တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကုန်တင်မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်

News Image

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကုန်တင်မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်

13 August 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်တင်မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ ဦးမင်းလွင်(၃၂)နှစ် မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ ဦးရဲထွဋ်(၃၇)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်နေ ဦးချစ်မင်းသူ (၃၆)နှစ်နှင့် ကိုကျော်ကျော်အောင်(၂၁)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်နေ ကိုကျော်စွာထွေး (၂၂)နှစ်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် 4Q-XXXX ကုန်တင်မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာစဉ် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တပိုကျေးရွာရှိ တပိုတံတားအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် မော်တော်ယာဉ်၏ဝဲဘက်ခြမ်း ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

ထိုသို့ ကုန်တင်မော်တော်ယာဉ်များအား အကြမ်းဖက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA