ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတု လက်နက်ကာကွယ်ရေးတပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့သေဆုံး

News Image

  • ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတု လက်နက်ကာကွယ်ရေးတပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့သေဆုံး

ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ရုရှားတပ်မတော်၏ နျူကလီးယား၊ ဇီဝနှင့် ဓာတုလက်နက်ကာကွယ်ရေး တပ်ဖွဲ့ (NBC) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov နှင့် ၎င်း၏ လက်ထောက်တို့ သေဆုံးခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါသည်။

စကူတာတွင် ကွယ်ဝှက်၍ တပ်ဆင်ထားသည့် ကိရိယာတစ်ခုပေါက်ကွဲမှုကြောင့် NBC ကာကွယ်ရေး တပ်ဖွဲ့ အကြီးအကဲ Igor Kirillov သေဆုံးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးမှူးများသည် ပေါက်ကွဲမှုဖြစ်ပွားသည်ဟု သံသယရှိသည့် စကူတာတစ်စီးအားစစ်ဆေးရန်အတွက် ယူဆောင်စစ်ဆေးလျက်ရှိကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားပါသည်။

NBC ကာကွယ်ရေးတပ်များ၏ အကြီးအကဲနှင့် ၎င်း၏ လက်ထောက်တို့သည် လူနာတင်ယာဉ်မရောက်လာမီ သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

ပေါက်ကွဲမှုကြောင့် တိုက်ခန်းများတွင် ပြတင်းပေါက်များ ကွဲအက်ကာ ကားအများအပြား ပျက်စီးခဲ့သည်။ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များသည် လက်ရှိတွင် အနီးပတ်ဝန်းကျင်ကို စစ်ဆေးလျက်ရှိကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ကိုးကား - Reuters