Apple က iphone ဈေးကွက်ရရှိရန် အင်ဒိုနီးရှားတွင် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
ဂျကာတာ ဒီဇင်ဘာ ၁၁
Apple က ၎င်း၏ နောက်ဆုံးထွက် iphone ၁၆ မော်ဒယ်အတွက် ဈေးကွက်ရရှိရန် ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့သည်ဟု ဝန်ကြီးတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ရိုဆန်ရိုဆလန်နီက အဆိုပြုရင်းနှီးမြှုပ်နှံမှုပုံစံနှင့် ရောင်းချသူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားပြီး Apple နှင့် စာတိုပေးပို့သည့် အက်ပလီကေးရှင်းများမှတစ်ဆင့် ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဆက်သွယ်ဆွေးနွေးမှုများသည် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Apple သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ၂၀၂၆ အစောပိုင်းတွင် စတင်ရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားအစိုးရက Apple ကုမ္ပဏီအား ခမ်စောစောစရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆင်ဟွာ
Source- မြန်မာ့အလင်းသတင်းစာ