တစ်နာရီမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကိုတိုက်ခိုက်မယ့် CobraJet

News Image

  • တစ်နာရီမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကိုတိုက်ခိုက်မယ့် CobraJet

ကော်လိုရာဒိုပြည်နယ်မှာ အခြေစိုက်တဲ့ SkyDefence ကုမ္ပဏီက CobraJet ဆိုတဲ့ မျိုးဆက်သစ်မောင်းသူမဲ့ လေယာဉ်တစ်မျိုးကို ထုတ်ဖော်မိတ်ဆက် လိုက်ပါတယ်။    အဲဒီမောင်းသူမဲ့လေယာဉ်က ရန်သူ့ဒရုန်းတွေကို အလွန်မြန်ဆန်တဲ့အမြန်နှုန်း၊ အလွန်ကောင်းမွန်တဲ့ တိကျမှုတို့နဲ့အတူ ကြားဖြတ်တိုက်ခိုက်နိုင်မှာပါ။

ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်တဲ့ CobraJet မောင်းသူမဲ့လေယာဉ်က ပုံစံ အားဖြင့် F-35B လိုမျိုးဖြစ်ပါတယ်။ သူ့မှာ VIPER ဆိုတဲ့ ဝေဟင်မှဝေဟင်ပစ်ဒုံးများ၊ PYTHON ဆိုတဲ့   ဓာတ်လိုက်စေသော ကိရိယာများ တပ်ဆင်ထားပါတယ်။

AI နည်းပညာကိုပါ ပေါင်းစပ်အသုံးပြုထားတဲ့အပြင် လျှပ်စစ်စွမ်းအင်သုံး ဂျက်အင်ဂျင်ပါဝင်တဲ့အတွက် တစ်နာရီကိုမိုင် ၂၀၀ နှုန်းနဲ့ ရန်သူ့ဒရုန်းများကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။   

Source: Myawady Webportal