ယူကရိန်းအနေဖြင့် စစ်ဖက်ဆိုင်ရာပစ္စည်းကိရိယာများ၊ လက်နက်များ၊ ခဲယမ်းများ ထုတ်လုပ်မှု အများအပြား ဆုံးရှုံးသွားရကြောင်း ရုရှားကာကွယ်ရေးအကြီးအကဲ ပြောကြား

News Image

  • ယူကရိန်းအနေဖြင့် စစ်ဖက်ဆိုင်ရာပစ္စည်းကိရိယာများ၊  လက်နက်များ၊ ခဲယမ်းများ ထုတ်လုပ်မှု အများအပြား ဆုံးရှုံးသွားရကြောင်း  ရုရှားကာကွယ်ရေးအကြီးအကဲ ပြောကြား

ရုရှားစစ်တပ်၏ တိကျသောလက်နက်များဖြင့် တိုက်ခိုက်မှုကြောင့်  ယူကရိန်းတို့၏ ကာကွယ်ရေး ထုတ်လုပ်မှုဆိုင်ရာအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစနစ်များ သိသိသာသာ ပျက်စီးသွားရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးတွင် ပြောကြား လိုက်သည်။

ယူကရိန်းတို့အတွက် မရှိမဖြစ်လိုအပ်သည့် စစ်ဖက်သုံး ကိရိယာများ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များ ထုတ်လုပ်နိုင်စွမ်း အများကြီးဆုံးရှုံးသွားကြောင်း ယခု နှစ်အတွင်း ယူကရိန်းလက်နက်နှင့် စစ်ဖက်အသုံး အဆောင်ကိရိယာ ၅၈,၀၀၀ ကျော်နှင့် နိုင်ငံခြားထုတ် စစ်ဖက်အသုံးအဆောင် လက်နက်ပစ္စည်း ၁၈,၀၀၀ ကျော် ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရှိရသည်။ 

ကိုးကား -  TASS

Photo- The New York Times