ဘာစီလိုနာအသင်းက ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆို

News Image

  • ဘာစီလိုနာအသင်းက ဝေဖန်မှုများ ရှိနေသည့်ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆို

ဘာစီလိုနာ  သြဂုတ်  ၁

ဘာစီလိုနာအသင်းက ဝေဖန်မှုများရှိနေသည့် ကြားမှ ဒီမိုကရက်တစ်ကွန်ဂိုအစိုးရနှင့် ယူရို ၄၄ သန်းတန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ကြောင်း အတည် ပြုကြေညာသည်။

ဘာစီလိုနာအသင်းသည်  အစောပိုင်းနှစ်များက အသင်းဘဏ္ဍာရေးပိုင်းအခက်အခဲများရှိနေပြီး အသင်း ဝင်ငွေများစွာရရှိရန်        လိုအပ်နေသည့်အတွက် စပွန်ဆာစာချုပ် ချုပ်ဆိုကာ    အသင်းဝင်ငွေမြင့် တက်လာရန် ကြိုးပမ်းခဲ့ရာမှ    လက်ရှိတွင်လည်း ဝေဖန်မှုများမြင့်တက်နေသည့်ကြားမှ ဒီမိုကရက်တစ် ကွန်ဂိုအစိုးရနှင့်   စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။

ဒီမိုကရက်တစ်ကွန်ဂိုအစိုးရသည်  ပြည်တွင်းရေး ပြဿနာများလည်းရှိနေသည့်အတွက် ဝေဖန်မှုများ နှင့်ရင်ဆိုင်နေရသော်လည်း ဘာစီလိုနာအသင်းက ယူရို  ၄၄ သန်းတန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ဝေဖန်မှုများမြင့်တက်လာခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ကွန်ဂိုအစိုးရသည်    ရဝမ်ဒါနိုင်ငံ အစိုးရကျောထောက်နောက်ခံအုပ်စုတစ်ခုဖြစ်သည့် Visit Rwanda ကဲ့သို့ဖြစ်ပြီး လက်ရှိတွင် Visit Rwanda ကဲ့သို့ပင် ဥရောပထိပ်တန်း ဘောလုံးကလပ်အသင်း တစ်သင်းကို စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက ဘာစီလိုနာအသင်းနည်းတူ ထိပ်တန်းကလပ်အသင်း တစ်သင်းဖြစ်သည့် အာဆင်နယ် အသင်းသည်လည်း ရဝမ်ဒါနိုင်ငံကျောထောက်နောက်ခံ ဖြစ်သည့် Visit Rwanda နှင့် စပွန်ဆာစာချုပ်ချုပ်ဆို ပြီးနောက်   ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင်လည်း ဘာစီလိုနာအသင်းက ဒီမိုကရက် တစ်ကွန်ဂိုအစိုးရနှင့်  စာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် Visit Rwanda သည် အာဆင်နယ် အသင်းအပြင် တခြားထိပ်တန်းကလပ်အသင်းကြီး များဖြစ်သည့်  ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ် ဂျီအသင်းတို့နှင့်လည်း  စပွန်ဆာစာချုပ်များချုပ်ဆို ထားခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်   ဒီမိုကရက်တစ်ကွန်ဂို အစိုးရနှင့်   စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့သည့်အတွက် ၎င်းတို့အသင်း၏         လေ့ကျင့်ရေးဝတ်စုံများတွင် ဒီမိုကရက်တစ်ကွန်ဂိုအစိုးရ၏      လိုဂိုစာတန်းကို     ထည့်သွင်း ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

Ref;Goal.com

 MWD Web Portal