အမေရိကန်နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း ထရမ့် ကြေညာ

News Image

  • အမေရိကန်နှင့် ဖိလစ်ပိုင် ကုန်သွယ်ရေးသဘောတူညီချက်ရရှိကြောင်း ထရမ့် ကြေညာ

အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ မားကို့စ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၂ ရက်တွင် ဆိုရှယ် မီဒီယာ ၌ ရေးသားဖော်ပြ၍ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်အပေါ် ဈေးကွက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှမူ ဖိလစ်ပိုင်မှ တင်သွင်းသည့် ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း ထရမ့်က ဆိုခဲ့သည်။

ထရမ့်သည် အဆိုပါနေ့ နံနက်ပိုင်းတွင် အိမ်ဖြူတော်၌ မားကို့စ်နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းထုတ်ပြန်ချိန်အထိ အိမ်ဖြူတော်က အဆိုပါကုန်သွယ်ရေးသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ထရမ့်သည် ဇူလိုင် ၉ ရက်တွင် မားကို့စ်ထံ စာပေးပို့ခဲ့ပြီး ဩဂုတ် ၁ ရက်မှစ၍ ဖိလစ်ပိုင်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းစည်းကြပ်ခွန်များကို ဧပြီလဆန်းတွင် ကြေညာခဲ့သော ၁၇ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဖြစ်ကြောင်းဆိုခဲ့သည်။ 

ကိုးကား -ဆင်ဟွာ