ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိ
24 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလူကျေးရွာအနီး၌ မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး မောင်းနှင်ပြီး ကျဝေ လိုက်ပါလာသော SHN-12/1S-XXXX ISUZU အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၈,၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအနီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA