ရေကြီး၊ မြေပြိုမှုများကြောင့် နိုင်ငံအနောက်တောင်ပိုင်းရှိ ပြည်သူသန်းပေါင်းများစွာ နေရာရွှေ့ပြောင်းရန် ဂျပန်တိုက်တွန်း
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၌ မိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခြင်းကြောင့် ပြည်သူသန်းပေါင်းများစွာကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဂျပန်အစိုးရက ဩဂုတ်လ ၁၁ ရက်တွင် တိုက်တွန်းထားသည်။
ကူမာမိုတိုစီရင်စုရှိ သဘာဝဘေးကို ဆိုးရွားစွာရင်ဆိုင်ရသော တာမာနာမြို့၌ နံနက်အစောပိုင်း ခြောက်နာရီ အတွင်းမှာပင် ရွာသွန်းသောမိုးရေချိန်သည် ၃၇ စင်တီမီတာ အထိရှိကြောင်း၊ လက်ရှိ အခြေအနေသည် အသက်ဘေးစိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းရာသို့ရွှေ့ပြောင်းရန်တိုက်တွန်းကြောင်း မိုးလေဝသဌာနကထုတ်ပြန်ထား သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူများရှိသည့်အပြင် ပျောက်ဆုံး သူအရေအတွက် မှာလည်း မြောက်မြားစွာ ရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
Ref: AGC
MWD
MM-News-Category