အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်း ထရမ့်၏ အခွန်စည်းကြပ်မှုခံရမည်

News Image

  • အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်း ထရမ့်၏ အခွန်စည်းကြပ်မှုခံရမည်

အမေရိကန်သို့ တင်ပို့နေသည့် အိန္ဒိယကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်းခန့်မှာ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှု ခံရမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဩဂုတ်လ ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုကို ပြစ်ဒဏ်ခတ်သည့်အနေဖြင့် ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယကုန်ပစ္စည်းများ အပေါ် ထပ်လောင်းအခွန် ၂၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပါသည်။ သို့ဖြစ်ရာ အမေရိကန်သို့ တင်ပို့သည့် အိန္ဒိယပို့ကုန်များအပေါ် ကောက်ခံသည့် အခွန်နှုန်းမှာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန် ကုန်သွယ်ဖက်နိုင်ငံများတွင် အမြင့်ဆုံးအဆင့်ဖြစ်လာပါသည်။

ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်မှုကြောင့် အိန္ဒိယ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်း အပါ အဝင် သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် ပဉ္စမအကြီးဆုံး စီးပွားရေးအင်အားကြီး အိန္ဒိယတို့အကြား ကုန်သွယ်မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံခန့် ရှိကြောင်း အိန္ဒိယအစိုးရ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။

ကိုးကား- CNA

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd- Reuters