လျှပ်စစ်စွမ်းအင်သုံး GLC ကိုထုတ်ဖော်ပြသလာမယ့် Mercedes-Benz
Mercedes-Benz ဆိုတာ ကမ္ဘာကျော်တဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ဒီနောက်ပိုင်းမှာ Mercedes-Benz ရဲ့ဂုဏ်သိက္ခာကို ပိုမိုထိန်းသိမ်းပေးလာတဲ့အရာက ဓာတ်ဆီစွမ်းအင်သုံး GLC ပါပဲ။ GLC က Mercedes-Benz ကုမ္ပဏီရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံး ကားအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တာပါ။ သူက Mercedes Benz ကို ပိုမိုကျော်ကြားအောင် လုပ်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။
အခုတော့ Mercedes-Benz ကုမ္ပဏီက သူတို့ရဲ့ ကျော်ကြားမှုကို လျှပ်စစ်စွမ်းအင်သုံးမော်တော်ကား တွေဆီဦးလှည့်လာပါပြီ။ ဒီလိုမျိုးဦးလှည့်လာချိန်မှာ သူတို့ရဲ့အရောင်းရဆုံး မော်တော်ကားဖြစ်တဲ့ GLC ကိုလျှပ်စစ်စွမ်းအင်သုံးကားအဖြစ် ပြောင်းလဲခြင်း အားဖြင့် ဦးလှည့်လာတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာလုပ်တဲ့ IAA MOBILITY 2025 ပြပွဲမှာ Mercedes-Benz က သူတို့အနေနဲ့ဆန်းသစ်ထားတဲ့ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံး GLC ကားများကို ထုတ်ဖော်မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။ အဲဒီ မှာ သူတို့ကပဲ ပွဲကိုဦးဆောင်သွားမယ့် အခြေအနေရှိပါတယ်။
တကယ်တော့ ဈေးကွက်ထဲမှာ နာမည်ရပြီးသား၊ အောင်မြင်ပြီးသားကားတစ်စီးကို လျှပ်စစ်စွမ်းအင် သုံးကားအဖြစ်ပြောင်းလဲပြီး ဈေးကွက်ပြန်တင်ဖို့ ဆိုတာ သိပ်ကိုကြီးမားတဲ့ အလောင်းအစားတစ်ခုပါ။ ဒါပေမဲ့ Mercedes-Benz ကုမ္ပဏီကတော့ သူတို့ရဲ့ အခုမော်ဒယ်အသစ်ဟာ သူ့ရဲ့အမှတ်တံဆိပ်အတွက် မျက်နှာသစ်ဖြစ်တဲ့အပြင် ခိုင်မာတဲ့လျှပ်စစ်စွမ်းအင် သုံးအနာဂတ်ဆီ ဦးတည်လျှောက်လှမ်းသွားမှာဖြစ် တယ်လို့ ဆိုထားပါတယ်။
Mercedes-Benz ကုမ္ပဏီက သူတို့အနေနဲ့လျှပ် စစ်စွမ်းအင်သုံးကားများစွာကိုလည်း ထုတ်လုပ်ထား ပြီးပါပြီ။ ဒါကြောင့် အခုပွဲမှာ အလုံးစုံအသစ်အဆန်း ဖြစ်တဲ့ CLA အမျိုးအစားမော်တော်ကားကိုလည်း ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ IAA MOBILITY 2025 ပြပွဲကိုတော့ စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက် အထိကျင်းပသွားမှာဖြစ်ပါတယ်။
MWD Web Portal