ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
14 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ကျေးရွာ၊ ကြက်ဖြူကန်ကားမှတ်တိုင်အနီး၌ အောင်ပြည့်ဖြိုးကျော်(ခ)အောင်အောင်(၃၃)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄၀) ဖမ်းဆီးရမိသဖြင့် အောင်ပြည့်ဖြိုးကျော်(ခ)အောင်အောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category