အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိမှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်း ဂါရာပြည်နယ်ရှိ လီဝိုတိုဘီလာကီလာကီမီးတောင်သည် ဩဂုတ်လ ၁ ရက်ညပိုင်းနှင့် ၂ ရက်နံနက်ပိုင်းတို့တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းနှင့် မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း ဒေသတွင်း တာဝန်ရှိသူများကပြောသည်။
ပထမအကြိမ် မီးတောင်ပေါက်ကွဲမှုက ဩဂုတ်လ ၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပြာများကို ၁၀ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း၊ ဒုတိ ယအကြိမ်မီးတောင်ပေါက်ကွဲမှုမှာ ဩဂုတ် လ ၂ ရက်နံနက် ၁ နာရီ ၂၆ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ကာ ပြာများကို ၁၈ ကီလိုမီတာ အမြင့်အထိမှုတ်ထုတ်ကြောင်း မီးတောင် နှင့်ဘူမိအန္တရာယ် လျော့ပါးရေးစင်တာ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဒေသခံများနှင့်ခရီးသွားများ အနေဖြင့် မီးတောင်အဝမှ အချင်း ၆ ကီလိုမီတာ ပတ်လည်တွင်နေထိုင်ခြင်း မပြုရန် တာဝန် ရှိသူများက တိုက်တွန်းထားသည်။
အလားတူ ကျေးရွာများရှိပြည်သူများ အနေဖြင့်လည်း မိုးရွာသွန်းမှုများဖြစ်ပွား နေသည့်အတွက် အဆိုပါမိုးနှင့်အတူမီးတောင်ပြာမှုန်များရော၍ ရွှံ့ရည်ဖုံးလွှမ်းမှု များဖြစ်ပွားနိုင်ကြောင်းနှင့် ပြည်သူများ အနေဖြင့် မီးတောင်ပြာမှုန်များကို မရှူမိ စေရေးအတွက် နှာခေါင်းစည်းများကိုတပ် ထားရန် တာဝန်ရှိသူများက အကြံပြုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
MWD Web Portal