တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

14 August 2025

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရေပုန်းရပ်ကွက်၊ အထက်ရေပုန်းရပ်၊ စပါးရွှေဝါလမ်းမပေါ်၌ ထက်လှိုင်မြင့်(ခ)ကိုထက်(၃၉)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၉၅၀ ပြား(တစ်ပြားလျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၉၈ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် ထက်လှိုင်မြင့်(ခ)ကိုထက် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA