ဦးလည်းဖြစ်တယ်”ဟုဆိုလေသည်။သိပ္ပံပညာရှင်များက နည်းပညာများကို လူနေမှုဘဝများလွယ်ကူမြန်ဆန်စေရန် ခေတ်အဆက်ဆက်မှ စတင်ကာဖန်တီးလာကြသည်။
သို့သော် အဆိုပါဖန်တီးမှုများကို လူသားများအလွယ်တကူနားလည်ရန် ခက်ခဲလွန်းလှသည်။ ထို့ကြောင့် လူသားတို့က အထက်ပါနည်းပညာများကို နားလည်အောင်သင်ယူလေ့လာရန် အရေးကြီးပေသည်။
အဘယ်ကြောင့်ဆိုသော် “ကိုယ်က နည်းပညာနှင့်မပတ်သက်ချင်ရင်တောင်မှ နည်းပညာက ကိုယ့်ရဲ့အလုပ်နဲ့ လာပတ်သက်နေတယ်”ဟူသောစကားအတိုင်း နည်းပညာကား လူသားတို့ဘဝအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်နေသောကြောင့်ဖြစ်သည်။
ဆက်လက်၍ ယနေ့ခေတ်လူသားတို့၏ သက်ရှိကမ္ဘာကြီးတွင် နည်းပညာတိုးတက်မှုသည် တရိပ်ရိပ်မြင့်တက်လာကာ အနာဂတ်တွင်မောင်းသူမဲ့ကား၊ မောင်းသူမဲ့လေယာဉ်၊ မောင်းသူမဲ့သင်္ဘောများကို auto စနစ်များအသုံးပြုလာကြရန် ရည်မှန်းထားပြီး ကိုယ်တိုင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရန်မလိုတော့ဘဲ အမိန့်ပေးရုံနှင့်အလိုအလျောက် အလုပ်လုပ်ပေးသည့် ဉာဏ်ရည်တုစက်ရုပ်များကို အစားထိုးအသုံးပြုလာကြသည်။ ထိုစက်ရုပ်များကြောင့် ယခုအချိန်တွင် စက်ရုံအလုပ်ရုံများ၌ လူအင်အားသုံးမည့်အစား ထုတ်ကုန်လွယ်ကူမြန်ဆန်စေရေးအတွက် စက်ရုပ်ကိုအစားထိုးအသုံးပြုလာကြသည်။ ထိုနည်းတူပင် ယခင်က စိုက်ပျိုးရေးကဏ္ဍတွင် နွား၊ ကျွဲနှင့် လူအင်အားကို အသုံးပြုကာ ထွန်ယက်စိုက်ပျိုးခဲ့ရသည်။ ထိုမှတစ်ဆင့် လယ်ထွန်စက်များ၊ စပါးခြွေလှေ့စက်များပေါ်လာသဖြင့် အချိန်ကုန်ငွေကုန်သက်သာလာပေသည်။ ယနေ့ခေတ်တွင် အချို့သောတိုင်းပြည်များ၌ မောင်းသူမဲ့လယ်ထွန်စက်များပေါ်လာသလို ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အရင်လိုနေပူကျဲကျဲတွင် သွားဖျန်းရန်မလိုတော့ဘဲ အဝေးထိန်းစနစ်(Drone)ဖြင့် လယ်ကွင်းများကို အဝေးကပင်ထိန်းချုပ်ရေလောင်းလာကြသည်များရှိသည်။ ထို့ကြောင့် ဉာဏ်ရည်တုစက်ရုပ်စနစ်ကားအနာဂတ်အလုပ်အကိုင်များကို ထိခိုက်စေနိုင်သလို အလုပ်လက်မဲ့များလည်းပေါများလာမည်မှာ ဧကန်မုချပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် နောင်အနာဂတ်တွင် ကောင်းစွာရပ်တည်နိုင်ရန် နည်းပညာဆိုင်ရာ အခြေခံသဘောတရားများနှင့်ဝေါဟာရများကို မျက်ကွယ်မပြုဘဲ တတ်သိနားလည်ရန်လိုပေသည်။
ထို့ပြင် ခေတ်သစ်နည်းပညာတိုးတက်မှုအနက် AI (Artificial Intell-igence) သည် လူငယ်များအတွက် အရေးပါသောလက်နက်တစ်ခုအဖြစ် သုံးစွဲလာပြီဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်၊ ဖန်တီးမှုလုပ်ငန်းများနှင့် နည်းပညာဖွံ့ဖြိုးမှုများအထိ AI သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုနည်းပညာတွင်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးဟူ၍ ဒွန်တွဲလျက်ရှိနေပါသေးသည်။ ChatGPT၊ Google Gemini၊ Claude စသော applications တို့က လူငယ်များအတွက် စာမေးပွဲပြင်ဆင်ခြင်း၊ သုတေသနရေးခြင်းအတွက် အထောက်အကူပြုပေးနိုင်သလို အလုပ်လျှောက်လွှာရေးသားခြင်းနှင့် Freelance အလုပ်များတွင်လည်း လုပ်ငန်းကို ပိုမိုထိရောက်မြန်ဆန်စွာ ပြီးမြောက်စေသည်။ ထို့ပြင် AI Art Generator နှင့် content tools တို့ဖြင့် လူငယ်များ၏ဖန်တီးမှုစွမ်းရည်ကို တိုးတက်လာစေနိုင်သည်။
သို့သော် စက်ရုံအလုပ်များတွင် AI စက်ရုပ်ကို အစားထိုးလာကြသဖြင့် အလုပ်လက်မဲ့များလာခြင်း၊ သတင်းအချက်အလက်များမှားယွင်းနိုင်ခြင်းနှင့် ဖန်တီးမှုမူပိုင်ခွင့်များ ပျောက်ဆုံးနိုင်ခြင်းဆိုသည့် ဆိုးကျိုးများလည်းရှိနေသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိအနာဂတ်အတွက် ပြင်ဆင်ရာတွင် “နည်းပညာသုံးစွဲသူ” ဖြစ်ရန်သာမက “နည်းပညာကို ထိန်းချုပ်တတ်သူ” ဖြစ်လာရန်လိုအပ်သည်။ လူ့အဖွဲ့အစည်းအား ထိခိုက်စေသောနည်းလမ်းမဟုတ်ဘဲ နည်းပညာနှင့်အတူ တိုးတက်နိုင်ရေးအတွက် AI(ဉာဏ်ရည်တု)ကို နည်းလမ်းမှန်ကန်စွာ သုံးစွဲရန်လည်းလိုအပ်သည်။ ထိုအကြောင်းကို Albert Einstein က “နည်းပညာသည် လူ့ဘဝကို ပိုမိုကောင်းမွန်စေသော်လည်း တစ်ခါတစ်ရံမှန်ကန်စွာသုံးစွဲခြင်းမရှိလျှင် အနာဂတ်အတွက် ဆိုးကျိုးဖြစ်နိုင်ပါသည်” ဟု ပြောခဲ့သည်။AI ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုသိရှိ၍ လူငယ်များအနေဖြင့် နည်းပညာကိုမှန်ကန်စွာဆင်ခြင်သုံးစွဲရန်မှာ အရေးကြီးလှသည်။
နည်းပညာအမျိုးမျိုးရှိသည်။ ယနေ့ခေတ်တွင် အဓိကအသုံးပြုနေသောနည်းပညာများမှာ ဆက်သွယ်ရေးနည်းပညာ၊ စက်ရုပ်နည်းပညာ၊ပညာရေးနည်းပညာ၊ စီးပွားရေးနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊သတင်းနည်းပညာ၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာတို့ဖြစ်ကြသည်။
နည်းပညာဟုဆိုလျှင်လူတိုင်းကသတင်းနှင့်ဆက်သွယ်ရေးနည်းပညာ(IT)ကိုသာစိတ်ထဲ၌ပြေးမြင်မိကြမည်မှာအမှန်ဖြစ်သည်။ITဟုပြောလိုက်ပြီဆိုလျှင်လူသားတို့နှင့်အမြဲအတူတကွရှိနေသောဖုန်း၊ကွန်ပျူတာ၊အင်တာနက်တို့လည်းပါဝင်လာကြပြီဖြစ်သည်။ရှေးယခင်ကလူတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်အသံပေး၍သော် လည်း ကောင်း၊အချက်ပြ၍သော်လည်းကောင်း ဆက်သွယ်ခဲ့ရသည်။ ယခုဆိုလျှင်နည်းပညာတစ်ဟုန်ထိုးတိုးတက်လာမှုကြောင့် ဆက်သွယ်ရေးစနစ်ပိုမိုကျယ်ပြန့်ကာ ကမ္ဘာ့တစ်ဝန်းရှိလူတို့နှင့် အလွယ်တကူစကားပြောလာနိုင်ပြီဖြစ်သည်။ ယခုခေတ်တွင် "အီးမေးလ်(Email)၊ messenger၊Whats App" စသောလူမှုကွန်ရက်များမှ တစ်ဦးနှင့်တစ်ဦး မိုင်ပေါင်းမည်မျှပင်ဝေးလံသောအရပ်တွင်ရှိစေကာမူ ပြောဆိုလာနိုင်ပြီဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာစုစည်းမှုများနှင့် စီမံခန့်ခွဲမှုများအတွက် အမေရိကန်စစ်တပ်က ယခုအချိန်ထိ အီးမေးလ်စနစ်အား အသုံးပြုနေကြောင်း၂၀၂၄ ခုနှစ် CNN ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အလားတူပင် အီးမေးလ်သည် နိုင်ငံတကာ၏ စီးပွားရေးကဏ္ဍတွင်လည်း အထူးအရေးပါသည်။ ဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်များသည် နည်းပညာအားလုံး၏ သတင်းဒေတာအချက်အလက်များအား ထည့်သွင်းရှာဖွေရာတွင်သုံးသောကိရိယာများဖြစ်သော်လည်း အကျိုးရှိစွာအသုံးချတတ်ရန်လိုပေသည်။
ယခုလို အဘက်ဘက်မှ တိုးတက်နေသောခေတ်တွင် နည်းပညာသည် လူသားတို့အတွက် ကောင်းကျိုးများပေးစွမ်းနေသလို ဆိုးကျိုးများကိုလည်းပေးနိုင်ပေသည်။ လူငယ်များသည် Facebook၊ YouTube၊ TikTok၊Instagram၊ ဂိမ်း(game) စသောပလက်ဖောင်းများကို အလွန်အကျွံသုံးစွဲကာ အချိန်ဖြုန်းလာကြသည်။ ထိုမှတစ်ဆင့် လူငယ်များလမ်းမှားရောက်ကာ ဘဝတက်လမ်းရပ်တန့်သွားကြရသည်။ သို့သော် တချို့ကလည်း ၎င်းပလက်ဖောင်းများမှတစ်ဆင့် ဘဝတိုးတက်အောင်မြင်သွားသူများလည်းရှိပေသည်။ ၎င်းကို Microsoft ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သော Bill Gates က “နည်းပညာကိုကောင်းစွာအသုံးပြုသူသည် အောင်မြင်မှုကိုဆွတ်ခူးရလိမ့်မည်၊ နည်းလမ်းမှားစွာသုံးမိသူက ဘဝလမ်းပျောက်ရမည်” ဟုဆိုထားသည်။
မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းက“ယနေ့ကမ္ဘာကြီးသည် ကမ္ဘာ့ရွာကြီးတစ်ခုဟု တင်စားခေါ်ဝေါ်ရလောက်အောင်အလျင်အမြန်တိုးတက်နေသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှအဖြစ်အပျက်များကို အချိန်နှင့်တစ်ပြေးညီသိနိုင်ပြီဖြစ်သည်။ ထိုသို့ပြောင်းလဲတိုးတက်နေသောကမ္ဘာကြီးနှင့် မျက်ခြည်မပြတ်ရန် နည်းပညာများတတ်မြောက်အောင်ကြိုးစားသင့်သည်”ဟူ၍အမှာစကားဆိုခဲ့သည်။ အနာဂတ်ကာလများတွင် နည်းပညာကိုအကျိုးရှိရှိအသုံးပြုသူတို့၏ စီးပွားရေးအလုပ်အကိုင်များမှာ လွယ်ကူ၊ သက်သာ၊ မြန်ဆန်၊ တိုးတက်သွားမည်မှာ ဧကန်အမှန်ပင်ဖြစ်ပြီး ၎င်းအားကောင်းစွာ မသုံးတတ်သူများ၏အလုပ်အကိုင်များမှာ နောက်ကျကျန်ခဲ့ရမည့်ကိန်းဆိုက်လာသည်။ အနာဂတ်သည် လူငယ်တို့၏လက်ထဲတွင်ရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် အနာဂတ်ကမ္ဘာကြီးနှင့်အတူလိုက်ပါနိုင်ရန် လူငယ်များလက်ထဲတွင် နည်းပညာကျွမ်းကျင်မှုရှိရန်လိုသည်။ နည်းပညာသည် လူသားများ၏ဘဝအတွက် တိုးတက်မှုနှင့်အတူ အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနေပြီး ပညာရေး၊ စီးပွားရေးနှင့် ကမ္ဘာ့ပတ်ဝန်းကျင်အတွက် အရေးပါသည့်လုပ်ဆောင်ချက်များပြုလုပ်ပေးနေသည်။ သို့သော်နည်းပညာသည် ကောင်းသောလက်နက်တစ်ခုဖြစ်သော်လည်း လိုအပ်သည်ထက်ပို၍အသုံးပြုသောအခါ အန္တရာယ်ကိုပေးနိုင်သော အစွမ်းလည်းရှိသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးသည် တိုးတက်လာသောနည်းပညာနှင့်အတူ ပိုမိုတောက်ပလာနိုင်ရန် ခေတ်လူငယ်များသည် နည်းပညာပေါင်းစုံကိုလေ့လာကာ မှန်ကန်စွာအသုံးပြုခြင်းနှင့်မတရားအသုံးပြုမှုများမှလွတ်ကင်းရန် အရေးကြီးလှကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal
Photo- Linkedln

“အခုချီးမြှင့်ခံရတဲ့ ဆုတံဆိပ်တွေရချင်လို့ တိုက်ခဲ့တာမဟုတ်ဘူး၊ ခုလို ရမယ်မှန်းလည်း မသိပါဘူး၊ ငါတို့ မြန်မာပြည်လွတ်လပ်ဖို့ အတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ တိုက်ခဲ့ တာ၊ ငါတို့ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ” ဆိုတဲ့ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယ အဆင့် တပ်ကြပ်ဘချော(ငြိမ်း)ရဲ့ ပြော စကား မှတ်သားနားထောင်ခဲ့ရပါသည်။

အသက် ၉၈ နှစ်အရွယ်သို့ ရောက်ရှိနေ သည့်တိုင် အားမာန်အပြည့်ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှုကို ပြန်လည် အမှတ်ရပြောပြခြင်းဖြစ်သည်။ အသက် အရွယ်ကြီးရင့်သော်လည်း နိုင်ငံအပေါ်ထားရှိသော စိတ်ထားမှာ နုပျိုလတ်ဆတ် ဆဲ၊ သန်မာနေဆဲ၊ မျိုးချစ်စိတ်အပြည့်ရှိနေ ဆဲဖြစ်ကြောင်း သူ့စကားများက သက်သေ ထူနေသည်။ ဂျပန်ခေတ်တော်လှန်ရေးများ တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက် ခဲ့မှုများကို အားပါးတရ စိတ်အားထက်သန်စွာ လက်သီးလက်မောင်းတန်းကာ ပြန် ပြောပြသည်။ နောင်လာနောက်သားများ အတွက် အတုယူမှတ်သားထိုက်သော လွတ်လပ်ရေးမော်ကွန်းဝင်တစ်ဦး၏ အမှာ စကားလည်းဖြစ်သည်။
နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကြသည်။ ဤသည်မှာ တပ်မတော်၏ ကောင်းသော အစဉ်အလာဖြစ်သည်။ တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေကြသူများသည် တပ်မတော်တာဝန်များကို လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်နေသူ များဖြစ်သည်။ တပ်မတော်အငြိမ်းစားအရာရှိများ သည် ယင်းတို့၏မိဘဆရာသမားများ ဖြစ်သည်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ အထက်အောက် ရိုသေလေးစားမှုဖြင့် ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာကောင်းတစ်ခုပင်ဖြစ်သည်။ နှစ်(၈၀)ပြည့် တပ်မတော်နေ့ တွင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုဂါရဝပြုသည့်နည်းတူ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ် များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့ ၏သုံးကြိမ်တိုင်တိုင် မတရားကျူးကျော် သိမ်းပိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝဖြင့်နှစ်ပေါင်း (၁၂၃) နှစ်တိုင် နေထိုင်ခဲ့ရသည်။ နယ်ချဲ့တို့၏ ကုပ်သွေးစုပ် အမြတ်ထုတ်မှုကိုခံခဲ့ရသကဲ့သို့ ဖက်ဆစ် ဂျပန်တို့၏ အနိုင်ကျင့်နှိပ်စက်မှုကို လည်း ကြုံတွေ့ခံစားခဲ့ရသည်။ကျွန်ဘဝမှလွတ်မြောက်၍ လွတ်လပ်ရေးရရှိနိုင်ရေး နှစ်ပေါင်းများစွာ တွန်းလှန် တိုက်ခိုက်ခဲ့ကြရသည်။ ထိုခေတ် ထိုကာလက မျိုးချစ်နိုင်ငံ့သားကောင်းများသည် မြန်မာနိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် သူ့ကျွန်ဘဝ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးရန် တာဝန်ရှိသည် ကိုခံယူ၍ ကိုယ်ပိုင်အသိစိတ်ဓာတ်ရှိစွာဖြင့် လွတ်လပ်ရေးတိုက်ပွဲကိုဝင်ခဲ့ကြသည်။ အသက်သွေးချွေး ပေါင်းများစွာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြ၍သာ ယနေ့ကဲ့သို့ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကို တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သူ့ကျွန်ဘဝ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ မျိုးချစ်လူငယ်များ၏ စိတ်ထဲတွင်အဆိုပါ ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲဟူသည်ကို စွဲမှတ်ခံယူ၍ နိုင်ငံချစ် စိတ်မျိုးချစ်စိတ်ဓာတ်များဖြင့် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။ လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဟူသော ဦးတည်ချက်ထားကာ မမှိတ်မသုန်ကြိုးပမ်းခဲ့ကြခြင်းကြောင့်သာလျှင်မြန်မာနိုင်ငံ၏ အနာဂတ်လွတ်လပ်ရေး အလင်းရောင် သန်းခဲ့ရခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီးစကာလတွင် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အင်းစိန်အထိ သူပုန်များသိမ်းပိုက်ထားပြီး ရန်ကုန်အစိုးရဟုဆိုရလောက်သည်အထိ အစိုးရ၏အချုပ်အခြာအာဏာသည်ရန်ကုန်မြို့ကွက်ကွက်ကလေးအပေါ်၌သာ သက်ရောက်မှုရှိတော့သည့် အခြေအနေမျိုးအထိဖြစ်ခဲ့ရသည်။ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားလက်လှမ်းမမီသည့် မြို့ရွာများ၌ သောင်းကျန်းသူများကြီးစိုးပြီး တရားဥပဒေကင်းမဲ့ကာ ပြည်သူအများ အတိဒုက္ခရောက်စွာဖြင့် ကျီးလန့်စာစားဘဝဖြင့်နေထိုင်ခဲ့ကြရသည်။ ထိုအခြေအနေမှနိုင်ငံတစ်ဝန်း အစိုးရ၏ အချုပ်အခြာအာဏာပြန်လည် တည်ဆောက်နိုင်စေရေးတည်ငြိမ်အေးချမ်းမှုကို လိုလားသော နိုင်ငံသားများ၏ တာဝန်သိသိပူးပေါင်းပါဝင်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် ပြည်တွင်းရေးမငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ သံလွင်မြစ်အရှေ့ဘက်ခြမ်းအထိ ကျူးကျော်သိမ်းပိုက်လာသည့် တရုတ်ဖြူကူမင်တန်များကိုလည်း နိုင်ငံသားများ၏စုပေါင်းအားဖြင့် အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။
ဤကဲ့သို့ မြန်မာနိုင်ငံ၌ အခက်အခဲအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရချိန်များတွင် ထိုခေတ်ထိုကာလက မြန်မာနိုင်ငံသားများက ငါတို့ခေတ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲ ငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစွဲမှတ်ခံယူ၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းပင်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်လာသော မဲလိမ်မဲခိုးမဲမသမာမှုများကို NLD ပါတီအစိုးရက တရားဥပဒေနှင့်အညီ ဖြေရှင်းမပေးဘဲ တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကိုအတင်းအဓမ္မရယူရန်ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ထို့ကြောင့်ယာယီသမ္မတက ဥပဒေနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ရခြင်းဖြစ်သည်။ နိုင်ငံတော်၏ အရေးပေါ်အခြေအနေအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဖွဲ့စည်းပြီးနိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းရယူ ဆောင်ရွက်နေရသည့်အခြေအနေဖြစ်သည်။
မဲလိမ်မဲခိုးမှုကြောင့် နိုင်ငံတော်အာဏာလက်လွှတ်လိုက်ရသော NLD ပါတီမှ ပုဂ္ဂိုလ်အချို့သည် အကြမ်းဖက် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး မစားရသည့်အမဲ သဲနှင့်ပက်သည့်နှယ် နိုင်ငံအတွင်း အကြမ်းဖက်အဖျက်လုပ်ရပ်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်နေကြသည်။ နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုများလုပ်ဆောင်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများလုံခြုံရေးနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
နိုင်ငံတော်၏အခြေခံအဆောက်အဦများ၊ လမ်းတံတားများကိုပျက်စီးအောင်ဖျက်ဆီး၍ ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် လုပ်ဆောင်ကာ နိုင်ငံတော်ကိုအဘက်ဘက်မှ အခက်အခဲတွေ့အောင်လုပ်ဆောင်နေသောအခြေအနေဖြစ်သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်းအဆိုပါအကြမ်းဖက်မှုများကို ကူညီပေးခဲ့ကြပြီး နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်အောင် တိုးမြှင့်လုပ်ဆောင်၍ပွဲလန့်တုန်းဖျာခင်းကာ နယ်မြေများ သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေကြသည်။ မြို့ရွာများကို အဓမ္မသိမ်းပိုက်ပြီး ပြည်သူများကိုလက်နက်ဖြင့်ခြိမ်းခြောက်ကာစစ်ဘုရင်ဝါဒကိုဖော်ဆောင်နေကြသည်။
အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်ပါက နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာသည့်ကာလများတွင် မြန်မာနိုင်ငံသည် အခြေတကျနှင့် အနေလှခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေးအင်အား မတောင့်တင်းခဲ့သည့်အခါ နိုင်ငံ၏ပုံရိပ်သည် မလှမပရှိခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးပါ ဆုံးရှုံးသွားခဲ့ရသည်။ နိုင်ငံ၏လွတ်လပ်ရေး ပြန်လည်ရရှိအောင် ကြိုးပမ်းခဲ့ရာတွင်လည်း တပ်မတော်တစ်ရပ်အဖြစ်ပေါ်ထွန်းလာမှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့ကြသူများသည် နိုင်ငံ့လွတ်လပ် ရေးရရှိရေးအတွက် အရိုးကြေကြေအရေခန်းခန်း စိတ်ဓာတ်ခိုင်မာစွာဖြင့် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံ့လွတ်လပ်ရေး ရရှိရေးအတွက် မိမိလုပ်ငန်းဆောင်တာများကို ပစ်ပယ်ကာ ငါမှမလုပ်ရင် ဘယ်သူလုပ်မလဲစိတ်ဓာတ်ဖြင့် တပ်မတော်သို့ သူ့ထက်ငါ ဝင်ရောက်ခဲ့ကြသည်။ စိတ်ဓာတ်က ပြင်းထန်သည်။ အမိနိုင်ငံလွတ်လပ်ရေးရရှိရေးသည် အဓိကဖြစ်သည်ဟူသော တူညီသောတာဝန်တစ်ခုကို လူငယ်အားလုံး မည်သူကမျှမပေးအပ်ပါဘဲ ညီညွတ်စွာမှတ်ယူကြသည်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် ရရှိထားသော လွတ်လပ်ရေးကြီး ပြန်လည်မဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေးအတွက် ပြည်တွင်းရောင်စုံသောင်းကျန်းမှုများနှင့် တရုတ်ဖြူကူမင်တန် ကျူးကျော်မှုများကို နိုင်ငံသားများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စိတ်ထားဖြင့် တာဝန်သိသိပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို ရှေးက မိဘဘိုးဘွားအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည့်အတွက်ယနေ့ကာလကျွန်တော်တို့လက်ထက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် တည်ကြည်ခန့်ညားစွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ နိုင်ငံကို ချစ်သည့်နိုင်ငံသားများက နိုင်ငံတော်ကာကွယ်ရန် တပ်မတော်တွင်းသို့ဝင်ရောက်ကာ ပေါ်ပေါက် လာသည့် ရန်စွယ်အန္တရာယ်မှန်သမျှကို တိုက်ထုတ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ရသော တပ်မတော်သားများ၊ လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်မြို့ကွက်ကွက်ကလေးသာရှိနေသည့်အချိန်တွင် ရန်သူများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော တပ်မတော် သားများ၊ ပြည်ပကျူးကျော်သူ တရုတ်ဖြူကူမင်တန်များကို မောင်းထုတ်နိုင်ခဲ့သော တပ်မတော်သားများ စသည့်နိုင်ငံ့အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်သည့်တိုက်ပွဲများတွင် အောင်ပွဲခံခဲ့သော တပ်မတော်သားများသည် ယခုခေတ်လူငယ်များအနေဖြင့် အတုယူရမည့် စိတ်ဓာတ်နှင့် ဆောင်ရွက်ချက်များဖြစ်သည်။ နိုင်ငံသားတစ်ယောက်၏ တာဝန်သိမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိရှိမှုတို့မှာ အောင်မြင်ရခြင်းဖြစ်ကြောင်း အတုယူကြရပေမည်။
လူငယ်များအနေဖြင့် တာဝန်သိစိတ်ရှိစွာ၊ စည်းစနစ်ကျနစွာ မိမိနိုင်ငံဂုဏ်သိက္ခာကို ကာကွယ်ကြရမည်ဖြစ်သည်။ မိမိမိသားစုတစ်ခု မပြိုကွဲရေးအတွက် မိသားစုဝင်များဖြစ်ကြသော မိသားစုဝင်များအားလုံး ကိုယ့်တာဝန်ကိုယ်ကျေကြဖို့လိုသလို နိုင်ငံတစ်ခုတည်တံ့ခိုင်မြဲရေးအတွက်ပြည်တွင်းပြည်ပဖျက်ဆီးနှောင့်ယှက်မှုများ၊ ကျူးကျော်ရန်စမှုများမှကာကွယ်ရေး၊ မိမိနိုင်ငံ၏ ကာကွယ်ရေးစနစ်ကောင်းမွန်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ မိမိတို့သည် မြန်မာနိုင်ငံမှမွေးသည့် မြန်မာနိုင်ငံသားများဖြစ်ခြင်းကြောင့် မိမိနိုင်ငံကိုချစ်မြတ်နိုးရမည့် မျိုးချစ်စိတ်အပြင် အရေးကြုံကသွေးဆုံကြသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုလည်းထားရမည်ဖြစ်သည်။ ရှေးအဆက်ဆက်က မျိုးချစ်စိတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့မှုတို့ကြောင့်သာလျှင် ယခုကဲ့သို့မြန်မာနိုင်ငံအမည်ကို ထင်ရှားစွာသိမြင်ကြရခြင်းဖြစ်သည်။
ယနေ့ခေတ် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းသည့် အခြေအနေများမှ လွန်မြောက်နိုင်ရေးအတွက် လူငယ်မောင်မယ်များအနေဖြင့်လည်း မိမိတို့၏ ဘိုးဘေးစဉ်ဆက် ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊နိုင်ငံအချုပ်အခြာအာဏာကို အသက်စွန့်ပြီးကာကွယ်လိုသည့်စိတ်ဓာတ်များဖြင့် ဘိုးဘေးတို့ အသက်သွေးချွေးပေါင်းများစွာ စတေးပြီးမှ အရယူခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့နိုင်စေရေးအတွက် ငါတို့ခေတ်မှာကြုံတွေ့နေရတဲ့အခက်အခဲငါတို့မှမလုပ်ရင် ဘယ်သူလုပ်မလဲ ဟူသည့်စိတ်ထားကိုစံနမူနာယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ ။

အချိန်သည်အလွန်ပင်တန်ဖိုးရှိလှသည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုသူများအတွက် အချိန်ကကောင်းစွာဖြည့်ဆည်းပေးသည်။ လူ့ဘဝဆိုသည်မှာတစ်သမတ်တည်းရပ်တည်နေသည်မဟုတ်ပေ။ လူငယ်လူရွယ်မှ လူကြီးအရွယ်သို့ တဖြည်းဖြည်းကူးပြောင်းနေကြရသည်။ လူငယ်အရွယ်တွင် အချိန်ကိုတန်ဖိုးထားပြီး ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင်ကြိုးစားထားသူများသည် လူကြီးအရွယ်တွင် မိမိနှင့်ထိုက်တန်သော အဆင့်အတန်းကိုရရှိကြသည်။ လူငယ်အရွယ်တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝအောင် ဖြည့်ဆည်းထားနိုင်မည် ဆိုပါက နောင်အနာဂတ်တွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ဘဝတွင်
အချိန်သည်အလွန်ပင်တန်ဖိုးရှိလှသည်။ အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုသူများအတွက် အချိန်ကကောင်းစွာဖြည့်ဆည်းပေးသည်။ လူ့ဘဝဆိုသည်မှာတစ်သမတ်တည်းရပ်တည်နေသည်မဟုတ်ပေ။ လူငယ်လူရွယ်မှ လူကြီးအရွယ်သို့ တဖြည်းဖြည်းကူးပြောင်းနေကြရသည်။ လူငယ်အရွယ်တွင် အချိန်ကိုတန်ဖိုးထားပြီး ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင်ကြိုးစားထားသူများသည် လူကြီးအရွယ်တွင် မိမိနှင့်ထိုက်တန်သော အဆင့်အတန်းကိုရရှိကြသည်။ လူငယ်အရွယ်တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝအောင် ဖြည့်ဆည်းထားနိုင်မည် ဆိုပါက နောင်အနာဂတ်တွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ဘဝတွင် အချိန်ကိုတန်ဖိုးထား၊ အကျိုးရှိအောင်အသုံးပြုပြီး သိချင်စိတ်၊ တတ်ချင်စိတ်ဖြင့် လေ့လာနေကြရမည်ဖြစ်သည်။ ထိုသို့ လေ့လာသောလူငယ်များကို မြင်တွေ့ရသည်မှာကြည်နူးဖွယ်ဖြစ်သည်။
နွေရာသီကျောင်းပိတ်ရက်သည် တစ်နှစ်တာ ကာလပတ်လုံး စာပေပညာသင်ကြား ခဲ့ရသည်များ ခေတ္တနားထားရသည့်အချိန်ဖြစ်သည်။ ထိုအချိန်သည် ဗဟုသုတဖြည့်ဆည်း လိုသူများအတွက်ကောင်းသည့် အချိန်အပိုင်းအခြားဖြစ်သည်။ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှတာဝန်ရှိသူများသည် နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်၌ လူငယ်များအတွက် ရေကြောင်းလူငယ်သင်တန်းများ၊ လေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွက် ရေကြောင်းလူငယ် သင်တန်းများနှင့် လေကြောင်းလူငယ် သင်တန်းများကို ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ပိုင်စိုးသူများမှာ ယနေ့လူငယ်များဖြစ်သည်။ ယနေ့လူငယ်နောင်ဝယ် လူကြီးဆိုစကားသည် အစဉ်အမြဲမှန်ကန်သည့်စကားဖြစ်သည်။ လူငယ်တွေကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှသာ အနာဂတ်နိုင်ငံတော် အတွက် စိတ်ချရမည့် အနေအထားဖြစ်သည်။ လူငယ်များ၏ခန်းကဏ္ဍကို စဉ်ဆက်မပြတ်သတိထားကာ မြှင့်တင်နိုင်သမျှ မြှင့်တင်ပေးနေ ရမည်ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ လူငယ်များအား ပညာပြည့်ဝနှလုံးလှအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။
လူငယ်မှန်သမျှသည် နိုင်ငံတော်အတွက် အဖိုးတန် အရင်းအနှီးများဖြစ်သည်။ ထိုအရင်းအနှီးများကို တိုးပွားအောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ရေးဟူသော ဦးတည်ချက်များမှာ နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များကို အရည်အသွေးပြည့်ဝ ထက်မြက်လာစေရန် ဦးတည်ချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအတွက် အဓိကကျလှသော နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍတွင် လူငယ်များ၏ စွမ်းအားများလည်း ပါဝင်ရမည်ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်ကာကွယ်ရေး အင်အားမြင့်မား နေမှလည်း လုပ်ဆောင်သမျှလုပ်ငန်းများ လွယ်ကူချောမွေ့ အဆင်ပြေမည်ဖြစ်သည်။ လူငယ်တိုင်းသည် မိမိနိုင်ငံတော်ကို မဖြစ်မနေ ကာကွယ်ကြရမည့်သူများ၊ စောင့်ရှောက်ကြရမည့်သူများ ဖြစ်သည်။ ဘိုးဘွားများ ရယူပေးထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးမှာ လူငယ်များလက်ဆင့်ကမ်း သယ်ပိုး ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ထို့အတွက် ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက် အချိန်ကာလများအတွင်း လူငယ်များအား သိသင့်သိထိုက်သော ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချပေးခြင်းမှာ နိုင်ငံတော်နှင့်လူငယ်များအတွက် ကောင်းကျိုးဖြစ်ထွန်း စေမည်သာဖြစ်သည်။
အနာဂတ်တွင် တပ်မတော်(ရေ)သည် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သော သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ်(Three Dimensional Combat Ready Navy) အဆင့်သို့ တက်လှမ်းရန်အခိုင်အမာ မျှော်မှန်းဖော်ဆောင်လျက်ရှိ၏။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှု ဟူသည့်အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်ကို ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်း ရှိရေးဆိုသည့် ရည်မှန်းချက်တာဝန်(၃)ရပ်ဖြင့်လည်း မမှိတ်မသုန်အားကောင်းမောင်းသန် ချီတက်လျက်ရှိသည်။
ထိုသို့ချီတက်လျက်ရှိသည်ကို လူငယ်များ သိရှိစေချင်သည်။ တပ်မတော်(ရေ)အကြောင်း ပိုမိုပြည့်စုံစွာ လူငယ်များ သိရှိစေချင်သည်။ ထို့ကြောင့် လူငယ်များအတွက် တပ်မတော်(ရေ)က ရေကြောင်းလူငယ်စခန်းများ ဖွင့်လှစ်ကာ လူငယ်များကို ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။
ရေကြောင်းလူငယ်သင်တန်းသားများ အနေဖြင့် မိမိနိုင်ငံရှိ တပ်မတော်(ရေ)နှင့် ပတ်သက်သည့် ဂုဏ်ယူဖွယ်ရာ အကြောင်းအချက်များကို သိရှိကာ တပ်မတော်(ရေ)အပေါ် စိတ်ဝင်စားလာကြမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ရေမိုင် ၁၂၆၀ ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည်။ ရေပေါ်ရေအောက်အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရား များစွာတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော်(ရေ)ကို ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက်မပြတ်တိုးချဲ့ တည်ဆောက်ပေးလျက်ရှိသည်။
တပ်မတော်(ရေ)တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ၁၃၅ မီတာဖရီးဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့်ရေချပေးခြင်း၊ ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ် နှစ်စင်းအား တပ်တော်ဝင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ဖရီးဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့် တည်ဆောက်နိုင်ခဲ့သည်။ “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ် အသစ်များကို တည်ဆောက်နိုင်ပြီဖြစ်၍ ယခင်ကဝယ်ယူ အသုံးပြုသူအဆင့်မှ ယခုအခါ ကိုယ်တိုင် တည်ဆောက်သူအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်(ရေ)အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက် စစ်ရေယာဉ်ကြီးများ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီဖြစ်သည်။
နိုင်ငံတော်အတွက် တပ်မတော်မရှိမဖြစ် လိုအပ်သလို တပ်မတော်အတွက် တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့သည် မရှိမဖြစ်အရာများဖြစ်သည်။ တပ်မတော်(လေ)၏ သမိုင်းကိုပြန်ကြည့်မည်ဆိုပါက အခက်အခဲများကြားမှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇွဲသတ္တိတို့ကို အရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်ဖြင့် ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားတိုက်ပွဲဝင်ခဲ့သည်မှာ ထင်ရှားသောသမိုင်း မှတ်တမ်းများဖြစ်သည်။ ပြည်ပကျူးကျော်မှုနှင့်ကြုံနေချိန်တွင် တပ်မတော်(လေ)မှ လေသူရဲဗိုလ်ပီတာ၏ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့သည့် လေကြောင်းတိုက်ပွဲသည် နိုင်ငံအတွက် မော်ကွန်းတင်ထိုက်သည့် သမိုင်းဖြစ်သည်။ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်။
လေကြောင်းစွမ်းအားသာလွန်မှုသည် ရန်သူအပေါ်လွှမ်းမိုး ထိန်းချုပ်နိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်း တိုးတက်စေသည်။ နည်းပညာတိုးတက်မှုသည် စဉ်ဆက်မပြတ်ပြောင်းလဲ ဖြစ်ပေါ်နေသည့်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဟူသည့်လုပ်ငန်းစဉ်အတိုင်း အမြဲမပြတ်ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်က ဆောင်ရွက် အကောင်အထည်ဖော်နေသည့် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်(လေ)အနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ကို ထိထိရောက်ရောက်ကာကွယ် စောင့်ရှောက်နိုင်သည့် စွမ်းရည်မြင့်မားသော ခေတ်မီတပ်မတော်(လေ)အဖြစ် အစဉ်ရပ်တည်နိုင်အောင် တည်ဆောက်လျက်ရှိသည်။
တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် ရေကြောင်းလူငယ်တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) တို့ကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိရေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) တို့ကို လေကြောင်းလူငယ်စခန်းများ၌ စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
တပ်မတော်(ရေ)ကဖွင့်လှစ် သင်ကြားလျက်ရှိသော ရေကြောင်းလူငယ် အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းသားများသည် မေလ ၁၂ ရက်တွင် စခန်းပေါင်းစုံမှ ရန်ကုန်မြို့ရှိ တပ်မတော်(ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်)၌ စခန်းပေါင်းစုံရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာပြိုင်ပွဲများနှင့် လှေလှော်ရွက်တိုက် ပြိုင်ပွဲများကျင်းပသည်။ သင်တန်းအလိုက် လက်ရိုက်အလံအချက်ပြ ပို့/ဖမ်းခြင်း လက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်လှေဝမ်းပြား မီတာ ၅၀၀ ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲများ ကျင်းပပေးရာ နေပြည်တော်စခန်းတန်းခွဲ(၁)၊ နေပြည်တော်စခန်း တန်းခွဲ(၂)၊ အင်းယားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုတို့မှ သင်တန်းသား၊ သင်တန်းသူများက အသင်းလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့အတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းများမှ သင်တန်းသားများနှင့် နည်းပြအုပ်ချုပ်သူများသည် လေယာဉ်/ ရဟတ်ယာဉ်များ လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေး ခရီးစဉ်များဆောင်ရွက်ရန်၊ စုပေါင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရန်နှင့် တပ်မတော်အကြီးအကဲ၏ ဩဝါဒခံယူရန်အတွက် မေလ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိကြသည်။ အဆိုပါလေကြောင်း သင်တန်းသားများအနက် သင်တန်းစခန်းများအလိုက်မှ ထူးချွန်ဆုရသင်တန်းသားများသည် မေလ ၁၂ ရက်တွင် နေပြည်တော်လေတပ်စခန်း၌ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါမပျံသန်းမီ အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကြိုတင်လေ့ကျင့်သင်ကြား ဆွေးနွေးခြင်းများဆောင်ရွက်ပြီး လေယာဉ်မောင်းသင်ကျောင်းမှ နည်းပြလေသူရဲများနှင့်အတူ အမောင်းသင်လေယာဉ်/ ရဟတ်ယာဉ်များအား လက်တွေ့လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
ယခုအခါ ရေကြောင်းဆိုင်ရာပညာရပ်များ၊ လေကြောင်းဆိုင်ရာပညာရပ်များအား သတ်မှတ်အချိန်ကာလ အတွင်း သင်ကြားပို့ချပေးပြီးဖြစ်သည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၁ ရက်က နေပြည်တော်ဇေယျာသီရိဗိမာန်၌ အခြေခံနှင့် တန်းမြင့်ရေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)မှသင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
သင်တန်းသားများ၏ကိုယ်စား သင်တန်းသား၊ သင်တန်းသူနှစ်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။လူငယ်များအနေဖြင့် ပညာရှာရမည့် အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့်နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမကဘဲ ပြင်ပစာအုပ်၊ စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှု ရှိအောင်ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ အဆိုးအကောင်း၊ အကျိုးအကြောင်းခွဲခြားသိမြင်မှုနှင့်အတူ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ကောင်းများ ဖြစ်လာကြမည်ပင်ဖြစ်သည်။ မိမိတို့တစ်ဦးချင်းစီ၏ မှတ်တမ်းပုံရိပ်ကောင်းများသည် မိမိတို့၏ မိဘဆွေမျိုးဂုဏ်ကို ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့ မိမိတို့ကျောင်း၊ ရပ်ရွာမှသည် နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဖွယ်ရာ မှတ်ကျောက်များပင်ဖြစ်သည်။ ဤသည်မှာ ယမန်နှစ်က နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုအမှာစကားတွင် ကြားသိလိုက်ရသည့် တန်ဖိုးရှိစကားများဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်မောင်မယ်များ အနေဖြင့် တက်ကြွရွှင်လန်းအပြုံးပန်းနှင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်နိုင်သူများအဖြစ် ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။

လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်...
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်... မြန်မာ့
သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်
မျှော်မှန်းသည်...

