ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ မိုးသီးနှံစုံ(၃၉၈၀)ဧက စိုက်ပျိုးပြီးဖြစ်

News Image

  • ကျောက်ဆည်မြို့နယ် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌  မိုးသီးနှံစုံ(၃၉၈၀)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ဩဂုတ်-၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်၊ မိုးရေသောက် စနစ်၊ မြေအောက်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသီးနှံမျိုးအား ရေရရှိမှုအပေါ်မူတည်၍ နေရာဒေသနှင့် ရေမြေ အလိုက် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် သင်းတွဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်း၌ မိုးသီးနှံစုံ (၃၉၈၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ 

သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ရဲယမန်း ကျေးရွာအုပ်စုများပါဝင်ပြီး မိုးသီးနှံစုံစိုက်ပျိုးရာ၌ ဖူးစားပြောင်း(၃၅၈)ဧက၊ ငရုတ်(၁၈၈)ဧက၊ နနွင်း(၉၁)ဧက၊  ချည်မျှင်ရှည်ဝါ (၁၈၇၄) ဧက၊ ကွမ်းရွက် (၁၄) ဧက၊ ဟင်းသီး/ ဟင်းရွက် (၁၈၈) ဧက၊ ကျွဲ၊ နွားစာ (၁၂၆၇) ဧက စုစုပေါင်း (၃၈၉၈) ဧက စိုက်ပျိုးနိုင်ကြောင်း သိရသည်။

စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့က တောင်သူများအား သွင်းအားစုများ သက်သာရေး သဘာဝ မြေဆွေးပြုလုပ်သုံးစွဲနည်းများ ဖြန့်ဝေခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များအသိပညာပေးခြင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

သက်မောင်(ကျောက်ဆည်)