US ၏ အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ အိန္ဒိယဝန်ကြီးချုပ်က အရေးပေါ် အစည်းအဝေး ခေါ်ယူ
အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအပေါ် ချမှတ်လိုက်သည့် ကုန်သွယ်ခွန်များနှင့်စပ်လျဉ်း၍အရေးပေါ်အစည်းအဝေးတစ်ရပ်ကို သောကြာနေ့တွင် ခေါ်ယူမည် ဖြစ်ကြောင်း အိန္ဒိယရုပ်မြင်သံကြားက ကြေညာထားပါသည်။
အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး တောင်အာရှနိုင်ငံများအပေါ် အများဆုံး အခွန်နှုန်း ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ မျှတမှု မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထား ပါသည်။
မိုဒီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီက ဝါရှင်တန်သို့ သွားရောက်ခဲ့စဉ်က အမေရိကန်နှင့် အရေးကြီးကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၅၀၀ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားသည့် သဘောတူညီချက်အတွက် အိန္ဒိယ အရာရှိများသည် ဝါရှင်တန်သို့ မကြာခဏ သွားရောက်ဆွေးနွေးနေကြပါသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဩဂုတ် ၂၄ ရက်တွင် ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးပွဲအတွက် နယူးဒေလီသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