တစ်နေ့က နေ့လယ်စာစားပြီး အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင် ထန်းလျက်ခဲလေးစား ရေနွေးကြမ်းလေး သောက် ဖုန်းထဲကနေ “လူရည်ချွန်” ဆိုတဲ့သီချင်းလေးနားထောင်နေတုန်း ရုတ်တရက်ဆိုသလိုကားတစ်စီးထိုးဆိုက်လာပါတယ်။ ကားထဲကဆင်းလာသူက ကျွန်တော့်ရဲ့တစ်မြို့တည်းနေမိတ်ဆွေရင်းကြီးကိုငြိမ်းချမ်းပေါ့။ သူ့ကြည့်ရတာ အလောတကြီးနဲ့တစ်ခုခုကိုအလိုမကျပုံပဲ။ ဒါနဲ့ ကျွန်တော်ကပဲခရီးဦးကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။
ထက်မြတ်။ လာဗျာ ကိုငြိမ်းချမ်း။ ခင်ဗျားကြည့်ရတာ မောနေပုံပဲ။ ရေနွေးကြမ်းလေးသောက်၊ ထန်းလျက်လေးစားဦးဗျာ။
ငြိမ်းချမ်း။ ဟုတ်တယ် ကိုထက်မြတ်ရေ။ ကျွန်တော့်မှာလည်း အိမ်က အပျက်အစီးတွေကိုရှင်းရင်းနဲ့မောလာတာကတစ်ဖက်၊ အိမ်ကသားတော်မောင်က တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ သတင်းကတစ်ဖက်နဲ့ လူရောစိတ်ရောမောနေတာပဲဗျို့။ကိုငြိမ်းချမ်းတို့မိသားစုဆိုတာ ဟိုတလောက ငလျင်လှုပ်တော့ ကံကောင်းထောက်မစွာနဲ့ အပြင် ရောက်နေလို့ လူတွေကဘာမှမဖြစ်ပေမယ့် အိမ်ကတော့ဖြိုပြီးပြန်ဆောက်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။
ထက်။ ဆိုစမ်းပါဦးဗျ။ ဘာတွေစိတ်မောနေရတာလဲ။
ငြိမ်း။ ဒီလိုဗျ။ တက္ကသိုလ်ဝင်စာမေးပွဲတွေ ပြန်ဖြေရမယ်ဆိုတဲ့ကိစ္စလေ။ ခင်ဗျားလည်းကြားမှာပေါ့။ အိမ်ကသားကလည်းစာမေးပွဲပြန်ဖြေရမယ့်အထဲမှာပါတယ်လေ။ အခု ပြန်ဖြေခိုင်းရင်ကောင်းမလား။ မဖြေခိုင်းရင်ကောင်းမလား။ စဉ်းစားရကျပ်နေတာဗျ။ ကျွန်တော့်သဘောကတော့ အစိုးရအနေနဲ့ မီးလောင်တဲ့ထဲပါသွားတဲ့ အဖြေလွှာပိုင်ရှင်တွေအားလုံးကို အအောင်ပေးလိုက်လည်းရတာပဲမဟုတ်ဘူးလား။ ကျွန်တော်တော့ အခုလိုမျိုးပြန်ဖြေခိုင်းတဲ့ကိစ္စကြီးကို သိပ်သဘောမကျပါဘူးဗျာ။ ခင်ဗျားက ဒီအပိုင်းတွေနဲ့ပတ်သက်ရင် နည်းနည်းလည်း နှံ့နှံ့စပ်စပ် ရှိတော့ အကြံလည်းတောင်းရအောင် လာခဲ့တာပဲဗျို့။
ထက်။ ဟုတ်ပြီဗျာ။ ခင်ဗျားက အကြံလာတောင်းတော့လည်း အကြံကောင်းပေးရတာပေါ့။ ကျွန်တော်ပေးမယ့်အကြံကတော့ ခင်ဗျားသားကို တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေခိုင်းလိုက်ပါဗျာ။
ငြိမ်း။ ဘာကြောင့်လဲဆိုတာ လင်းပါဦးဗျ။ အခုလိုမျိုးအကြံပေးရတဲ့အတွက် ခင်ဗျားမှာအကြောင်း ပြချက်ကောင်းတစ်ခုရှိမယ်လို့ယုံတယ်ဗျာ။
ထက်။ အကြောင်းပြချက်ကောင်းက တစ်ခုတည်းမဟုတ်ဘူးဗျ။ အများကြီးရှိတယ်။ အရင်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ မီးထဲပါသွားရတဲ့အကြောင်းကို ပြောပြမယ်။ ငလျင်လှုပ်တော့ မန္တလေးတက္ကသိုလ်ပင်မဆောင်မှာ စာစစ်လုပ်ငန်းဆောင်ရွက်နေတဲ့ ဆရာ၊ ဆရာမတွေအများကြီးပဲရှိတယ်ဗျ။ သူတို့လည်း ငလျင်လှုပ်ပြီဆိုတာနဲ့ အဆောင်အောက်ကိုပြေးထွက်ပြီး အသက်ဘေးလွတ်ရာကို ရှောင်တိမ်းကြရတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ပင်မဆောင်က ပြိုကျသွားတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ မီးလောင်မှုလည်းဖြစ်ခဲ့တယ်ဗျ။ အဲဒီမီးလောင်မှုမှာ အဖြေလွှာတွေအားလုံး မီးလောင်ပျက်စီးသွားရတာပဲဗျာ။ တစ်နိုင်ငံလုံးရဲ့ အဖြေလွှာတွေတော့မဟုတ်ပါဘူး။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့က ကျောင်းသားတွေရဲ့အဖြေလွှာတွေပဲပါသွားတာပါ။ ကျန်ရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ကျောင်းသားတွေရဲ့အဖြေလွှာတွေကတော့ အခုဆိုရင်အမှတ်တောင်ခြစ်ပြီးလောက်ပြီနဲ့တူတယ်ဗျ။ အဲဒီအဖြေလွှာတွေထဲမှာ ဂုဏ်ထူးထွက်တဲ့သူရှိမယ်။ ရိုးရိုးအောင်တဲ့သူရှိမယ်။ ခင်ဗျားပြောသလို မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်တွေအားလုံးကို အအောင်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ရမှတ်ကိုဘယ်လိုတွက်မလဲဗျ။ တချို့က ပြောကြတာရှိတယ်။ အခု အအောင်ပေးလိုက်ပြီးသူတို့နှစ်သက်ရာတက္ကသိုလ်ကိုတက်တော့မှ တက္ကသိုလ်တွေကနေ ဝင်ခွင့်စာမေးပွဲစစ်ဆေးလိုက်ရင် မရဘူးလားဆိုပြီးပြောကြတာလေ။ ခင်ဗျားလည်းကြားမိမယ်ထင်ပါတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ နည်းနည်းလောက်ထပ်ရှင်းပြဦးမယ်ဗျ။ အခုတော့ ရေနွေးလေးသောက်လိုက်ဦးမယ်။
ငြိမ်း။ သောက်ပါဗျာ။ သောက်ပါ။ ခင်ဗျားပြောမှသိရမယ့်သူဆိုတော့လည်း စောင့်ရမှာပေါ့။
ထက်။ ကျွန်တော် အခုပြောမယ့်အကြောင်းက မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်စာမေးပွဲစနစ်က ဘယ်လိုအရာတွေနဲ့ချိတ်ဆက်ထားတယ်ဆိုတဲ့အကြောင်းပဲဗျ။ ခင်ဗျား GCE O-Level ဆိုတာ ကြားဖူးတယ်မလား။ အခုတော့ IGCSE လို့ခေါ်တာပေါ့။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲစနစ်လေ။ ဒီမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီးလို့ တခြားနိုင်ငံတွေမှာ တက္ကသိုလ်ဆက်တက်ချင်တယ်။ နိုင်ငံခြားကို ပညာတော်သင်အနေနဲ့သွားချင်တယ်ဆိုရင် IGCSE ကို မဖြစ်မနေဖြေရတာပေါ့။ အခု ကျွန်တော်တို့နိုင်ငံက ပညာရေးကိုအဆင့်မြှင့်တင်လာတဲ့အတွက် ဒီက တက္ကသိုလ်ဝင်စာမေးပွဲနဲ့ IGCSE ကိုချိတ်ဆက်ထားတယ်ဆိုတာ သိတဲ့သူတော်တော် နည်းတယ်ဗျ။ ဆိုလိုတာက ဒီမှာတက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီဆိုတာနဲ့ IGCSE ကိုအောင်တာနဲ့အတူတူပဲလို့ ပြောလို့ရတာပေါ့။ အထူးသဖြင့် အင်္ဂလိပ်စာ၊ သင်္ချာ စတဲ့ဘာသာရပ်အခြေပြု စာမေးပွဲပါ။ ဒီမှာအင်္ဂလိပ်စာအောင်ရင် IGCSE မှာလည်း အင်္ဂလိပ်စာ အောင်မယ်။ ဒီမှာ သင်္ချာအောင်ရင် IGCSE မှာလည်း သင်္ချာအောင်မယ်။ အဲဒီသဘောမျိုးပေါ့။ ဒါပေမဲ့ IGCSE က အောင်ရုံသက်သက်မဟုတ်ဘူးဗျ။ သူ့မှာအမှတ်စာရင်းဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့အမှတ်စာရင်းကိုရမှသာ အောင်တယ်လို့ဆိုနိုင်တာကိုးဗျ။ အစောပိုင်းက ခင်ဗျားပြောသလို အားလုံးကို အအောင်ပေးလိုက်ရင် မီးလောင်သွားတဲ့အဖြေလွှာပိုင်ရှင်တွေအတွက် သိပ်ကိုနစ်နာလှတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် သူတို့မှာအမှတ်စာရင်းမရှိဘူးလေ။ ဒီတော့ အစိုးရက အအောင်ပေးလို့သာ အောင်သွားရတယ်။ နိုင်ငံတကာမှာတော့ တန်းမဝင်နိုင်တော့ဘူးလေ။ အဓိကက နိုင်ငံခြားပညာတော်သင်မှန်းထားတဲ့သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုက အကြီးကြီးဖြစ်သွားမှာပါ။ ပြီးတော့ လူရည်ချွန်မှန်းထားတဲ့ကလေးတွေ။ အခုမီးလောင်သွားတဲ့အဖြေလွှာတွေထဲမှာ ဘာသာစုံအမှတ်ပြည့်ရနိုင်တဲ့သူတွေမပါဘူးလို့ ခင်ဗျားတပ်အပ်ပြောနိုင်ပါ့မလား။ နိုင်ငံခြားပညာတော်သင်သွားချင်တဲ့ကလေးတွေ၊ သွားခွင့်ရမယ့်ကလေးတွေ၊ လူရည်ချွန်ဖြစ်နိုင်တဲ့ကလေးတွေ မပါဘူးလို့ရောခင်ဗျားပြောနိုင်မလား။ ဒါကြောင့် တိုင်းဒေသကြီး၊ပြည်နယ်လေးခုက မီးလောင်သွားတဲ့အဖြေလွှာတွေအတွက် ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်ဖြေသင့်တယ်ဆိုတဲ့ ပထမဆုံးအကြောင်းပြချက်ကတော့ ဒါပါပဲဗျာ။
ငြိမ်း။ ခင်ဗျားပြောတော့လည်း ဟုတ်သားပဲဗျ။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲက GCE O-Level ၊ ခင်ဗျားပြောတဲ့ IGCSE နဲ့ချိတ်ဆက်ထားတယ်ဆိုတာ တကယ်ကိုမသိခဲ့တာဗျ။ အခုတော့ ခင်ဗျားကျေးဇူးကြောင့်သိလိုက်ရပါပြီ။ ဒါနဲ့ နောက်ထပ်အကြောင်းရင်းတွေရောရှိသေးလားဗျ။ ရှိရင်ပြောပါဦး။
ထက်။ ရှိသေးတယ်ဗျ။ ဒါကျတော့ ဂုဏ်သိက္ခာနဲ့ဆိုင်သွားပြီ။ ဥပမာဗျာ။ အခု အစိုးရက မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်တွေကို အားလုံးအအောင်ပေးလိုက်ပြီဆိုပါစို့။ ကျောင်းပြီးလို့ အလုပ်ခွင်တွေဝင်ကြတဲ့အခါ အချင်းချင်းမေးကြမြန်းကြတာရှိတယ်လေ။ တက္ကသိုလ်ဝင်စာမေးပွဲကို ဘယ်နှခုနှစ်ကအောင်တာလဲပေါ့။ ၂၀၂၅ ခုနှစ်မှာ အောင်တာပါပေါ့။ ဟာ ဒါဆို တက္ကသိုလ်ဝင်စာမေးပွဲကို အလိုအလျောက်အောင်လာတဲ့သူတွေပေါ့ဆိုတဲ့အကြည့်နဲ့ အရင်ဆုံးအကြည့်ခံရမှာမဟုတ်ဘူးလားဗျ။ ခင်ဗျားကို မန္တလေးကလား၊ ရန်ကုန်ကလား ဘယ်သူမှမေးမှာမဟုတ်ဘူးဗျ။ ၂၀၂၅ ခုနှစ်မှာအောင်တယ်ဆိုတာနဲ့တင် အဲဒီသူရဲ့အရည်အချင်းကို လူတွေကတန်းပြီးအကဲဖြတ်လိုက်ကြမယ်ဆိုတာ ခင်ဗျားလည်းရိပ်စားမိမှာပါ။
ငြိမ်း။ ခင်ဗျားပြောတော့လည်း ဟုတ်တာပဲဗျ။ ကျွန်တော်တောင် အဲဒီလိုမျိုးမတွေးမိဘူး။ အဲဒီလို မျိုးသာဆိုရင် တကယ်ကိုအရည်အချင်းရှိပေမယ့် ကိုယ့်ရဲ့အရည်အချင်းက ဘယ်လောက်အထိရှိပါတယ်ဆိုတာကို ဖော်ပြခွင့်မရတဲ့သူရယ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ဖို့ အရည်အချင်းမပြည့်မီတဲ့သူရယ်ကို တစ်တန်းတည်းသဘောထားပြီး ဆက်ဆံကြမယ့်အခြေအနေဖြစ်သွားမှာပေါ့။ ဒါလေးက ဘာမှမဟုတ်ဘူးဆိုပေမယ့် တကယ်တမ်းရှင်းပြလို့မရတဲ့အတိုင်းအတာနဲ့ သူတင်ကိုယ်တင်ပြောကြတဲ့ အခြေအနေမှာတော့ အရေးပါတယ်လို့ဆိုရမှာဗျ။
ထက်။ ဟုတ်တာပေါ့ဗျာ။ အခုလိုမျိုး တက္ကသိုလ်ဝင်စာမေးပွဲကို တချို့လူတွေပြောကြသလို အားလုံးကို အအောင်ပေးလိုက်မယ်ဆိုပါစို့။ တစ်နှစ်ပတ်လုံး ဒီစာမေးပွဲအတွက် ကျားကုတ်ကျားခဲကြိုးစားပြီး အများကြီးမျှော်လင့်ခဲ့တဲ့ကလေးတွေက အောင်တယ်ဆိုရုံလေးနဲ့ကျေနပ်ရမယ်ဆိုရင် ခင်ဗျားရော ကြိုက်ပါ့မလား။ ကျွန်တော်ကတော့ မကြိုက်ဘူးဗျ။ ဒါကြောင့်လည်းနောင်တစ်ချိန်ရင်ဆိုင်ရမယ့် ကိုယ့်ဂုဏ်သိက္ခာအတွက် အခုကတည်းက နည်းနည်းလောက်ပိုပြီးအပင်ပန်းခံပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေသင့်တယ်မဟုတ်ဘူးလားဗျာ။ ဒါကတော့ ဒုတိယမြောက်အကြောင်းပြချက်ပေါ့။
ငြိမ်း။ အခုကဒုတိယအကြောင်းပြချက်ဆိုရင် နောက်ထပ်အကြောင်းပြချက်တွေရှိသေးလို့လားဗျ။
ထက်။ ရှိပါသကောဗျာ။ ခင်ဗျားလည်း တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေခဲ့တယ်။ ကျွန်တော်လည်း တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေခဲ့တယ်။ ကျွန်တော်ဆိုလည်း ဂုဏ်ထူးသုံးဘာသာမှန်းတာ တစ်ဘာသာပဲရခဲ့တယ်။ ခင်ဗျားလည်း ဂုဏ်ထူးမှန်းထားပေမယ့် ရိုးရိုးပဲအောင်ခဲ့တယ်။ ဟုတ်တယ်မလား။ ကျွန်တော်တို့ရဲ့အမှတ်စာရင်းတွေကလည်း ကျွန်တော်တို့ရဲ့အိပ်မက်ကိုရိုက်ချိုးပြီး အခုလက်ရှိ ရပ်တည်နေရတဲ့လမ်းကြောင်းပေါ် တင်ပေးလိုက်ကြတာမဟုတ်ဘူးလားဗျာ။ ကျွန်တော်ဆိုရင် ဝါသနာပါတာက အင်ဂျင်နီယာပေမယ့် တကယ်တမ်းလုပ်နေရတော့ သာမန်ဝန်ထမ်းလေးပဲဖြစ်ခဲ့ရတာလေ။ တကယ်လို့များ ကျွန်တော်တို့အသက်တွေပြန်ငယ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်ဖြေခွင့်ရမယ်ဆိုရင်ခင်ဗျားရောပြန်မဖြေချင်ဘူးလား။
ငြိမ်း။ ဘယ့်နှယ်ပြောပါလိမ့်ဗျာ။ ပြန်ဖြေချင်တာပေါ့။ တကယ်လို့များ ပြန်ဖြေခွင့်ရမယ်ဆိုရင် ကျွန်တော်အားနည်းခဲ့တဲ့ဘာသာရပ်တွေကို သေချာပိုင်နိုင်အောင်လုပ်မယ်။ ပြီးရင် အမှတ်ကောင်းကောင်းရပြီး ရေကြောင်းပညာတက္ကသိုလ်ကို ဆက်တက်မယ်ဗျာ။
ထက်။ကျွန်တော်ပြောချင်တာလည်းအဲဒါပဲဗျ။ အခု မီးလောင်သွားတဲ့အဖြေလွှာတွေရဲ့ပိုင်ရှင်ကလေးတွေဟာလည်း ပြီးခဲ့တဲ့စာမေးပွဲကြီးမှာ စိတ်တိုင်းကျမဖြေနိုင်ခဲ့တာရှိမှာပဲဗျ။ တချို့ဆိုရင် အင်္ဂလိပ်စာဖြေတဲ့နေ့မှာတင် တော်ပါပြီ ဂုဏ်ထူးမမှန်းတော့ပါဘူး။ နှစ်ချင်းပေါက်အောင်ရင်ပဲ ရပါပြီဆိုပြီး သူတို့ရဲ့အိပ်မက်တွေကို လက်လျှော့လိုက်ကြတဲ့ ကလေးတွေရှိမှာပဲလေ။ ဒီလိုမျိုး မတတ်သာလို့ အိပ်မက်ကိုလက်လျှော့လိုက်ရတဲ့ကလေးတွေအတွက် အဆိုးထဲကအကောင်း အနေနဲ့ အခုတစ်ကြိမ်က ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ရတယ်လို့ယူဆလိုက်မယ်ဆိုရင် စာကို ပိုပြီးတော့ကြိုးစားချင်စိတ်ဖြစ်လာပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ပထမတစ်ကြိမ်ကထက် ပိုပြီးပိုင်ပိုင်နိုင်နိုင်ဖြေဆိုနိုင်မှာ မဟုတ်ဘူးလားဗျာ။ ဒါကြောင့် အခုတစ်ကြိမ်စာမေးပွဲကို ပြန်ဖြေသင့်တယ်ဆိုတဲ့ တတိယမြောက်အကြောင်းပြချက်ကတော့ ပိုကောင်းဖို့ဖြစ်လာတယ်လို့သာတွေး ကြည့်ပြီး ကံကြမ္မာက နောက်တစ်ကြိမ်ကြိုးစားခွင့်ပေးလိုက်တယ်ဆိုတဲ့အချက်ပဲဗျ။
ငြိမ်း။ ခင်ဗျားပြောတော့လည်း တော်တော်လေးတော့ သဘောကျဖို့ကောင်းသဗျ။ ဒါနဲ့နေပါဦးဗျ။ ဒီလိုမျိုးသဘာဝဘေးတွေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထပ်မဖြေရတော့ဘဲ အအောင်ပေးလိုက်တဲ့ဖြစ်စဉ်တွေ နိုင်ငံတကာမှာရှိလားဗျ။ ရှိရင် ကျွန်တော်တို့ဗဟုသုတရအောင် ပြောပြပါဦး။
ထက်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်ပေါ့ဗျာ။ ဂျပန်နိုင်ငံ ကိုဘေးမြို့မှာ ပြင်းအား ၆ ဒသမ ၉ ရစ်(ခ်)တာစကေးရှိတဲ့ ငလျင်ကြီးလှုပ်တယ်ဗျ။ အဲဒီငလျင်မှာသေဆုံးသွားသူအရေအတွက်က ၆၄၀၀ ကျော်ရှိတယ်။ အဲဒီငလျင်လှုပ်တဲ့အချိန်က ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့အချိန်ဗျ။ မနက်ဖြန်၊ သန်ဘက်ခါဆိုရင်ပဲ စာမေးပွဲကဖြေတော့မှာ။ အဲဒီအချိန်မှာ ငလျင်က ထလှုပ်တာပေါ့။ ငလျင်လှုပ်တော့ စာမေးပွဲဖြေရမယ့်ကလေးတွေအားလုံးကို စာမေးပွဲမဖြေဘဲ အအောင်ပေးလိုက်တယ်လို့မထင်နဲ့ဗျ။ ငလျင်ဒဏ်သင့်ဒေသမှာရှိတဲ့ကလေး တွေအားလုံး ရက်ပြောင်းပြီးတော့ စာမေးပွဲဖြေရတယ်ဗျ။ ဆိုလိုတာက နိုင်ငံတကာမှာလည်း သဘာဝဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကိုမဖြေခိုင်းဘဲ အအောင်ပေးလိုက်တာမျိုးမရှိဘူးပေါ့ဗျာ။
