အစ္စရေးက ယီမင်လေဆိပ်နှင့် ဓာတ်အားပေးစက်ရုံများကို လေကြောင်းမှတိုက်ခိုက်
အစ္စရေးစစ်တပ်သည် ယီမင်ရှိ ဆိပ်ကမ်းများနှင့်စွမ်းအင် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ဟူသီစစ်သွေးကြွများနှင့် ချိတ်ဆက်ထားသောနေရာများကိုရွေးချယ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုသည် မကြာသေးမီက ဟူသီစစ်တပ်၏လုပ်ရပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ပြောကြားချက်အရ သိရှိရသည်။
ယီမင်နိုင်ငံ ဟူသီသူပုန်များက အစ္စရေးကို ဒုံးကျည်များ နှင့်တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် “အစ္စရေးလေတပ်က စစ်ဆင်ရေးဆင်နွှဲပြီး ယီမင်နိုင်ငံသားပေါင်းများစွာကို ဗုံးခိုကျင်းများဆီသို့ ရောက်အောင်တွန်းပို့နိုင် လိုက်ခဲ့သည်ဟု” အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါသည်။
ယီမင်နိုင်ငံ၏ မြို့တော် ဆန်နာရှိ ဆိပ်ကမ်းများနှင့် စွမ်းအင်အခြေခံအဆောက်အအုံများ အပါအဝင် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုနေ သည်ဟု IDF မှ အခိုင်အမာယူဆထားသည့် တည်နေရာ များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက X မီဒီယာ (ယခင်တွစ်တာ) မှာ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ပစ်မှတ်အများစုသည် အရပ်ဘက်ကို ရည်ညွှန်းနေကြောင်း၊ IDF ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆာလစ်ဖ် ဆိပ်ကမ်းတွင် ၇ ဦးနှင့် ရာအီစလာဆိပ်ကမ်းရှိ ရေနံစက်ရုံတွင် နှစ်ဦးအပါအဝင် လူကိုးဦးသေဆုံးခဲ့ကြောင်း ဟူသီ မီဒီယာရုံး၏ လက်ထောက်အကြီးအကဲက ပြောကြားခဲ့ပါသည်။ အစ္စရေးတို့သည် မြို့တော်ရှိ ဓာတ်အားပေးစက်ရုံနှစ်ရုံကို တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲရလဒ် ပြသနေသည့်ပုံများကို မျှဝေ ခဲ့ကြောင်း ၎င်းက ရေးသားဖော်ပြခဲ့ပါသည်။
ဟူသီသူပုန်များသည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး စစ်တပ်၏ စစ်ဆင်ရေးကုန်ကျစရိတ်ကို မြင့်တက်စေရန် ပင်လယ်နီအတွင်း အသွားအလာများ သည့် ပင်လယ်ကူးသင်္ဘောများကို ပစ်မှတ်ထားကာတိုက်ခိုက်နေပါသည်။ ယီမင်နိုင်ငံနှင့်ထိစပ်နေသောပင်လယ်နီအတွင်းမှ ရေပိုက်နက်ကို ပိတ်ဆို့ရန် ကြိုးပမ်းနေပြီး လပေါင်းများစွာကြာအောင် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။
အစ္စရေးအနောက် ဂျေရုစလင်အစိုးရမှ ဟူသီလက်နက်ကိုင်များသည် အကြမ်းဖက်သမားများဖြစ်ကြောင်း၊ အစ္စရေး၏ရန်သူ အီရန်ကိုကျောထောက်နောက်ခံပြုထားကြောင်း၊ ပင်လယ်နီအတွင်း ကုန်သင်္ဘောများအား တိုက်ခိုက်နေခြင်းသည် ကမ္ဘာကို ခြိမ်းခြောက်နေကြောင်း၊ ဟူသီသူပုန်များသည် ဂါဇာရှိ ဟားမတ် သူပုန်များကို ထောက်ပံ့နေကြောင်း၊ ၎င်းအရာကိုလည်း ထိရောက်စွာ ဟန့်တားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ကိုးကား-Myanmar National Post