၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ ဒေါ်လာ ၁၃၅ ဘီလီယံဆုံးရှုံး
၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းဖြစ်ပွားသော သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးအရဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိရှိကြောင်း အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Swiss Re ကုမ္ပဏီက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်၏ ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့်ဆုံးရှုံးမှုပမာဏသည် ဒေါ်လာ ၁၂၃ ဘီလီယံသာရှိသည့် အတွက် ယခုနှစ်တွင်ဆုံးရှုံးမှုပမာဏက ပိုမိုများပြားလာခြင်းဖြစ်သည်ကိုတွေ့ရှိရသည်။
ယခုနှစ်ဇန်နဝါရီလတွင် ဖြစ်ပွားသော လော့အိန်ဂျလိမြို့၌ တောမီးလောင်မှုက ဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပြီး အာမခံ ကုမ္ပဏီများအနေဖြင့် ဒေါ်လာဘီလီယံ ၄၀ အထိပေးလျော်ရကြောင်း Swiss Re ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မတ်လတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားသော ငလျင်လှုပ်ခတ်မှုသည်လည်း ယခုနှစ်၏ ပထမခြောက်လအတွင်း ဆုံးရှုံးမှု အများဆုံးသော သဘာဝဘေးတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကိုပင် ရိုက်ခတ်
စေခဲ့သည့် ထိုငလျင်ကြောင့် ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် အာမခံကုမ္ပဏီများအနေဖြင့် ဒေါ်လာ တစ်ဘီလီယံခွဲအထိ လျော်ကြေးပေးရသည်ဟု Swiss Re ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ပုံမှန်အားဖြင့် မြောက်အတ္တလန္တိတ် ဟာရီကိန်းရာသီဖြစ်သည့် ဒုတိယနှစ်ဝက်ကာလတွင် ဆုံးရှုံးမှုပမာဏ ပိုမိုများပြားလေ့ရှိကြောင်း အာမခံကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: AGC
MWD Web Portal