ငြိမ်း။ ခင်ဗျားပြောလို့ အဖြေလွှာတွေမီးလောင်တဲ့အထဲပါသွားတဲ့ ကလေးငယ်တွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေသင့်တယ်ဆိုတဲ့အကြောင်းတော့ သိရပါပြီ။ ဒါပေမဲ့ ကလေးတွေဘက်မှာလည်း အခက်အခဲရှိတယ်ဗျ။ အမြင်သာဆုံးအခက်အခဲကိုပြောရရင် ကျွန်တော့်သားဆိုရင် စာမေးပွဲပြန်ဖြေပါမယ်ဆိုရင်တောင် စာအုပ်တွေမရှိတော့ဘူး။ ပြီးတော့ သိတဲ့အတိုင်းပဲ ကလေးအများစုက စာမေးပွဲပြီးပြီဆိုတာနဲ့ စာတွေကိုခေါင်းထဲက ထုတ်လိုက်ကြတော့တာ။ အခု စာမေးပွဲပြန်ဖြေမယ်ဆိုတော့ စာပြန်သင်ရမယ့်နေရာလည်းမရှိ၊ စာပြန်သင်ပေးမယ့်သူလည်းမရှိနဲ့၊ ခင်ဗျားပြောတဲ့ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကို ဘယ်လိုလုပ်ရနိုင်မှာလဲဗျ။
ထက်။ ဒီအတွက်လည်း မပူပါနဲ့ဗျာ။ ကံကြမ္မာက မျက်နှာသာမပေးဘူးလို့ထင်ရပေမယ့် နိုင်ငံတော် အစိုးရကတော့ မျက်နှာသာပေးပါတယ်ဗျ။ အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဆိုရင် ပညာရေးကိုအဓိကဦးစားပေးတဲ့ အစိုးရအဖွဲ့လို့မြင်မိတယ်ဗျ။ ဒါကြောင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဖို့လိုအပ်တဲ့ ကလေးတွေအတွက် လိုအပ်ချက်တွေကိုဘက်စုံထောင့်စုံကနေ ဖြည့်ဆည်းပေးဖို့အသင့်ရှိပါတယ်ဗျာ။ အရင်ဆုံး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့အတူ တာဝန်ရှိသူတွေဦးစီးပြီး လေ့ကျင့်သင်ကြားရေးစခန်းတွေကိုဖွင့်ပေးသွားမှာဗျ။ အခု ဧပြီလကုန်ပိုင်းမှာ အဲဒီစခန်းတွေကိုဖွင့်လှစ်ပြီး မေလ ၂ ရက်ကစလို့ ကလေးတွေကိုစာတွေပြန်သင်ပေးသွားမယ်။ စာမေးပွဲပြန်ဖြေရမယ့်ရက်က ဇွန်လ ၁၆ ရက်ဆိုတော့ ကြားထဲမှာ စာကြည့်ချိန်နဲ့ကြိုတင်ပြင်ဆင်ချိန် တစ်လခွဲလောက်ရတယ်ဗျ။ တစ်လခွဲဆိုတာက မကြာသေးခင်ကမှ ဖြေပြီးသွားတဲ့စာမေးပွဲကို နောက်ထပ်တစ်ကြိမ်ပြန်ဖြေဖို့အတွက်ပြန်လှန်လေ့ကျင့်ချိန်လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုပေါ့ဗျာ။ ဒီလိုမျိုးစခန်းသွင်းလေ့ကျင့်မှုမှာပါဝင်တဲ့ကလေးတွေအားလုံးအတွက် နိုင်ငံတော်အစိုးရက စရိတ်ငြိမ်းစီစဉ်ပေးထားတယ်ဗျ။ နံနက်စာ၊ နေ့လယ်စာ၊ ညစာ ဘာမှ ပူပင်စရာမရှိအောင် စီစဉ်ပေးထားတယ်။ ပြီးတော့ ကျောင်းသုံးစာအုပ်တွေ၊ဗလာစာအုပ်တွေ၊ စာရေးကိရိယာတွေကိုလည်း အခမဲ့ထောက်ပံ့ပေးသွားဦးမယ်။ တကယ်လို့ အဲဒီကလေးက လေ့ကျင့်သင်ကြားရေးစခန်းမှာမနေချင်ဘူး၊ အိမ်မှာပဲနေပြီး စခန်းမှာစာလာသင်ချင်တယ်ဆိုရင်လည်း အကြို၊ အပို့အတွက် ကားတွေကိုလည်း အခမဲ့စီစဉ်ပေးသွားဦးမှာဗျာ။ပြီးရင် လေ့ကျင့်သင်ကြားရေးစခန်းတွေကနေ စာမေးပွဲဖြေရမယ့်နေရာတွေကိုလည်း ကားနဲ့ပဲ အကြို၊ အပို့လုပ်ပေးဦးမှာပါ။ ဒါတွေအားလုံးကဘယ်လိုကျောင်းသားမျိုးမှ မရနိုင်တဲ့အထူးအခွင့်အရေးကြီးပေါ့ဗျာ။
ငြိမ်း။ အစီအစဉ်က ကောင်းလှချည်လားဗျ။ ကလေးတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ ဒါနဲ့ သူတို့ကို ဘယ်သူတွေက စာလာသင်ပေးမှာလဲဗျ။ စာလာသင်ပေးတဲ့သူတွေအတွက်ရော ဘယ်လိုတွေစီစဉ်ထားလဲ။
ထက်။ ကလေးတွေကို စာလာသင်ပေးမှာကတက္ကသိုလ်တွေက သက်ဆိုင်ရာဘာသာရပ်သင် မေးခွန်းထုတ်တဲ့ ဆရာ၊ ဆရာမကြီးတွေကိုယ်တိုင် လာသင်ပေးမှာဗျ။ ပြီးရင် ဆင့်ပွားသင်ပေးမယ့် ဆရာ၊ ဆရာမတွေလည်းရှိဦးမှာပါ။ ဒါတင်ပဲလားဆိုတော့၊ မဟုတ်ဘူးဗျ။ ကလေးတွေကို စာကူကျက်ပေးမယ့် အကူဆရာ၊ ဆရာမတွေလည်းပါဦးမှာဗျ။ ကျွန်တော်တို့အခေါ် ဂိုက်ဆရာ၊ ဆရာမတွေပေါ့။ ဘာသာရပ်သင်ဆရာ၊ ဆရာမကြီးတွေ၊ ဆင့်ပွားသင်မယ့် ဆရာ၊ ဆရာမတွေ၊ဂိုက်ဆရာ၊ ဆရာမတွေကလည်း အဲဒီလေ့ကျင့်သင်ကြားရေးစခန်းမှာပဲ ကလေးတွေနဲ့အတူနေမှာဗျ။ သူတို့အတွက် စားစရိတ်တို့၊ နေ့တွက်စရိတ်တို့ကိုလည်း အစိုးရကပဲ အားလုံးကျခံပေးသွားဦးမှာပါ။ ကဲ ဘာလိုသေးလဲဗျာ။
ငြိမ်း။ ဘာမှကို မလိုတော့လောက်အောင်ကို ပြီးပြည့်စုံလွန်းလှတဲ့ အစိုးရရဲ့အမြော်အမြင်နဲ့ အကွက်စေ့စေ့စီစဉ်တတ်မှုကြီးကိုတော့ မချီးကျူးဘဲမနေနိုင်ဘူးဗျာ။ ဒီလိုမျိုးသာဆိုရင် ကျွန်တော်တောင်မှ စာမေးပွဲပြန်ဖြေချင်လာပြီဗျာ။
ထက်။ ဒါပေါ့ဗျာ။ အခုကလေးတွေအားလုံးကို အစိုးရအမိန့်နဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အအောင်ပေးလိုက်လည်းရတာပဲ။ ဒါပေမဲ့ အချိန်ကုန်ခံ၊ ငွေကုန်ကြေးကျခံပြီးတော့ ကလေးတွေအတွက်ကို သီးသီးသန့်သန့်စဉ်းစားပေးထားတာဗျ။ ဒီနေရာမှာ အစိုးရရဲ့သဘောထားကိုလည်း မြင်ရသေးတယ်ဗျ။ ဘာလဲဆိုတော့ တစ်ဖက်မှာက ကလေးတွေရဲ့အနာဂတ်အတွက် စည်းမျဉ်းစည်းကမ်းကို ဦးစားပေးပြီး အခြားတစ်ဖက်မှာကျတော့ ငယ်ရာကနေကြီးလာကြတဲ့သူတွေပီပီ ကလေးတွေရဲ့အခက်အခဲကိုရှုမြင်ပြီး စာနာထောက်ထားမှုအပြည့်နဲ့ဆောင်ရွက်ပေးမှုကိုပါ။ ခင်ဗျားရောအစိုးရရဲ့လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်လဲဗျ။
ငြိမ်း။ ကျွန်တော့်အမြင်က ဘယ်လိုရှိလဲဆိုတော့ ကျောင်းသားမိဘတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် တော်တော်လေးကို ဝမ်းသာမိတယ်ဗျ။ တစ်ဖက်မှာ ငလျင်ဒဏ်သင့်တာနဲ့ တစ်ဖက်မှာကျတော့ ကျွန်တော့်သားလေး တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေရမလို၊ မဖြေရမလို၊ ဖြေရင်လည်း အရည်အချင်းရှိရှိနဲ့မအောင်မှာရယ်တွေးပြီး ဝမ်းနည်းနေတဲ့စိတ်တွေက အခုခင်ဗျားနဲ့တွေ့မှပဲ ယူပစ်သလိုပျောက်သွားတော့တာပဲဗျ။ ခင်ဗျားနဲ့တွေ့တာ သိကြားနဲ့တွေ့ရသလိုပါပဲဗျာ။
ထက်။ နိုး နိုး နိုး။ ဒါတော့မဟုတ်ဘူးဗျ။ ကျွန်တော်နဲ့တွေ့ရတာထက် အခုလိုမျိုး ပြည်သူတွေအတွက် စေတနာအရင်းခံတဲ့ အစိုးရကောင်းမျိုးနဲ့တွေ့ရတာကမှ သိကြားနဲ့တွေ့သလိုဖြစ်တာပါဗျာ။
ငြိမ်း။ ဟုတ်ပါရဲ့ဗျာ။ ကျွန်တော်ကတော့လေ အခုပြန်ဖြေရမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲလို့မမြင်မိတော့ဘူးဗျ။
ထက်။ စာမေးပွဲကို စာမေးပွဲလို့မမြင်လို့ ခင်ဗျားက ဘယ်လိုမြင်တာတုန်းဗျ။ ပြောပြပါဦး။
ငြိမ်း။ တကယ်တော့ ဒီပွဲဟာ “လူရည်ချွန်တို့ပျော်တဲ့ပွဲ... အစိုးရရဲ့စေတနာကိုမြင်ရမယ့်ပွဲ...” လို့သာ ခေါင်းစဉ်တပ်လိုက်ချင်တော့တယ်ဗျို့။
ထက်။ ဟုတ်ပါရဲ့ဗျာ။ ခင်ဗျားနဲ့ကျွန်တော် စိတ်ချင်းတစ်ထပ်တည်းကျပါပေတယ်ဗျာ။ ။
Source: https://myawady.net.mm/stories

လူငယ်ဆိုသည်မှာ အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်၍ ပစ္စုပ္ပန်ကာလတွင် လူငယ်များကို ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိနိုင်ငံနှင့်လူမျိုးကိုချစ်တတ်သည့်စိတ်၊ နိုင်ငံနှင့်လူမျိုးအတွက်ဆိုလျှင် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မည်ဆိုသည့်စိတ်တို့ ရှိနေရမည်ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလတွင် မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်နေရစဉ် ကိုလိုနီလက်အောက်ခံအဖြစ်မှ လွတ်မြောက်အောင် ကြိုးစားခဲ့ကြသည်မှာလည်း လူငယ်များပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ဝိုင်အမ်ဘီအေအသင်းကို ဦးဆောင်တည်ထောင်ခဲ့ကြသူများမှာလည်း လူငယ်များသာ
လူငယ်ဆိုသည်မှာ အနာဂတ်ကို ပိုင်ဆိုင်သူများဖြစ်၍ ပစ္စုပ္ပန်ကာလတွင် လူငယ်များကို ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိနိုင်ငံနှင့်လူမျိုးကိုချစ်တတ်သည့်စိတ်၊ နိုင်ငံနှင့်လူမျိုးအတွက်ဆိုလျှင် ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မည်ဆိုသည့်စိတ်တို့ ရှိနေရမည်ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလတွင် မြန်မာနိုင်ငံသည် ကိုလိုနီနိုင်ငံအဖြစ်နေရစဉ် ကိုလိုနီလက်အောက်ခံအဖြစ်မှ လွတ်မြောက်အောင် ကြိုးစားခဲ့ကြသည်မှာလည်း လူငယ်များပင်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ဝိုင်အမ်ဘီအေအသင်းကို ဦးဆောင်တည်ထောင်ခဲ့ကြသူများမှာလည်း လူငယ်များသာဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးဦးဆောင်ပြုခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်ကျော် ၂၆ နှစ်မျှသာရှိသေးသည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတို့အတွက်ဟူသော စိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သည်။ နိုင်ငံနှင့် လူမျိုးကိုချစ်သည့်စိတ်ဓာတ် အရင်းခံရှိနေခြင်းကြောင့် မည်သည့်အန္တရာယ် အခက်အခဲကိုမဆို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး နိုင်ငံလွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လူငယ်တို့၏စိတ်ဓာတ်ကို ဗိုလ်ချုပ်အောင်ဆန်းက အကောင်းဆုံးအသုံးချကာ စွမ်းဆောင်ပြသသွားသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားသည်၊ ချစ်ခင်မြတ်နိုးသည်ဟုဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံချစ်စိတ်မွေးမြူ ကြရမည်ဖြစ်သည်။ လူငယ်တိုင်းနိုင်ငံကို ချစ်သည့်စိတ် ထားရှိကြမည်ဆိုလျှင် လက်ဝယ်ပိုင်ပိုင် ရရှိထားသော နိုင်ငံ့လွတ်လပ်ရေးသည် ခိုင်ခိုင်မာမာ တည်တံ့နေမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးထမ်းရွက်ရမည့် မွေးရာပါတာဝန်ဖြစ်သည်။ ထိုတာဝန်ကိုအဓိကအားဖြင့် လူငယ်မျိုးဆက်သစ်အဆက်ဆက်တို့က မဖြစ်မနေ ထမ်းဆောင်ကြရပေမည်။
ထိုသို့ တာဝန်ထမ်းဆောင်နိုင်စေရန်ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကိုကာကွယ်လိုသောလူငယ်မောင်မယ်များအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်။ အသက်အရွယ်ကြီးရင့်သည့် အခါကျမှ စစ်မှုထမ်းဆောင်ချင်၍ ဖြစ်နိုင်သည့်အရာမဟုတ်ပေ။ သူ့အသက် အရွယ်နှင့်သူ ထမ်းဆောင်ရသည့်တာဝန်ဖြစ်သည်။ မိမိတို့၏ဘိုးဘွားများ တည်ထောင်ထားခဲ့သည့်နိုင်ငံ၊ လွတ်လပ်ရေး ရယူပေးထားသည့်နိုင်ငံကို မိမိတို့လူငယ်များလက်ထက်တွင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်သာ ဖြစ်သည်။
မိသားစုတစ်စုအနေဖြင့် မိမိတို့နေထိုင်သည့် အိမ်နှင့်ခြံမပျက်ယွင်းစေရေး၊ ရန်စွယ်အန္တရာယ်များမှ လွတ်ကင်းအောင်ကာကွယ်ရေးမှာ မိသားစုအားလုံး၏ တာဝန်ဖြစ်သကဲ့သို့ မိမိနိုင်ငံအား အမျိုးမျိုးသော ဘေးရန်အပေါင်းမှ ကာကွယ်စောင့်ရှောက်ရန်မှာလည်း မိသားစုတစ်ခုနှင့်တူသော နိုင်ငံသားများ၏ တာဝန်သာဖြစ်သည်။ ထိုတာဝန်သည် မွေးရာပါတာဝန်ဟုဆိုထားသည့်အတိုင်း လူငယ်တိုင်းက အားကြိုးမာန်တက်ထမ်းဆောင်ကြရမည်ဖြစ်သည်။ ရေသာခိုအချောင်လိုက်ချင်သော စိတ်ဓာတ်မျိုးသည် မိမိတို့ဘဝတွင် ကြီးမားသော အနှောင့်အယှက်ဖြစ်သည်။ ဘဝ၏တိုးတက်လမ်းကို ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေပေမည်။ သူများလုပ် နိုင်သည့်အလုပ်ကို ငါလည်းလုပ်နိုင်သည်။
လုပ်ဆောင်နိုင်အောင် ကြိုးစားမည်ဟူသောစိတ်သည် ဘဝကိုတိုးတက်မြင့်မားစေသည့်စိတ်ဖြစ်သည်။ လူငယ်တိုင်းက သူ့ထက်ငါသာအောင် ကြိုးစားမည်ဟူသောစိတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံအတွက်၊ အထူးသဖြင့် နိုင်ငံ၏အနာဂတ်အတွက် အထူးပင်ရှိသင့်ရှိထိုက်သည့် ဥပဒေဖြစ်သည်။ မျိုးဆက်သစ်အဆက်ဆက်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ပြီးပါက လူငယ်အားလုံးသည် စစ်ပညာတတ်မြောက်ပြီး ဖြစ်နေပေလိမ့်မည်။ တစ်နိုင်ငံလုံးရှိလူငယ်အားလုံး စစ်ပညာတတ်မြောက်ထားပြီး ကာကွယ်ရေးအင်အားကို အချိန်တိုအတွင်းစုစည်းနိုင်သည့် အနေအထားမျိုးကို ရောက်အောင်မြန်မာနိုင်ငံမှာလည်း ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆိုပါလျှင် လူငယ်တိုင်းစစ်မှုထမ်းဆောင်ရန် အချိန်ကျရောက်သည်နှင့် ဂုဏ်ယူဝင့်ကြွားစွာ စစ်မှုထမ်းဆောင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးခဲ့သည်။ အဆိုပါဥပဒေမှာ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြု ရေးဆွဲထားရှိပြီးဖြစ်သည့် ဥပဒေဖြစ်သည်။ ယနေ့အချိန်ကာလရောက်မှသာ ကျင့်သုံးခြင်းဖြစ်သည်။ ထိုဥပဒေအရ သတ်မှတ်ချက်နှင့်ကိုက်ညီသူများ စတင်အမှုထမ်းကြသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ လူငယ်များ၏ တက်ကြွသောအားမာန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုစိတ်များမှာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းလှသည်။ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိသည်။ သင်တန်းဆင်းစစ်မှုထမ်းများအနေဖြင့်လည်း မိမိတို့တာဝန်ကျရာတပ်များတွင် အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အဓိကသော့ချက်သည် ဒို့တာဝန်အရေးသုံးပါးဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် အမျိုးသားနိုင်ငံရေးတာဝန်လည်း ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည်မှာ နိုင်ငံသားအားလုံးနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အသက်သွေးကြောဖြစ်သည်။ အမျိုးသားရေး အသိအမြင်များ မှန်ကန်နိုးကြားရှင်သန်ရေး၊ နိုးကြားရှင်သန်နေသောအသိအမြင်များ ခိုင်မာနေရေးတို့အတွက် အစဉ်အမြဲဆောင်ရွက်နေရန်မှာ တစ်မျိုးသားလုံး၏တာဝန်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် တစ်ဆင့်ပြီးတစ်ဆင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသစ်အသစ်ဖြစ်ထွန်းပေါက်ဖွားနေသည့် နိုင်ငံသားတိုင်း၏ အမျိုးသားရေး အသိအမြင် မှန်ကန်မှုပေါ်တွင်အခြေခံလျက်ရှိသည်။ ထို့ကြောင့်အနာဂတ်မျိုးဆက်သစ်များအား မှန်ကန်သော အမျိုးသားနိုင်ငံရေးအသိအမြင်များကို လက်ဆင့်ကမ်းကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တက်ကြွစွာထမ်းဆောင်လိုစိတ်သည် လူငယ်တိုင်းတွင်ရှိနေရမည့်နိုင်ငံချစ်စိတ်ဖြစ်သည်။
နိုင်ငံသားတိုင်း၏ပင်မတာဝန်သည် မည်သည့်အစိုးရလက်ထက်၊ မည်သည့်အယူ၊ မည်သည့်ဝါဒ ကျင့်သုံးသည်ဖြစ်စေ ပိုင်နက်အမိမြေကို ယုတ်လျော့မှုမရှိစေရေး ကာကွယ်စောင့်ရှောက်ကြရန်ဖြစ်သည်။ ထို့အတူ မိမိတို့ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များ၊ တောတောင်ရေမြေ၊ မြေပေါ် မြေအောက်သယံဇာတ အရင်းအမြစ်ပစ္စည်းများ မဆုံးရှုံးရန်ဖြစ်သည်။ ထို့ပြင် မိမိတို့ပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်တည်တံ့နေရန်ဖြစ်သည်။ သို့မှသာကမ္ဘာတည်သမျှ မြန်မာနိုင်ငံသည် ထည်ဝါခံ့ညားစွာတည်ရှိနေမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာကြည့်လျှင် အင်အားကြီးနိုင်ငံအချို့သည် အင်အားနည်းပါးသော နိုင်ငံငယ်တို့အပေါ် တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဗိုလ်ကျစိုးမိုးရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်လည်း ပြည်ပ၏စွက်ဖက်မှု၊ လွှမ်းမိုးရန် ကြိုးပမ်းမှုများကို ရင်ဆိုင်နေရသည်။ ထိုအခြေအနေများကို ကာကွယ်သွားရန် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးခြင်းမှာ နိုင်ငံအတွက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ပေးလိုက်ခြင်းပင်ဖြစ်သည်။
တပ်မတော်သားအဖြစ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ဖူးမှသာ တပ်မတော်သားတို့ဘဝကို စာနာနားလည်လာမည် ဖြစ်သကဲ့သို့ တပ်မတော်သားတို့အပေါ်တန်ဖိုးထားကြလိမ့်မည်ဖြစ်သည်။ အရွယ်ရောက်သူတိုင်းက စစ်ပညာသင်ကြားတတ်မြောက်ကာ စစ်မှုထမ်းပြီးဖြစ်ကြမည်ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေး၏ သဘောတရား၊ တာဝန်များကို လူငယ်တို့ပိုမိုနားလည်လာမည်ဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူများရှိနေမှ မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်တည်ရှိနေမည်ဖြစ်သည်။
လူငယ်တိုင်းတွင် စွန့်လွှတ်စွန့်စားသည့်စိတ်ကိုယ်စီရှိကြသည်။ အဆိုပါစိတ်ဓာတ်ရှိနေ၍လည်း မိမိတို့၏ ဘိုးဘွားများဖြစ်သောလူငယ်တို့သည် သူ့ခေတ်သူ့အခါက မိမိနိုင်ငံ၊ မိမိတို့လူမျိုးဂုဏ်ရှိန် မြင့်မားစေရေး တာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့ကြသည်။ မိမိတို့လူမျိုးဟုဆိုရာတွင် မြန်မာနိုင်ငံအတွင်း နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးအတူပူအမျှ နေထိုင်လာခဲ့ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားများကိုဆိုလိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်သည် တိုင်းရင်းသားအားလုံး၏ တာဝန်၊ နိုင်ငံအတွင်းမှီတင်းနေထိုင်သူအားလုံး၏ တာဝန်ဖြစ်သည်မှာ ထင်ရှားလှသည်။ ထို့ထက်ပို၍ ထင်ရှားစွာပြဆိုရလျှင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများ နေထိုင်မှုပုံစံမှာ သူ့ပြည်နယ်သူနေ၊ ကိုယ့်ပြည်နယ်ကိုယ်နေပုံစံမျိုး မဟုတ်ပေ။ မြန်မာနိုင်ငံ၏ နေရာဒေသတိုင်းတွင် တိုင်းရင်းသားပေါင်းစုံတို့သည် အေးအတူပူအမျှ နေထိုင်ကြခြင်းဖြစ်သည်။
ထို့ကြောင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်းမှီတင်းနေထိုင်သူအားလုံးနှင့် သက်ဆိုင်သည်။ ယနေ့အချိန်ကာလတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။ လူငယ်များအနေဖြင့်လည်း မိမိနိုင်ငံကို မိမိတို့ မဖြစ်မနေကာကွယ်ကြမည် ဟူသော စိတ်ဓာတ်ဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်လျက်ရှိသည်။ အဆိုပါလူငယ်များ၏ စွမ်းဆောင်ချက်ကို ပြည်သူအားလုံးက ကြိုဆိုသည်။
စာရေးသူအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းအားလုံးကို ကြိုဆိုပါသည်။ ထိုသို့ကြိုဆိုသောအားဖြင့် “တာဝန်လည်းရှိ တာဝန်လည်းသိသောလူငယ်များ” ဟူသောခေါင်းစဉ်ဖြင့် လူငယ်များကို ဂုဏ်ပြု ရေးသားလိုက်ပါသည်။ ။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားက
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဖန်တီးပေးကြရမည်ဖြစ်သည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍတွင် မြှင့်တင်ဆောင်ရွက်သင့် ကျန်းမာခြင်းသည် လူသားတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ “ကျန်းမာခြင်း” လာဘ်ကို ရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်အလေ့အကျင့်၊ အပြုအမူများကို ဂရုတစိုက် လိုက်နာကျင့်ကြံပြီး အားကစားလှုပ်ရှားဆောင်ရွက်မှုများကို ပင်ကိုကျန်းမာရေးအသိဖြင့် လိုက်ပါဆောင်ရွက်မည်ဆိုပါက ပြည်သူများ အနာရောဂါကင်းရှင်းပြီး ကျန်းမာခြင်းသုခနှင့် ပြည့်စုံသည့် ဘဝများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်နိုင်ရန် လူထုအားကစားလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများ ထားရှိပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်သင့်ပါသည်။
လူထုအားကစားလှုပ်ရှားမှုများသည် ငွေကုန်ကြေးကျနည်းပြီး လူတိုင်းလွယ်ကူစွာ စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှုဖြစ်သည်။ လူထုအားကစားလှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံးက စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆင်နွှဲလာစေရန် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပေးခြင်း၊ရုံးဌာနများ၊ စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သင်တန်းကျောင်းများတွင် ညနေပိုင်းစုပေါင်းကိုယ်လက်လေ့ကျင့်ခန်း များပြုလုပ်ခြင်း၊ မြို့နယ်အလိုက် Physical Fitness Dance အဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစည်းရုံးခြင်းများ ဆောင်ရွက်သင့်ပါသည်။ လူထုအားကစားလှုပ်ရှားမှု အားကောင်းလာပါက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာမည်ဖြစ်သည့်အပြင် မျိုးဆက်သစ်အားကစားသမားများကိုလည်း မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ယခင်က လူထုအားကစားလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည့်အတွက် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)၏ ခံယူချက်တွင်လည်း “အားကစားပြုလုပ်သူ ၁၀၀ ရှိလျှင် ထို ၁၀၀ ထဲမှ ၅၀ သည် အားကစားလိုက်စားသူများ ဖြစ်လာမည်။ ထို ၅၀ ထဲမှ ၂၀ သည် အားကစားကို ထူးထူးခြားခြားအာရုံစိုက်သူများဖြစ်လာမည်။ ထို ၂၀ ထဲမှ ငါးဦးသည် အားကစားထူးချွန်သူများအဖြစ် ပေါ်ထွက်လာမည်” ဟု ဖော်ပြထားပါသည်။
ကျောင်းသားလူငယ်အရွယ်မှစတင်၍ ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာသင်ယူခြင်းနှင့်အတူ အခြေခံအားကစားနည်းတစ်မျိုးမျိုးကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သော လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ ပညာရေး၊ အားကစားနှင့်ကာယပညာပေါင်းစပ်သင်ကြားခြင်းကို ဆောင်ရွက်သင့်ပါသည်။ အားကစားနှင့်ပညာရေးပေါင်းစပ်ခြင်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားကစားနှင့်ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီကို ဖွဲ့စည်း၍ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များတွင်အားကစားကဏ္ဍကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားခြင်း၊ အားကစားနည်းပြ၊ အားကစားသရုပ်ပြနှင့် အားကစားမှူးများ လုံလောက်စွာ ထားရှိပေးခြင်း၊ အားကစားလေ့ကျင့်ရေး အထောက်အကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးခြင်း၊ အားကစားလေ့ကျင့်ချိန် သတ်မှတ်၍ ကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားစေခြင်းများကို ဆောင်ရွက်သင့်ပါသည်။
အားကစားအထောက်အကူပြုပစ္စည်းများ လက်လှမ်းမီစွာ ထားရှိပေးခြင်းဖြင့် အားကစားကို ပြည်သူအများ လွယ်လင့်တကူ လှုပ်ရှားဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် Outdoor Fitness ပစ္စည်းများကဲ့သို့ အားကစားအထောက်အကူပြု ပစ္စည်းကိရိယာများကို အများပြည်သူအပန်းဖြေ၊ အနားယူနိုင်သည့် နေရာများ၊ အားကစားကွင်း၊ အားကစားရုံပရဝဏ်များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လူစည်ကားရာနေရာများတွင် ထားရှိပေးသင့်ပါသည်။ ထို့ပြင် ရပ်ကွက်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အားကစားကွင်း၊ အားကစားရုံများတွင်လည်း အများပြည်သူများ အချိန်မရွေးလာရောက်လေ့ကျင့်ကစားနိုင်ရန် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ပြည့်စုံစွာထားရှိပေးသင့်ပါသည်။
လူသားတိုင်းအတွက် ကျန်းမာခြင်းသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အမြို့မြို့အနယ်နယ်ရှိ လူစည်ကားရာ နေရာများ၊ စာသင်ကျောင်းများနှင့် အားကစားကွင်း၊ အားကစားရုံများ အနီးပတ်ဝန်းကျင်၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ရေးသားထားသည့် ပညာပေးဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ အားကစားအသိပညာဗဟုသုတပြန့်ပွားရေးနှင့် စိတ်ပါဝင်စားလာစေရေးအတွက် အားကစားဆိုင်ရာ ဟောပြောပွဲများနှင့် သရုပ်ပြပွဲများကျင်းပပြုလုပ်ပေးခြင်း၊ အားကစားဆိုင်ရာ လက်ကမ်းစာစောင်များ၊ စာအုပ်စာတမ်းများ ထုတ်ဝေဖြန့်ချိပေးခြင်း အားကစားပညာပေးပြန်ကြားရေးအစီအစဉ်အဖြစ် Social Media များတွင် အားကစားနည်းတစ်ခုချင်း၏ နည်းစနစ်များ၊ ဥပဒေများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှုများ၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအပါအဝင် အားကစားလှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများကို လွှင့်တင်ထားရှိခြင်းများ ဆောင်ရွက်သင့်ပါသည်။
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး ဆောင်ရွက်သင့်သည့်အချက်များ
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ လူငယ်မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ပေးနိုင်ခြင်း၊ စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း၊ အားကစားကွင်း၊ အားကစားရုံနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်းပေးခြင်း၊အားကစား ဆေးပညာနှင့် အားကစားစိတ်ပညာရှင်များ၏ ကူညီပံ့ပိုးမှု၊ ထိရောက်သည့် အားကစားသုတေသနလုပ်ငန်းနှင့် အုပ်ချုပ်ထောက်ပံ့ပေးနိုင်မှုများအပေါ် မူတည်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားမှုကို အထောက်အကူပေးနိုင်သည့် အဓိကစွမ်းအားတစ်ရပ်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းသည် အားကစားကဏ္ဍ အောင်မြင်တိုးတက်မှုဆီသို့ ရုတ်တရက်ချက်ချင်းဦးတည်သွားခြင်းမျိုးမဟုတ်ဘဲ မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ပေးနိုင်မှု၊ စနစ်တကျ ပြုစုပျိုးထောင်ပေးမှု၊ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အချိန်ကာလလိုအပ်ချက်တို့အပေါ်၌ မူတည်လျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများရှိ လူငယ်၊ လူရွယ်အများစုသည် ဝါသနာထက်စားဝတ်နေရေးကိုသာ အဓိကဖြေရှင်းဆောင်ရွက် နေကြရသည့်အတွက် ထိုနိုင်ငံ၏ အားကစားလောကတွင် မျိုးဆက်သစ်ကစားသမားရှားပါးခြင်း အခက်အခဲများနှင့် ကြုံတွေ့နေရသကဲ့သို့ ငွေကိုအရင်းတည်ပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်း ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှု အားနည်းသွားနိုင်ပါသည်။ သို့ဖြစ်၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရင်းခံ၍ ဆောင်ရွက်သွားနိုင်မှသာ ပိုမိုလွယ်ကူမြန်ဆန်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေး၊ လူမှုရေးအပါအဝင် အခြားကဏ္ဍအသီးသီး၌ပါ ဆက်တိုက်အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေနိုင်သည်ဟု မှတ်သားဖူးပါသည်။
နိုင်ငံတကာအားကစား ပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခြင်း၏ အခြေခံလိုအပ်ချက်တစ်ခုသည် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်မှုပင်ဖြစ်ပါသည်။ အားကစားနည်းများအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအဆင့်အားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ဒေသတွင်း ဖိတ်ခေါ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် ကလပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ အလွတ်တန်းဖိတ်ခေါ်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ တံခွန်စိုက်အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့နှင့် အလုပ်သမားနေ့များတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများနှင့် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ကောလိပ်များတွင် အားကစားနည်းအလိုက် အားကစားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မြို့နယ်တိုင်းတွင် အားကစားကလပ်များ ဖွဲ့စည်းထူထောင်ပေးပြီး စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်းများ စနစ်တကျစီမံဆောင်ရွက်သင့်ပါသည်။
အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျပြုစုပျိုးထောင်ပေးမှသာ အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင်မည်ဖြစ်သည့် အတွက် အလားအလာရှိသည့် မျိုးဆက်သစ်အားကစားသမားများကို အားကစားသိပ္ပံကျောင်းများနှင့် အားကစားအကယ်ဒမီများတွင် ကျွမ်းကျင်သည့် နည်းပြများက သက်ဆိုင်ရာအားကစားနည်းများအလိုက် ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းဗျူဟာများ၊ အားကစားလေ့ကျင့်ရေး သဘောတရားများအား စာတွေ့၊ လက်တွေ့သင်ကြားပေးခြင်း၊ အားကစားနည်းအလိုက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို တိကျစွာ လိုက်နာတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှုစေလွှတ်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်စေခြင်း၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ လက်ရည်စစ်ပြိုင်ပွဲများ၊ ခြေစမ်းပွဲများ အဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။
အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိပေးခြင်းသည်လည်း ပြိုင်ပွဲများ ကျင်းပပြီး မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန် များစွာအထောက်အကူပြုသည့်အတွက် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်းများတွင် အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာများအပါအဝင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အားကစားကွင်း၊ အားကစားရုံများ ဆောက်လုပ်ပေးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိခြင်းများ ဆောင်ရွက်သင့်ပါသည်။
ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းတစ်ဦးဖြစ်လာရန် အားကစားဆေးပညာနှင့်အားကစားစိတ်ပညာသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ အားကစားဆေးပညာရပ်ဆိုင်ရာ အာဟာရပညာရှင်များက ကစားသမားများကို အားကစားနည်းအလိုက် လိုအပ်သည့် ကယ်လိုရီပြည့်ဝအောင် ကျွေးမွေးမှု ရှိ မရှိ စစ်ဆေးအကြံပြုခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်း၊ တားမြစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်းများအပြင် ပြိုင်ပွဲအတွက် ကြိုပြင်ဆင်စားသောက်မှု၊ ပြိုင်ပွဲအတွင်းအင်အားဖြည့်တင်းမှု၊ ပြိုင်ပွဲအပြီးအာဟာရ ပြန်လည်ဖြည့်တင်းမှုများကိုလည်း အကြံပြုဆောင်ရွက်ပေးသင့်ပါသည်။ အားကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက်လည်း အားကစားစိတ်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်းနှင့် အကဲဖြတ်ခြင်း၊ ကစားသမားတစ်ဦးချင်းစီ၏ စိတ်ခံစားမှုများကို ဖော်ထုတ်ပြီးလိုအပ်ချက်များကို အကြံပြုတင်ပြခြင်း၊ ကူညီပံ့ပိုးဖြေရှင်းခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။
အားကစားသမားများ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်စေရန် အားကစားသုတေသနလုပ်ငန်းများသည်လည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာ ခေတ်မီအားကစားနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခြင်း၊ အားကစားဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပေးခြင်း၊ အားကစားနည်းအလိုက် နည်းစနစ်၊ နည်းဥပဒေများ တတ်ကျွမ်းနားလည်စေရန် ကူညီဆောင်ရွက်ပေးခြင်း၊ အားကစားနည်းအလိုက် နိုင်ငံတကာ စံချိန်၊ စံညွှန်းများအား စနစ်တကျပြုစုထားရှိခြင်း၊ ပြိုင်ဘက်အားကစားသမားများ၏ အားနည်းချက်၊ အားသာချက်အခြေအနေများ သိရှိရန်ဆောင်ရွက်ခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း၊ ခေတ်နှင့်အညီ နည်းပြလက်စွဲစာအုပ်များ ထုတ်ဝေခြင်း၊ အားကစားသုတေသနလက်စွဲစာအုပ်များ ထုတ်ဝေခြင်းနှင့် အားကစားသုတေသနစာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း စသည့် အားကစားသုတေသနလုပ်ငန်းများကို ဆောင်ရွက်သင့်ပါသည်။
အားကစားကဏ္ဍမြှင့်တင်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန် ကောင်းမွန်သည့် အုပ်ချုပ်ထောက်ပံ့မှုများလည်း လိုအပ်ပါသည်။ သက်ဆိုင်ရာအားကစားနည်းအလိုက် ဖွဲ့စည်းထားသည့် အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ အားကစားအဖွဲ့ချုပ်များက လူရွေးချယ်ရေးစီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များ ရေးဆွဲ၍ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ထိရောက်သည့် လေ့ကျင့်မှုများဖြစ်စေရန် စစ်ဆေးကြပ်မတ်ခြင်း၊ နည်းပြနှင့် ကစားသမားများ စည်းကမ်းကောင်းမွန်ရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ စိတ်အပန်းဖြေရေး၊ သက်သာချောင်ချိရေးများကို ဆောင်ရွက်ပေးခြင်း၊ အောင်ပွဲရအားကစားသမားများကို ထိုက်တန်သည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ အလုပ်နေရာခန့်ထားပေးခြင်း၊ နိုင်ငံတကာ အားကစားအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ အားကစားသင်တန်းများသို့ စေလွှတ်ခြင်း၊ နိုင်ငံတကာအားကစားတက္ကသိုလ်များသို့ အရည်အချင်းပြည့်မီသည့် လူငယ်များကို ပညာတော်သင်စေလွှတ်ခြင်း၊ နိုင်ငံတကာအဆင့်မီနည်းပြများ ခေါ်ယူငှားရမ်းအသုံးပြုခြင်း၊ အားကစားနည်းအလိုက် ကျွမ်းကျင်သည့် နည်းပြများ၊ ဒိုင်များ ပေါ်ထွက်လာရေးအတွက် ပြည်တွင်းသင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်ပသင်တန်းများသို့ စေလွှတ်ခြင်းများအပြင် အားကစားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှ နည်းပညာနှင့် အကူအညီများရယူ၍ အားကစားတက္ကသိုလ်ဖွင့်လှစ်သင်ကြားခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံလာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်သင့်သည့် အချက်များ
ယနေ့လူငယ်များသည် နောင်တစ်ခေတ်အတွက် လူကြီးများဖြစ်လာမည်။ ယနေ့လူငယ်များ အသိပညာ၊ အတတ်ပညာတိုးတက်ထူးချွန်ပါမှ ထိုလူငယ်များ လူကြီးဖြစ်လာသည့် အနာဂတ်ကာလတွင် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ အနာဂတ်ကို လက်ဆင့်ကမ်းမည့် မျိုးဆက်သစ်လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် စနစ်တကျပြုစုပျိုးထောင်ပေးပြီး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါသည်။ အသက်သုံးနှစ်မှ ငါးနှစ်အထိ မူကြိုအရွယ်တွင် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ငါးရပ်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြည့်အဝရရှိအောင် မူလတန်းကြိုကျောင်းများက လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုအတွက် မျိုးစေ့ချပေးသင့်ပါသည်။
ကာယဗလ - ကိုယ်၏စွမ်းအားနှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်နိုင်ရန်အတွက် ကလေးတစ်ယောက်သန္ဓေတည်ကတည်းက ကြီးထွားဖွံ့ဖြိုးမှုကိုရရှိရန် ကိုယ်ဝန်ဆောင်မိခင်များသည် အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ နေထိုင်သွားလာမှုဂရုစိုက်ခြင်းနှင့် လိုအပ်သည့် ကာကွယ်ဆေးများထိုးနှံခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝခံယူရမည်ဖြစ်ပါသည်။ ကလေးသန္ဓေတည်သည့် အချိန်မှစ၍ ဆယ်ကျော်သက်အရွယ်အထိ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဖြင့် ကလေးများ ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာမည်ဖြစ်သည်။ ကျောင်းနေသည့် အရွယ်တွင်လည်း အခြေခံပညာကျောင်းများမှစတင်၍ ပညာသင်ကြားခြင်းနှင့်အတူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အားကစားနည်း တစ်မျိုးမျိုးကို လေ့လာလိုက်စားနိုင်အောင်စီစဉ်ပေးစေခြင်း၊ အားကစားနည်းအလိုက် အခြေခံများကို စနစ်တကျ သင်ကြားပြသပေးခြင်း၊ အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားသရုပ်ပြပွဲများ၊ ကျောင်းသားအားကစားပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
လူငယ်များအနေဖြင့် ကာယဗလနှင့်ပြည့်စုံရန် လိုအပ်သကဲ့သို့ ဉာဏ်၏စွမ်းအားဖြစ်သည့် ဉာဏဗလဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါသည်။ ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များ မွေးထုတ်နိုင်ရန်အတွက် ပထမအရွယ်တွင် ပညာကို အပတ်တကုတ်ဆည်းပူးနိုင်အောင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အနိမ့်ဆုံးအဆင့် KG+9 အဆင့်ပြီးမြောက်အောင်မြင်အောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ပညာစွမ်းရည်မြင့်မားတိုးတက်အောင် ဆောင်ရွက်ရာတွင် အတန်းပညာများ မြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသာမက ငယ်စဉ်ဘဝကတည်းက မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာ စသည့်အခြေခံစိတ်ဓာတ်ကောင်းများ ကိန်းအောင်းလာစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရန် လူငယ်စကားဝိုင်းများ၊ လူငယ်တွေ့ဆုံပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာဗဟုသုတမျှဝေခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။
လူငယ်များသည် ကာယဗလ၊ ဉာဏဗလနှင့် ပြည့်စုံရုံသာမက စာရိတ္တဗလ - ကိုယ်ကျင့်တရား ကောင်းမွန်သူများ ဖြစ်လာရန်လည်း အရေးကြီးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုအဆင့်အတန်းသည် လူငယ်များ၏ အကျင့်စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရာအမြင်များဖြင့် ကိုယ်စားပြုဖော်ပြခြင်းဖြစ်ရာ မျိုးဆက်သစ်လူငယ်များ အကျင့်စာရိတ္တမြင့်မားရေး၊ ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ် စည်းကမ်းကောင်းမွန်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေး၊ အများအကျိုးဆောင်ရွက်လိုသည့် ပရဟိတစိတ်များ ဖွံ့ဖြိုးလာစေရေးတို့အတွက် စာသင်ကျောင်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို စနစ်တကျသင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်သင့်သကဲ့သို့ ကျင့်ဝတ်၊ နီတိဆိုင်ရာ အသိပညာပေးဟောပြောပွဲများလည်း ကျင်းပပေးသင့်ပါသည်။
ထို့ပြင် မိတ္တဗလ- မိတ်ကောင်းရှိခြင်း၏ စွမ်းအားနှင့် ပြည့်စုံမှုရှိခြင်းသည်လည်း လူငယ်များ၏ အောင်မြင်တိုးတက်ရေးကို အထောက်အကူပြုနိုင်သည်ဖြစ်ရာ အခြေခံကျောင်းများမှစတင်၍ ဆရာ ဆရာမများက လူငယ်များကို ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သဟဇာတဖြစ်စွာနေထိုင်တတ်ရန်၊ အခက်အခဲစိန်ခေါ်မှုပြဿနာများကို ပူးပေါင်းဖြေရှင်းတတ်ရန်၊ စေတနာ့ဝန်ထမ်းနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်တတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သဖြင့် ကျပန်းစကားပြောပွဲများ၊ စကားရည်လုပွဲများ၊ အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်း၊ လူရည်ချွန်လူငယ်၊ ကင်းထောက်လူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်နှင့် ကြက်ခြေနီလူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။
ဘောဂဗလ ဟူသည့် ဥစ္စာပေါများခြင်း၏ စွမ်းအားနှင့် ပြည့်စုံစေရန်အတွက် လူငယ်များသည် ငွေအကြောင်း၊ ငွေ၏ တန်ဖိုးကို သိရမည်။ ငွေကို စီမံခန့်ခွဲတတ်ရမည်။ ငွေကို စုဆောင်းတတ်ရမည်။ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာများ၊ ငွေကြေးဆိုင်ရာ အခြေခံအသိပညာများ၊ စီးပွားရေးဆိုင်ရာ အခြေခံအသိပညာများ၊ စွန့်ဦးစီးပွားဆိုင်ရာ အခြေခံအသိပညာများကို အခြေခံပညာအလယ်တန်းအဆင့် သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးသင့်ပါသည်။ ထို့ပြင် စီးပွားရေးအသိပညာဖြန့်ဝေသည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ စွန့်ဦးတီထွင်ဖန်တီးသူများကို မြေတောင်မြှောက်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်း၊ အလယ်တန်း၊ အထက်တန်းအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များက တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းများတွင် ဟောပြောပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ကျောင်းဆရာ ဆရာမများသည် လူငယ်များကို ပညာသင်ကြားပေးရုံသာမက အတွေးအမြင် လှပအောင်၊ အကောင်းအဆိုး၊ အမှားအမှန်ခွဲခြားဝေဖန်တတ်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ စည်းကမ်းတကျနေတတ်အောင် ပထမဆုံးပန္နက်ချ လေ့ကျင့်ပြုစုပျိုးထောင်ပေးရသူများ ဖြစ်သည့်အတွက် ဆရာ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးသင့်ပါသည်။
ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို စိတ်ပါဝင်စားစွာ ဆောင်ရွက်လာသည်နှင့်အမျှ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်လာမည်ဖြစ်သည်။ ထို့အတူ နိုင်ငံအတွင်း ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်အများအပြား မွေးထုတ်ပေးနိုင်မည်ဆိုပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။ ။
Source- www.moi.gov.mm

လူ့လောကကြီးတွင် လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်အချိန်မှစ၍ လူသားတိုင်းတွင် လူသားတစ်ဦး၏ အခွင့်အရေး အပြည့်အဝရှိပေသည်။

လူသားတစ်ဦး၏ အခွင့်အရေးကို အတင်းအဓမ္မ ဖျက်ဆီးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့လူ့အခွင့်အရေး ချိုးဖောက်ခြင်းများထဲတွင် လူကုန်ကူးမှု နည်းလမ်းမှာ အဆိုးရွားဆုံးသော လုပ်ရပ်ပင်ဖြစ်ပေသည်။ လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲကိုယ်ချင်းစာတရား ကင်းမဲ့စွာပြုမူခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားတော်၌ပင် ရောင်းဝယ်ဖောက်ကားခြင်း မပြုအပ်သော အရာများတွင်လူကုန်ကူးမှုဟူသော ဇာတ်တူသားချင်း ရောင်းဝယ်ခြင်းကို မပြုအပ်ကြောင်း မိန့်ကြားတော်မူခဲ့ပေသည်။
ဇာတ်တူသားချင်းရောင်းဝယ် ဖောက်ကားသောလူကုန်ကူးမှုသည် မိမိအတွက်လည်း ဒုစရိုက်အကုသိုလ်ကိုဖြစ်စေသကဲ့သို့ သူတစ်ပါးကိုလည်း ဒုက္ခဆင်းရဲဖြစ်စေသည်ကို သတိပြုသင့်ကြပေသည်။
လူကုန်ကူးမှုဆိုသည်မှာ
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန် အလို့ငှာခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုမူခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေးပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း နည်းလမ်းများဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းတို့ပြုလုပ်ခြင်းကို ဆိုလိုသည်။
လူကုန်ကူးမှုပုံစံအမျိုးမျိုး
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပုံစံများတွင် အဓမ္မအလုပ်ခိုင်းစေမှု၊ အဓမ္မထိမ်းမြားမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းတို့အပြင် ကလေးသူငယ်များအား အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အငှားကိုယ်ဝန်ဆောင်ခိုင်းခြင်း၊ ကျွန်ပြုခြင်း စသည့်လူကုန်ကူးမှု ပုံစံအသစ်များကို တွေ့ရှိလာရသည်။ တချို့သော လူကုန်ကူးမှုများသည် နှစ်ဦးနှစ်ဖက် သဘောတူ၍သော်လည်းကောင်း၊ အုပ်ထိန်းသူများ၏ သဘောတူမှုကြောင့်သော် လည်းကောင်း လူကုန်ကူးမှုကို အထမြောက်အောင်မြင်သွားသည့် ပုံစံမျိုးကိုလည်း တွေ့ရှိရပေသည်။
လူကုန်ကူးမှုပြဿနာသည် ၂၀ ရာစုနှောင်းပိုင်းတွင် ခေတ်သစ်ကျေးကျွန်စနစ် အသွင်ဖြင့်ပြန်လည် ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုလည်းဖြစ်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ
လူကုန်ကူးမှုများသည် ပုံသဏ္ဌာန်နည်းလမ်းမျိုးစုံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိပြီး လူကုန်ကူးမှု၏ဒဏ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခံနေရကြောင်းတွေ့ရှိရသည်။ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုများ မြင့်တက်လာခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းသော လူအုပ်စုများအကြား၌ ပိုမို၍ အန္တရာယ်ကြီးမားလာခဲ့သည်။ ၅၀ ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြသည်။
ပြည်တွင်းလူကုန်ကူးမှုသည် ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းသာရှိပြီး ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းသည် ပြည်ပသို့လူကုန်ကူးမှုများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လူကုန်ကူးခံရသူ ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ မိမိတို့နိုင်ငံမှ အသက်ငယ်ရွယ်သည့် မိန်းကလေးများနှင့် အဓမ္မထိမ်းမြား လက်ထပ်ရန်အတွက် ပွဲစားများမှ စည်းရုံးခေါ်ဆောင်ခြင်း၊ အငှားကိုယ်ဝန်ဆောင်စေခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်လုပ်ငန်းများတွင် အဓမ္မလုပ်အား ခေါင်းပုံဖြတ်ခိုင်းစေခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲသူများအပေါ် ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ SocialMedia ကို အသုံးပြု၍ စည်းရုံးခေါ်ဆောင် ရောင်းစားခြင်းစသည့် လူကုန်ကူးမှုပုံစံများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ အဓမ္မစေခိုင်းမှု မှုခင်းများသည် ၆၁ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အဓမ္မပြည့်တန်ဆာအဖြစ် စေခိုင်းမှု ၂၂ ဒသမ ၂၂ရာခိုင်နှုန်းရှိကာ အဓမ္မလက်ထပ်မှု ၁၁ ဒသမ ၁၁ ရာခိုင်နှုန်းနှင့် အဓမ္မမွေးစားမှု ၅ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်
မြန်မာနိုင်ငံသည် လူကုန်ကူးမှုပုံစံ အမျိုးမျိုးကို ပြစ်မှုအဖြစ်ပြဋ္ဌာန်း၍ ၁၉၉၇ ခုနှစ်ကတည်းကပင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တားဆီးကာကွယ်ခဲ့သည်။ လူကုန်ကူးမှု မှုခင်းများ တားဆီးကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှုမှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက်စီမံချက်များချမှတ်ကာ ဟန်ချက်ညီ ဆောင်ရွက်လျက်ရှိသည်။
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် စက်တင်ဘာလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ်မှစတင်၍ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါပျံ့နှံ့လာမှုများကြောင့် အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Online Campaign များကို ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံသည်လူကုန်ကူးမှု မှုခင်းများ တိုက်ဖျက်ရေး အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ခေတ်စနစ်နှင့် အညီဖြစ်စေရန် ပြင်ဆင်၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေအဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင် ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု မှုခင်းများအား တရားစွဲဆိုရေး လုပ်ငန်းများကို (၅) နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အပိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများဆိုင်ရာ စာမျက်နှာကုလသမဂ္ဂ ကွန်ဗင်းရှင်းအပါအဝင် နောက်ဆက်တွဲစာချုပ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်နှင့် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြုပြီး ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုပို့ဆောင်ခြင်း ကျူးလွန်သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းအားတိုက်ဖျက်ရေး နောက်ဆက်တွဲစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မဲခေါင်ဒေသတွင်းခြောက်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း၊ လူကုန်ကူးမှုတိုက်ဖျက်ခြင်းဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း၊ မြန်မာ-တရုတ်/မြန်မာ-ထိုင်း/မြန်မာ-လာအို/မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
IT နည်းလမ်းဖွံ့ဖြိုး တိုးတက်လာမှုအပေါ် လူကုန်ကူးမှုကျူးလွန်သူများက အမြတ်ထုတ် အသုံးချနေမှုများကလည်း တားဆီးနှိမ်နင်းရေး ကဏ္ဍများအတွက် စိန်ခေါ်မှုများစွာဖြစ်ပေါ်လျက်ရှိသည်။
အရွယ်ရောက်သူများသာမက ကလေးသူငယ်များကိုပါ လူကုန်ကူးမှုပြုလာကြသည်။ အနာဂတ်မျိုးဆက်များ ပျက်သုဉ်းမှုကိုပါ ဦးတည်လာကြသည်။
ထို့ကြောင့် လူကုန်ကူးမှုကာကွယ် တိုက်ဖျက်ရေးတွင် ပြည်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်လျက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်(၄) ရပ်ဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ကို အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
Source- Myawady Webportal

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။ ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊ လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာ
နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။ ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊ လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံတော်လုံခြုံရေးမှာ ပြည်သူတွေပါဝင်လာတဲ့ အခါ တပ်အပေါ် ပြည်သူ့ဘက်ကခံစားချက်၊ ပြည်သူ့အပေါ် တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာနာမှုတွေနဲ့အတူ နီးစပ်မှု ပိုမိုရှိလာကြတော့မှာဖြစ်ပါတယ်။ ပြည်သူအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာစစ်ဘက်နဲ့အရပ်ဘက်အကြားလူမှုပေါင်းကူးတံတား (Civil-military Social Bridge)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
ဒါ့ကြောင့်လည်း ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်ရပ်ကို စတင်အာဏာတည်ခဲ့တာဟာ နိုင်ငံအတွက် အလွန်ပဲကောင်းမွန်လှပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အခုမှပြဋ္ဌာန်းခြင်း မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီးသားပါ။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလမှာ ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ အခုအချိန်အခါမှာမှ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။ စစ်မှုမထမ်းမနေရ ကျင့်သုံးတဲ့နိုင်ငံ၊ ဥပဒေကိုပြဋ္ဌာန်းထားပြီး တာဝန်ထမ်းဆောင်ရခြင်း မရှိသေးတဲ့ နိုင်ငံတွေရှိသလို ဥပဒေနဲ့အညီ မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်း ရှိတာတွေ့ရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်ပြောရရင် နိုင်ငံတော်အတွက် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။ တပ်မတော်ဆိုတာ အမြဲရှိနေရမယ်။ တပ်မတော်မှာ ဝင်ရောက်စစ်မှုထမ်းသူတွေ စဉ်ဆက် မပြတ်ရှိနေရမယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလို့ စာရေးသူတွေးမြင် မိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ၊ နိုင်ငံတော် ကိုကာကွယ်ကြရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒီထက်ပိုပြီး သေချာအောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈၃ မှာ ‘‘နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စု မပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’’ ဆိုပြီးပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။
ပုဒ်မ ၃၈၅ မှာ‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်’’ လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူပါပဲ။
ပုဒ်မ ၃၈၆ မှာ ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’ လို့လည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုတာ ပြဋ္ဌာန်းထားမှ မဟုတ်ပါဘူး။ ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ဟာ လူငယ်တိုင်းမှာရှိထားရမယ့် စိတ်ထားဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့် လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည် နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေ စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုနဲ့ ယုံကြည်မှု၊ ဇွဲလုံ့လဝီရိယနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းကနေ ရရှိလာတဲ့အတွေ့အကြုံနဲ့ အသိပညာဟာ အနာဂတ်လူငယ်တွေရဲ့ ဘဝရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေး ထားပါတယ်။ ထုတ်နုတ်ပြောရရင် စစ်မှုတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့စရိတ်ရရှိမယ်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်ခဲ့ရင် တာဝန်ထမ်းဆောင်ခြင်းနဲ့ အကျုံးဝင်ရင် တပ်မတော်မှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေရရှိပါမယ်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့ရင် မူလအလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း အလုပ်ရှင်က ခန့်ထားရပါမယ်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်တဲ့အခါမှာ မိမိသဘောဆန္ဒအရ တပ်မတော်ကိုဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ စစ်မှုထမ်းခွင့်ပြုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့ အခါအားလျော်စွာ သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တာပါပဲ။
နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမယ့်လူငယ်များ အနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာတဲ့အခါ သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ မိမိရဲ့ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံ့သားကောင်း တို့ရဲ့ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြတော့မှာဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေဆိုတာ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံး မိမိနိုင်ငံကို ကာကွယ်ဖို့တာဝန် ရှိတယ်။ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးအတတ်ပညာတွေ တတ်ရမယ်...ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်ကြတဲ့ မျိုးချစ်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အရေးကြီးတော့ သွေးနီးသည် ဆိုစကားအတိုင်း အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းနေကြပါပြီ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့ စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်းတို့နဲ့အတူ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုရှိတဲ့ သားကောင်းရတနာများ အဖြစ် ဂုဏ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုတာ တကယ့်ကိုမွန်မြတ်လှတဲ့ တာဝန်ဖြစ်တာကြောင့်ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးမြောက်သူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်လျက် ရှိသူများအားလုံးကို ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ပါတယ်။ ။
Source-Myawady Webportal